• Follow Us on

Home ဂ်ပန္နိုင္ငံျခားသားထံမွ ပိုက္ဆံအိတ္လုယူထြက္ေျပးခဲ့သည့္ လူငယ္(၃)ဦး ဖမ္းဆီးရမိ

ဂ်ပန္နိုင္ငံျခားသားထံမွ ပိုက္ဆံအိတ္လုယူထြက္ေျပးခဲ့သည့္ လူငယ္(၃)ဦး ဖမ္းဆီးရမိ

Share this post

မႏၲေလး၊ ဒီဇင္ဘာ ၁၇

ဂ်ပန္နိုင္ငံသားထံမွ ပိုက္ဆံအိတ္လုယူထြက္ေျပးခဲ့သည့္ လူငယ္(၃)ဦးကို ဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း မႏၲေလး တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ ယေန႔ ထုတ္ျပန္လိုက္သည္။

ေအာက္တိုဘာ ၂၈ ရက္ေန႔ ညေန ၃ နာရီ ၄၅ မိနစ္ အခ်ိန္ မႏၲေလးတိုင္းေဒသႀကီး ခ်မ္းေအးသာစံၿမိဳ႕နယ္၊ သီရိေဟမာ အေရွ႕ရပ္ကြက္ရွိ ××× Hotel ၌ တည္းခိုေနသည့္ ဂ်ပန္နိုင္ငံသား Mr.Yui To Ko ၃၈ ႏွစ္သည္ ၎တည္းခိုသည့္ ဟိုတယ္မွ တစ္ဦးတည္း စက္ဘီးစီး၍ ထြက္လာစဥ္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ျပည္ႀကီး မ်က္မွန္ရပ္ကြက္၊ ၃၀ လမ္း၊ ၆၈x၇၀ လမ္းၾကားအေရာက္ လူငယ္ ၃ ဦး(စိစစ္ဆဲ)စီးလာေသာ ဆိုင္ကယ္ ၁ စီးမွ ေနာက္မွေက်ာက္တက္ကာ စက္ဘီး၏ ဝဲဘက္ လက္ကိုင္တြင္ ခ်ိတ္ထားေသာ ႂကြပ္ႂကြပ္အိတ္အား ဆြဲယူ ထြက္ေျပးသြားခဲ့သည္။

ဆြဲယူထြက္ေျပးသြားျခင္းေၾကာင့္ ပိုက္ဆံအိတ္အတြင္း ဂ်ပန္ယန္း ၁၀၀၀၀ တန္ ၄၉ ရြက္၊ အေမရိကန္ေဒၚလာ ၁၀၀ တန္ ၁ ရြက္၊ ၂၀ တန္ ၂ ရြက္၊ ၁၀ တန္ ၁ ရြက္၊ စုစုေပါင္း ၁၅၀ ေဒၚလာ၊ ျမန္မာေငြစကၠဴေရာရာ ၂ သိန္း က်ပ္ခန႔္၊ အျခားဘဏ္ေငြထုတ္ကတ္မ်ား ပါဆုံးသြားခဲ့သျဖင့္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ အမွတ္(၃)နယ္ေျမ ရဲစခန္း (ပ)၃၄၈/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၂/၁၁၄ ျဖင့္ အမႈဖြင့္ကာ တရားခံဖမ္းဆီးရမိေရး ေဆာင္ရြက္ခဲ့ေၾကာင္း ထုတ္ျပန္သည္။

ျဖစ္စဥ္ႏွင့္ ပက္သက္ၿပီး ျပစ္မႈက်ဴးလြန္သူမ်ားအား မႏၲေလးခရိုင္မႈခင္းႏွိမ္နင္းေရးဌာနစိတ္ႏွင့္ အမွတ္(၃) နယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ စဥ္ဆက္မျပတ္ သတင္းစုံးစမ္းခဲ့ေၾကာင္းသိရသည္။

ထိုသို႔ သတင္းစုံစမ္းစဥ္ ဒီဇင္ဘာလ ၁၆ ရက္ေန႔ ေန႔လည္ ၂ နာရီခြဲအခ်ိန္ခန႔္တြင္ မဟာေအာင္ေျမၿမိဳ႕နယ္၊ ေရႊဘုန္းရွိန္ ရပ္ကြက္အတြင္း လူငယ္ (၃)ဦးမွာ နိုင္ငံျခားေငြမ်ား ကိုင္ေဆာင္ လိုက္လံေရာင္းခ်ေနေၾကာင္း သတင္းအရ သြားေရာက္စုံစမ္းခဲ့သည္။

