• Follow Us on

Home ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covaxin) တစ်သန်းလှူဒါန်း

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covaxin) တစ်သန်းလှူဒါန်း

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၀ (People Media)

 

ဂျပန်နိုင်ငံ၊ နီပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covaxin) တစ်သန်း လွှဲ ပြောင်း လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပခဲ့ပြီး၊ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr.MARUYAMA Ichiro နှင့် ရန်ကုန်တိုင်းဒေသ ကြီး ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်း မင်းတို့ ရှေ့မှောက်တွင် နီပွန်ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင်ဒါရိုက်တာ Mr.MORI Yuji က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်ထံ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin တစ်သန်း ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ အမေရိကန်ဒေါ်လာ ၁၇ သန်း တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin Dose နှစ်သန်းကို ပေးအပ်လှူဒါန်းမည်ဖြစ်ရာ ယခုပထမအသုတ်အနေဖြင့် Doses တစ်သန်းမှာ ယမန်နေ့နံနက်ပိုင်းတွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး၊ ဒုတိယသုတ် Doses တစ်သန်းမှာ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #ဂျပန်-မြန်မာ #COVID19

 

(unicode)


………………………………………………………………

 


 


 


 


 



Share this post