• Follow Us on

Home ဂျပန်နိုင်ငံ၏ ထိပ်တန်း ဆူမိုနပန်းသမား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ဂျပန်နိုင်ငံ၏ ထိပ်တန်း ဆူမိုနပန်းသမား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဂျပန်နိုင်ငံ၏ ထိပ်တန်းအဆင့် ပရော်ဖက်ရှင်နယ် ဆူမိုနပန်းသမား ဟာကူဟိုတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ် တွေ့ရှိခဲ့ကြောင်း သိရသည်။

မွန်ဂိုလီးယားနိုင်ငံဖွား ဂရင်းချန်ပီယံ ဆူမိုနပန်းသမား ယာကူဟိုက အနံ့ပျောက်ဆုံးမှုကြောင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုပြုလုပ်ရာတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ဆူမိုအသင်းက ပြောသည်။

ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် တိုကျိုမြို့တော်နှင့် ပတ်ဝန်းကျင်ဒေသ၌ အရေးပေါ်အခြေ အနေ ကြေညာရန် ဂျပန်နိုင်ငံက စဉ်းစားနေချိန်တွင် အဆိုပါသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ကပ်ဘေးကာလအတွင်း ဆူမိုနပန်းပြိုင်ပွဲကဲ့သို့သော အားကစားလှုပ်ရှားမှုများ ဆက်လက်ခွင့်ပြုခဲ့သော်လည်း အားကစားသမားအချို့ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည်။

မေလအတွင်း အသက် ၂၈ နှစ်အရွယ် ဂျပန်ဆူမိုနပန်းသမားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် ကွယ်လွန်ခဲ့ သေးသည်။

ဂျပန်နိုင်ငံ၌ ထိပ်တန်းအဆင့် ဆူမိုနပန်းသမားအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့သူ ဟာကူဟိုက တိုကျို မြို့တော်၌ ကျင်းပမည့် နှစ်သစ်ကူး ဂရင်းဆူမိုပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

ဧပြီလအတွင်းကလည်း ရှိုဘူရှီဆိုသူ ဆူမိုနပန်းသမားတစ်ဦးက ဗိုင်းရပ်စ်ကူးစက်ခံရသော ပထမဆုံး ဆူမို နပန်းသမား ဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် ဆုံးပါးသွားခဲ့သည်။

ကိုးကား – ဘီဘီစီ

Ref; Japan’s top sumo wrestler infected with coronavirus

#PeopleMedia

(unicode)
………………………………..










Ref; Japan’s top sumo wrestler infected with coronavirus

#PeopleMedia


Share this post