• Follow Us on

Home ဂျပန်သို့ ရောက်ရှိနေသော ကာချုပ် ဂျပန်ထုတ်ရဟတ်များကို စိတ်ဝင်တ စားလေ့လာခဲ့

ဂျပန်သို့ ရောက်ရှိနေသော ကာချုပ် ဂျပန်ထုတ်ရဟတ်များကို စိတ်ဝင်တ စားလေ့လာခဲ့

Share this post

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ဟာ အောက်တိုဘာ ၉ ရက်နေ့က တိုကျိုမှာ တွေ့ဆုံခဲ့ကြပါတယ်။ ၀န်ကြီးချုပ် အာဘေးက မြန်မာ့တပ်မ တော်ရဲ့ကြိုးပမ်းအားထုတ်မှုကြောင့် ဘင်္ဂါလီဒုက္ခသည် များအခြေအနေတိုးတက်လာဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုတွေနဲ့ အပစ်အခတ်ရပ်ဆိုင်းတဲ့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အသိအမှတ်ပြုပါတယ်လို့ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးတို့အ တွက် ဆောင်ရွက်လျက်ရှိနေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာအစိုးရနဲ့ တပ်မတော်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲ ချက်တွေကို အလျှင်အမြန်ဖြေရှင်းသင့် ကြောင်းနှင့် ကာကွယ်ရေးဦးစီး ချုပ် မင်းအောင်လှိုင်ကို အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း အာဘေးက တိုက်တွန်းပြောကြားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သင့်လျော်သော ဆောင်ရွက်မှုများ ပြုလုပ်သွားဖို့ သဘောတူညီခဲ့ပါ တယ်။

ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ မြန်မာ့တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံခဲ့ပြီးနောက် အောက်တိုဘာ ၁၀ ရက်နေ့မှာ တိုကျိုမြို့အနောက်ပိုင်းရှိ Tachikawa တပ်စခန်းကို သွားရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးနဲ့ တပ်စခန်းလုံခြုံရေးအတွက် အသင့်ပြင်ထားတဲ့ ဂျပန်နိုင်ငံထုတ် ရဟတ်ယာဉ်တွေကို စိတ်ဝင်တစားေ လ့လာခဲ့ပါတယ်။

Ref; NHK


Share this post