• Follow Us on

Home ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၅၀ ဘီလီယံနီးပါး တောင်းခံထား

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၅၀ ဘီလီယံနီးပါး တောင်းခံထား

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁ (People Media)

 

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးဘတ်ဂျက် အမေရိ ကန်ဒေါ်လာ ၅၀ ဘီလီယံနီးပါး အဆိုပြုလိုက်ပြီဖြစ်သည်။

 

အဆိုပြုလိုက်သည့် ကာကွယ်ရေးအသုံးစရိတ်က ၂၀၂၁ ခုနှစ် ကာကွယ်ရေးဘတ်ဂျက်ထက် အမေရိကန် ဒေါ်လာ ၉၁ သန်း လျှော့နည်းကြောင်း သိရသည်။

 

ကာကွယ်ရေးဘတ်ဂျက်တွင် တရုတ်နိုင်ငံ၏ ရေတပ်ဖွဲ့တပ်စွဲထားရာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဝေးလံ ခေါင်ဖျားသော ကျွန်းစုများသို့ ပစ္စည်းနှင့် တပ်ဖွဲ့များ သယ်ယူပို့ဆောင်မည့် ရေယာဉ်နှစ်စင်းဝယ်ယူရန် ဒေါ်လာ ၉၂ သန်းခန့်လည်း ပါဝင်သည်။

 

ဖျက်သင်္ဘောများ၊ ဂျက်တိုက်လေယာဉ်များမှ ပစ်ခတ်နိုင်သည့် မြေပြင်တပ်ဖွဲ့များ၏ ပဲ့ထိန်း တာဝေးပစ် ဒုံးကျည်များအတွက် ဒေါ်လာ ၃၄၅ သန်းလည်း ကာကွယ်ရေးဘတ်ဂျက်တွင် ပါဝင်သည်။

 

အခြားတိုင်းပြည်များက စစ်ဘက်တွင်အသုံးပြုမည့် ခေတ်မီနည်းပညာများ ဆန်းသစ်တီထွင်နေပြီဖြစ်ရာ သု တေသနနှင့် တီထွင်ထုတ်လုပ်ရေးအတွက် စံချိန်တင် ဒေါ်လာ ၂ ဒဿမ ၉ ဘီလီယံ သုံးစွဲမည်ဟု ဝန်ကြီး ဌာနက ဆိုသည်။

 

ထို့အပြင် ဂျက်တိုက်လေယာဉ်များ အဆင့်မြှင့်တင်ခြင်း၊ ဒုံးကျည်များကို ခြေရာခံနိုင်သည့် ဂြိုဟ်တုနည်းပ ညာအတွက် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ သုတေသနဆောင်ရွက်ခြင်းတို့အတွက် ကာကွယ်ရေးဘတ်ဂျက် သုံးစွဲမည်ဖြစ်သည်။

 

ရေကြောင်းကင်းထောက်လှမ်းမှုပြုလုပ်မည့် ရေအောက်ဒရုန်းများ ဒုံးကျည်များကို ခြေရာခံနိုင်သည့် ဒရုန်းများ ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံရန် ဝန်ကြီးဌာနက စီစဉ်ထားသည်။

 

ဂျပန်နိုင်ငံက သုတေသနနှင့် တီထွင်ဆန်းသစ်မှုတွင် ငွေကြေးပိုမိုမသုံးစွဲပါက ခေတ်မီစစ်ဘက်ဆိုင်ရာ နည်း ပညာတွင် အခြားနိုင်ငံများထက် နောက်ကျကျန်ရစ်မည်ဟု ပညာရှင်များက သတိပေးခဲ့သည်။

 

Ref; Defense Ministry seeks nearly $50 bil. budget

 

#PeopleMedia #EPN #international #ဂျပန်

 

(unicode)


……………………………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref; Defense Ministry seeks nearly $50 bil. budget

 



Share this post