• Follow Us on

Home ဂ်ပန္နိုင္ငံအစိုးရက ျမန္မာနိုင္ငံအစိုးရထံသို႕အေမရိကန္ေဒၚလာ ၁၈.၁ သန္းခန္႔ တန္ဖုိးရွိ ေဆးဘက္ဆိုင္ရာပစၥည္းကိရိယာမ်ား ေထာက္ပံ့

ဂ်ပန္နိုင္ငံအစိုးရက ျမန္မာနိုင္ငံအစိုးရထံသို႕အေမရိကန္ေဒၚလာ ၁၈.၁ သန္းခန္႔ တန္ဖုိးရွိ ေဆးဘက္ဆိုင္ရာပစၥည္းကိရိယာမ်ား ေထာက္ပံ့

Share this post

ရန္ကုန္၊ ၾသဂုတ္-၁၅

ဂ်ပန္နိုင္ငံအစိုးရက ျမန္မာနိုင္ငံအစိုးရထံသို႕အေမရိကန္ေဒၚလာ ၁၈.၁ သန္းခန့္ တန္ဖုိးရွိ ေဆးဘက္ဆိုင္ရာပစၥည္းကိရိယာမ်ား ေထာက္ပံ့ ခဲ့ေၾကာင္း ျမန္မာႏုိင္ငံဆုိင္ရာ ဂ်ပန္သံရုံးက သတင္းထုတ္ျပန္ထားပါတယ္။

ဂ်ပန္ယန္း ၂ ဘီလီယံ (အေမရိကန္ ေဒၚလာ ၁၈.၁ သန္းခန့္) တန္ဖိုးရွိေသာ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ အေထာက္အပံ့စီမံကိန္းအတြက္ ဝယ္ယူထားသည့္ ေဆးဘက္ဆိုင္ရာပစၥည္းကိရိယာမ်ားကို သယ္ေဆာင္လာသည့္ ေလယာဥ္သည့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ၾသဂုတ္လ ၁၅ ရက္ေန႕တြင္ ပထမအႀကိမ္ ေရာက္ရွိခဲ့ပါတယ္။

ယခုတစ္ေခါက္ လႊဲေျပာင္းေပးအပ္သည့္ ေဆးဘက္ဆိုင္ရာပစၥည္းကိရိယာမ်ားသည္ ICU Beds၊ Syringe pump ႏွင့္ Suction pump ၁၀စုံစီျဖစ္ၿပီး လႊဲေျပာင္းေပးအပ္ပြဲ အခမ္းအနားကို ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ Mr. MARUYAMA Ichiro ႏွင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ေဆးသုေတသနဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ပါေမာကၡ ေဒါက္တာေဇာ္သန္းထြန္းတို႔ တက္ေရာက္ခဲ့ၾကပါတယ္။

ဂ်ပန္နိုင္ငံအစိုးရအေနျဖင့္ ျမန္မာနိုင္ငံအစိုးရႏွင့္ နိုင္ငံသားမ်ားသည္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးစီမံခ်က္ကို ႀကိဳးစား၍ ပုံမွန္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ လ်က္ရွိသည္ကို ေတြ႕ျမင္ရသည့္အတြက္ အလြန္ ႏွစ္သက္အားရလ်က္ရွိၿပီး ယခုကဲ့သို႔ေသာ ျမန္မာနိုင္ငံအစိုးရ၏ ႀကိဳးပမ္းအားထုတ္မႈမ်ားကို ပံ့ပိုးကူညီရန္အတြက္ Radiography systems၊ ICU beds၊ Bedside/Central monitors စသည့္ ေဆးဘက္ဆိုင္ရာပစၥည္းကိရိယာ မ်ားကို ျမန္မာနိုင္ငံတြင္းရွိ ေဆး႐ုံမ်ားႏွင့္ ဓာတ္ခြဲခန္း မ်ားသို႔ ေပးအပ္သြားမည္ ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံဆုိင္ရာ ဂ်ပန္သံရုံး၏ ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားပါတယ္။

ဂ်ပန္နိုင္ငံအစိုးရအေနျဖင့္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ သာမက ျမန္မာနိုင္ငံ၏ နိုင္ငံတည္ေဆာက္ေရးႏွင့္ ျမန္မာနိုင္ငံသူနိုင္ငံသားမ်ားအတြက္ က႑ အသီးသီးတြင္ ပံ့ပိုးကူညီမႈမ်ားကိုပါ ဆက္လက္၍ အစြမ္းကုန္ ေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း ရုံး၏ ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားပါတယ္။

#PeopleMedia #COVID #EmbassyofJapan

(unicode)
ဂျပန်နိုင်ငံအစိုးရက မြန်မာနိုင်ငံအစိုးရထံသို့အမေရိကန်ဒေါ်လာ ၁၈.၁ သန်းခန့် တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများ ထောက်ပံ့
………………………………………………………

ရန်ကုန်၊ ဩဂုတ်-၁၅

ဂျပန်နိုင်ငံအစိုးရက မြန်မာနိုင်ငံအစိုးရထံသို့အမေရိကန်ဒေါ်လာ ၁၈.၁ သန်းခန့် တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများ ထောက်ပံ့ ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဂျပန်ယန်း ၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၈.၁ သန်းခန့်) တန်ဖိုးရှိသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အပံ့စီမံကိန်းအတွက် ဝယ်ယူထားသည့် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများကို သယ်ဆောင်လာသည့် လေယာဉ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ပထမအကြိမ် ရောက်ရှိခဲ့ပါတယ်။

ယခုတစ်ခေါက် လွှဲပြောင်းပေးအပ်သည့် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများသည် ICU Beds၊ Syringe pump နှင့် Suction pump ၁၀စုံစီဖြစ်ပြီး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. MARUYAMA Ichiro နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းတို့ တက်ရောက်ခဲ့ကြပါတယ်။

ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံသားများသည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးစီမံချက်ကို ကြိုးစား၍ ပုံမှန် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်ကို တွေ့မြင်ရသည့်အတွက် အလွန် နှစ်သက်အားရလျက်ရှိပြီး ယခုကဲ့သို့သော မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီရန်အတွက် Radiography systems၊ ICU beds၊ Bedside/Central monitors စသည့် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာ များကို မြန်မာနိုင်ငံတွင်းရှိ ဆေးရုံများနှင့် ဓာတ်ခွဲခန်း များသို့ ပေးအပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံအစိုးရအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် သာမက မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးနှင့် မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် ကဏ္ဍ အသီးသီးတွင် ပံ့ပိုးကူညီမှုများကိုပါ ဆက်လက်၍ အစွမ်းကုန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။

#PeopleMedia #COVID #EmbassyofJapan


Share this post