ထိုသို႔ စုံစမ္းခဲ့ရာ ၈၂×၄၄ လမ္းေပၚတြင္ ေအာင္ျမင့္သူ(ခ)အာေပါက္ႏွင့္ ေဇာ္ျမင့္ျမတ္(ခ)ဝက္ႀကီးတို႔အား လည္းေကာင္း၊ ေရႊဘုန္းရွိန္ ရပ္ကြက္ ၈၅ လမ္းၾကားလမ္းေပၚတြင္ ေနမ်ိဳးေက်ာ္(ခ)ခ်စ္ေမႊးအား နိုင္ငံျခား ေငြမ်ားႏွင့္အတူ ေတြ႕ရွိရ၍ စစ္ေဆးခဲ့ရာ ၎တို႔ (၃)ဦးသည္ ျပည္ႀကီးမ်က္မွန္ရပ္ကြက္၊ ၃၀ လမ္း၊ ၆၈x၇၀ လမ္းၾကားတြင္ စက္ဘီးစီးနင္းလာသူ တစ္ဦးထံမွ လုယက္ယူေဆာင္ခဲ့ေသာ နိုင္ငံျခားေငြမ်ားျဖစ္ေၾကာင္း ဝန္ခံထြက္ဆိုသျဖင့္ သက္ေသခံပစၥည္းမ်ားအား စနစ္တက် သိမ္းဆည္းကာ အမႈျဖင့္ ဖမ္းဆီးစစ္ေဆး ေဆာင္ရြက္လ်က္ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ခဲ့သည္။

Photo – Credit

#PeopleMedia

(unicode)
ဂျပန်နိုင်ငံခြားသားထံမှ ပိုက်ဆံအိတ်လုယူထွက်ပြေးခဲ့သည့် လူငယ်(၃)ဦး ဖမ်းဆီးရမိ
…………………………………………

မန္တလေး၊ ဒီဇင်ဘာ ၁၇

ဂျပန်နိုင်ငံသားထံမှ ပိုက်ဆံအိတ်လုယူထွက်ပြေးခဲ့သည့် လူငယ်(၃)ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယနေ့ ထုတ်ပြန်လိုက်သည်။

အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ် အချိန် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာ အရှေ့ရပ်ကွက်ရှိ ××× Hotel ၌ တည်းခိုနေသည့် ဂျပန်နိုင်ငံသား Mr.Yui To Ko ၃၈ နှစ်သည် ၎င်းတည်းခိုသည့် ဟိုတယ်မှ တစ်ဦးတည်း စက်ဘီးစီး၍ ထွက်လာစဉ် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီး မျက်မှန်ရပ်ကွက်၊ ၃၀ လမ်း၊ ၆၈x၇၀ လမ်းကြားအရောက် လူငယ် ၃ ဦး(စိစစ်ဆဲ)စီးလာသော ဆိုင်ကယ် ၁ စီးမှ နောက်မှကျောက်တက်ကာ စက်ဘီး၏ ဝဲဘက် လက်ကိုင်တွင် ချိတ်ထားသော ကြွပ်ကြွပ်အိတ်အား ဆွဲယူ ထွက်ပြေးသွားခဲ့သည်။

ဆွဲယူထွက်ပြေးသွားခြင်းကြောင့် ပိုက်ဆံအိတ်အတွင်း ဂျပန်ယန်း ၁၀၀၀၀ တန် ၄၉ ရွက်၊ အမေရိကန်ဒေါ်လာ ၁၀၀ တန် ၁ ရွက်၊ ၂၀ တန် ၂ ရွက်၊ ၁၀ တန် ၁ ရွက်၊ စုစုပေါင်း ၁၅၀ ဒေါ်လာ၊ မြန်မာငွေစက္ကူရောရာ ၂ သိန်း ကျပ်ခန့်၊ အခြားဘဏ်ငွေထုတ်ကတ်များ ပါဆုံးသွားခဲ့သဖြင့် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေ ရဲစခန်း (ပ)၃၄၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဖြစ်စဉ်နှင့် ပက်သက်ပြီး ပြစ်မှုကျူးလွန်သူများအား မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်နှင့် အမှတ်(၃) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စဉ်ဆက်မပြတ် သတင်းစုံးစမ်းခဲ့ကြောင်းသိရသည်။

ထိုသို့ သတင်းစုံစမ်းစဉ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန် ရပ်ကွက်အတွင်း လူငယ် (၃)ဦးမှာ နိုင်ငံခြားငွေများ ကိုင်ဆောင် လိုက်လံရောင်းချနေကြောင်း သတင်းအရ သွားရောက်စုံစမ်းခဲ့သည်။

ထိုသို့ စုံစမ်းခဲ့ရာ ၈၂×၄၄ လမ်းပေါ်တွင် အောင်မြင့်သူ(ခ)အာပေါက်နှင့် ဇော်မြင့်မြတ်(ခ)ဝက်ကြီးတို့အား လည်းကောင်း၊ ရွှေဘုန်းရှိန် ရပ်ကွက် ၈၅ လမ်းကြားလမ်းပေါ်တွင် နေမျိုးကျော်(ခ)ချစ်မွှေးအား နိုင်ငံခြား ငွေများနှင့်အတူ တွေ့ရှိရ၍ စစ်ဆေးခဲ့ရာ ၎င်းတို့ (၃)ဦးသည် ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၃၀ လမ်း၊ ၆၈x၇၀ လမ်းကြားတွင် စက်ဘီးစီးနင်းလာသူ တစ်ဦးထံမှ လုယက်ယူဆောင်ခဲ့သော နိုင်ငံခြားငွေများဖြစ်ကြောင်း ဝန်ခံထွက်ဆိုသဖြင့် သက်သေခံပစ္စည်းများအား စနစ်တကျ သိမ်းဆည်းကာ အမှုဖြင့် ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

Photo – Credit

#PeopleMedia


Share this post