• Follow Us on

Home ဂျပန်တွင် ဓားဖြင့်လိုက်ထိုးမူကြောင့် ၁၂နှစ်အရွယ် ကလေးတစ်ဦးအပါအ၀င် နှစ်ဦးသေဆုံးပြီး ကလေး ၁၅ ဦး ဒဏ်ရာရ

ဂျပန်တွင် ဓားဖြင့်လိုက်ထိုးမူကြောင့် ၁၂နှစ်အရွယ် ကလေးတစ်ဦးအပါအ၀င် နှစ်ဦးသေဆုံးပြီး ကလေး ၁၅ ဦး ဒဏ်ရာရ

Share this post

မေ ၂၈ ရက်က ဂျပန်နိုင်ငံ၊ ကာဝါဆာကီမြို့မှာ ဓားဖြင့်လိုက်လံတိုက်ခိုက်သည့် ဖြစ် စဉ်ကြောင့် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအ၀င် နှစ်ဦးသေဆုံးခဲ့ပြီး ကလေး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း CNN သတင်းမှာဖော်ပြထားပါတယ်။

ကမ္ဘာ့လုံခြုံမူအရှိဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ ဂျပန်မှာ လူအများသွားလာ တဲ့နေရာမှာ ဓားဖြင့် လိုက်လံတိုက်ခိုက်သည့်ဖြစ်စဉ်ကြောင့် မေးခွန်းထုတ်စရာဖြစ်လာ ပါတယ်။

ကာဝါဆာဂီမြို့ပာာ တိုကျိုမြို့ရဲ့ ၁၃ မိုင်အကွာမှာတည်ရှိပြီး ကလေးများပာာ ကျောင်း ကားစောင့်ဆိုင်းစဉ် အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဓားဖြင့် တိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။ တရားခံဖြစ်သူပာာ တိုက်ခိုက်မူပြုလုပ်ပြီးနောက် သူ့လည်းပင်းကို ဓားဖြင့် ပြန်ထိုးခဲ့ပါတယ်။

ယင်းနောက် ဖမ်းဆီးခံခဲ့ရပြီး ရရှိထားတဲ့ဒဏ်ရာများနဲ့ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ယခုဖြစ်စဉ်မှာ ၃၉နှစ်အရွယ် အမျိုးသားတစ်ဦး၊ ၁၂ နှစ် အရွယ် မိန်းကလေးတစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူက အနည်းဆုံး ၁၈ ဦးအထိ
ရှိနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး မည်သည့်အတွက်ကြောင့် တိုက်ခိုက်ခဲ့သည်ကို မသိရှိရသေးကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယခုဖြစ်ရပ်ကြောင့် လွန်စွာ စိတ်မကောင်းဖြစ် မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။


Share this post
https://www.facebook.com/303185163868226/videos/2169735266477341/