• Follow Us on

Home ဂ်ပန္နိုင္ငံက ဗီယက္နမ္နိုင္ငံသို႔ ကင္းလွည့္ေလယာဥ္မ်ား၊ ေရဒါမ်ား တင္ပို႔မည္

ဂ်ပန္နိုင္ငံက ဗီယက္နမ္နိုင္ငံသို႔ ကင္းလွည့္ေလယာဥ္မ်ား၊ ေရဒါမ်ား တင္ပို႔မည္

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၂၀ (PeopleMedia)
 
ဂ်ပန္ႏွင့္ ဗီယက္နမ္နိုင္ငံတို႔က လုံၿခဳံေရးႏွင့္ ကာကြယ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈတိုးျမႇင့္ရန္ သေဘာ တူခဲ့ၿပီး ဂ်ပန္နိုင္ငံက ဗီယက္နမ္နိုင္ငံသို႔ ကာကြယ္ေရးဆိုင္ရာပစၥည္းႏွင့္ နည္းပညာတင္ပို႔ရန္ မူအားျဖင့္ သ ေဘာတူညီခ်က္တစ္ရပ္ရရွိခဲ့သည္။
 
သေဘာတူညီခ်က္အရ ဂ်ပန္နိုင္ငံက ဗီယက္နမ္နိုင္ငံသို႔ ကင္းလွည့္ေလယာဥ္မ်ားႏွင့္ ေရဒါမ်ားအပါအဝင္ ကာကြယ္ေရးဆိုင္ရာပစၥည္းမ်ား တင္ပို႔ခြင့္ျပဳမည္ဟု က်ိဳဒိုသတင္းဌာန၏ ေဖာ္ျပခ်က္အရ သိရသည္။
“ကာကြယ္ေရးဆိုင္ရာပစၥည္းနဲ႔ နည္းပညာေတြ လႊဲေျပာင္းေပးအပ္ဖို႔ မူအားျဖင့္ သေဘာတူညီခ်က္တစ္ရပ္ ရရွိခဲ့တဲ့ ႏွစ္နိုင္ငံၾကား လုံၿခဳံေရးနဲ႔ ကာကြယ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈနယ္ပယ္မွာ ႀကီးမားတဲ့ေၿခ လွမ္းတစ္ရပ္ျဖစ္ပါတယ္” ဟု ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဆူဂါက ဟႏြိဳင္းၿမိဳ႕ေတာ္၌ ေျပာၾကားခဲ့သည္။
 
ေျမာက္ကိုရီးယားနိုင္ငံ၏ ျပန္ေပးဆြဲခံထားရေသာ ဂ်ပန္နိုင္ငံသားမ်ားကိစၥႏွင့္ပတ္သက္၍ လက္တြဲ ေဆာင္ရြက္မည္ဟု ဆူဂါက ေျပာသည္။
 
ဂ်ပန္ႏွင့္ ဗီယက္နမ္နိုင္ငံတို႔က မတ္လအတြင္း ႏွစ္နိုင္ငံၾကား ခရီးသြားလာမႈ ဆိုင္းငံ့ခဲ့သည့္ စီးပြားေရး ေလေၾကာင္းခရီးစဥ္မ်ား ေျပးဆြဲမႈစတင္မည့္ သေဘာတူညီခ်က္တစ္ရပ္လည္း ရရွိခဲ့သည္။
 
အဆိုပါသေဘာတူညီခ်က္အရ အမႈေဆာင္မ်ား၊ ကၽြမ္းက်င္လုပ္သားမ်ားကို ကိုဗစ္-၁၉ ေရာဂါ ႀကိဳတင္ ကာကြယ္မႈမ်ား လိုက္နာပါက ႏွစ္ပတ္ၾကာ သီးျခားခြဲေနစရာမလိုဘဲ ခရီးသြားလာခြင့္ျပဳမည္ဟု သိရသည္။
 
ကိုးကား – အာရွတိုင္းမ္
 
Ref; Japan to export defense equipment, tech to Vietnam
 
#PeopleMedia #International
 
(unicode)
ဂျပန်နိုင်ငံက ဗီယက်နမ်နိုင်ငံသို့ ကင်းလှည့်လေယာဉ်များ၊ ရေဒါများ တင်ပို့မည်
…………………………………………
 
နိုင်ငံတကာ၊ အောက်တိုဘာ ၂၀ (PeopleMedia)
 
ဂျပန်နှင့် ဗီယက်နမ်နိုင်ငံတို့က လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် သဘော တူခဲ့ပြီး ဂျပန်နိုင်ငံက ဗီယက်နမ်နိုင်ငံသို့ ကာကွယ်ရေးဆိုင်ရာပစ္စည်းနှင့် နည်းပညာတင်ပို့ရန် မူအားဖြင့် သ ဘောတူညီချက်တစ်ရပ်ရရှိခဲ့သည်။
 
သဘောတူညီချက်အရ ဂျပန်နိုင်ငံက ဗီယက်နမ်နိုင်ငံသို့ ကင်းလှည့်လေယာဉ်များနှင့် ရေဒါများအပါအဝင် ကာကွယ်ရေးဆိုင်ရာပစ္စည်းများ တင်ပို့ခွင့်ပြုမည်ဟု ကျိုဒိုသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
“ကာကွယ်ရေးဆိုင်ရာပစ္စည်းနဲ့ နည်းပညာတွေ လွှဲပြောင်းပေးအပ်ဖို့ မူအားဖြင့် သဘောတူညီချက်တစ်ရပ် ရရှိခဲ့တဲ့ နှစ်နိုင်ငံကြား လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်မှာ ကြီးမားတဲ့ခြေ လှမ်းတစ်ရပ်ဖြစ်ပါတယ်” ဟု ဂျပန်ဝန်ကြီးချုပ် ဆူဂါက ဟနွိုင်းမြို့တော်၌ ပြောကြားခဲ့သည်။
 
မြောက်ကိုရီးယားနိုင်ငံ၏ ပြန်ပေးဆွဲခံထားရသော ဂျပန်နိုင်ငံသားများကိစ္စနှင့်ပတ်သက်၍ လက်တွဲ ဆောင်ရွက်မည်ဟု ဆူဂါက ပြောသည်။
 
ဂျပန်နှင့် ဗီယက်နမ်နိုင်ငံတို့က မတ်လအတွင်း နှစ်နိုင်ငံကြား ခရီးသွားလာမှု ဆိုင်းငံ့ခဲ့သည့် စီးပွားရေး လေကြောင်းခရီးစဉ်များ ပြေးဆွဲမှုစတင်မည့် သဘောတူညီချက်တစ်ရပ်လည်း ရရှိခဲ့သည်။
 
အဆိုပါသဘောတူညီချက်အရ အမှုဆောင်များ၊ ကျွမ်းကျင်လုပ်သားများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်မှုများ လိုက်နာပါက နှစ်ပတ်ကြာ သီးခြားခွဲနေစရာမလိုဘဲ ခရီးသွားလာခွင့်ပြုမည်ဟု သိရသည်။
 
ကိုးကား – အာရှတိုင်းမ်
 
Ref; Japan to export defense equipment, tech to Vietnam
 
#PeopleMedia #International

Share this post