• Follow Us on

Home ဂျပန်နိုင်ငံ၌ ဆီးနှင်းများ စံချိန်တင် ကျဆင်းမှုကြောင့် ဆယ်ဦးထက်မနည်း သေဆုံး

ဂျပန်နိုင်ငံ၌ ဆီးနှင်းများ စံချိန်တင် ကျဆင်းမှုကြောင့် ဆယ်ဦးထက်မနည်း သေဆုံး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ဂျပန်နိုင်ငံ၌ ဆီးနှင်းထူထပ်စွာ ကျဆင်းမှုကြောင့် သေဆုံးသူဦးရေ ၁၀ ဦးအထိ ရှိလာခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နီဂါတာစီရင်စုတွင် လူလေးဦး သေဆုံးခဲ့ပြီး ၁၄၈ ဦး ဒဏ်ရာရရှိကာ ဖူကူအီစီရင်စုတွင် ၆၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အင်န်အိတ်ချ်ကေသတင်းဌာနက ဖော်ပြခဲ့သည်။
၃၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆီးနှင်း ၁၀၀ စင်တီမီတာကျော် စံချိန်တင် ကျရောက်ခဲ့ရာ တို ယာမာစီရင်စုတွင် လုနှစ်ဦး သေဆုံးခဲ့ပြီး ၉၁ ဦး ဒဏ်ရာရရှိခဲ့သည်။
အိုင်ရှီကာဝါစီရင်စုတွင် ဆီးနှင်းထူထပ်စွာ ကျဆင်းမှုကြောင့် တစ်ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရရှိကာ ဂီ ဖုစီရင်စုတွင် လူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သောအပတ်အတွင်း ဂျပန်နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသများတွင် ဆီးနှင်း ထူထပ်စွာ ကျရောက်ခဲ့သည်။
ဒေသအသီးသီးတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ပြီး လေကြောင်းခရီးစဉ်များ ဖျက်သိမ်း ခဲ့ရသည်။ ပို့ဆောင်ရေးလမ်းကြောင်းများနှင့် ရထားပြေးဆွဲများလည်း ထိခိုက်ခဲ့ရသည်။
ဒဏ်ရာရရှိသူအများစုက စံချိန်တင် ဆီးနှင်းကျဆင်းမှုကြောင့်ဖြစ်ပြီး သေဆုံးသူများက အိမ်ခေါင်မိုးများ ပေါ်ရှိ ဆီးနှင်းများရှင်းလင်းရန် ကြိုးပမ်းမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ကိုးကား – စပွတ်ညစ်
Ref; At least 10 dead in Japan amid record snowfall – Reports
#PeopleMedia
(unicode)
……………………………………………….
Ref; At least 10 dead in Japan amid record snowfall – Reports
#PeopleMedia


Share this post