• Follow Us on

Home ဂ်ပန္ျပည္သူမ်ားကို ဗိုင္းရပ္စ္ကာကြယ္ေဆး အခမဲ့ ထိုးေပးမည္

ဂ်ပန္ျပည္သူမ်ားကို ဗိုင္းရပ္စ္ကာကြယ္ေဆး အခမဲ့ ထိုးေပးမည္

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၂
ျပင္းထန္ေသာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈႏွင့္ ေသဆုံးမႈမ်ားထိန္းခ်ဳပ္ရန္ ဂ်ပန္ျပည္သူမ်ားကို ကိုရိုနာ ဗိုင္းရပ္စ္ကာကြယ္ေဆး အခမဲ့ ထိုးေပးမည္ျဖစ္ေၾကာင္း အႀကံေပးအဖြဲ႕က ယေန႔အတည္ျပဳလိုက္သည့္ က်န္းမာ ေရးဝန္ႀကီးဌာန၏ မူဝါဒတစ္ရပ္အရ သိရသည္။
ဂ်ပန္အစိုးရက ၂၀၂၁ ခုႏွစ္ ပထမႏွစ္ဝက္မတိုင္မီ ျပည္သူအားလုံးအတြက္ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံအေလာက္ရရွိရန္ ႀကိဳပမ္းေနၿပီး ဗိုင္းရပ္စ္ကာကြယ္ေဆး ဝယ္ယူေရးဘတ္ဂ်က္ ယန္း ၆၇၁ ဒသမ ၄ ဘီလီ ယံ ႀကိဳတင္လ်ာထားခဲ့သည္။
ဂ်ပန္အစိုးရက ဗိုင္းရပ္စ္ကာကြယ္ေဆးဝယ္ယူရန္ ၿဗိတိန္ေဆးကုမၸဏီ AstraZeneca Plc ၊ အေမရိကန္ ေဆးဝါးထုတ္လုပ္ေရးလုပ္ငန္းႀကီး Pfizer တို႔ႏွင့္ သေဘာတူခဲ့ၿပီး အေမရိကန္ေဆးဝါးကုမၸကီ Moderna Inc ႏွင့္ လည္း ဗိုင္းရပ္စ္ကာကြယ္ေဆး ေထာက္ပံ့ေရးအတြက္ ေစ့စပ္ညႇိႏွိုင္းလ်က္ရွိသည္။
က်န္းမာေရး၊ အလုပ္သမားႏွင့္ သက္သာေခ်ာင္ခ်ိေရးဝန္ႀကီးဌာနက ယခုလေႏွာင္းပိုင္းတြင္ စတင္မည္ဟု ေမၽွာ္မွန္းရေသာ ဒိုင္းယက္ (လႊတ္ေတာ္) အစည္းအေဝးသို႔ ကာကြယ္ေဆးထိုးေရးဥပေဒ ျပင္ဆင္ရန္ ဥပေဒၾကမ္း တစ္ခု တင္သြင္းသြားမည္ျဖစ္သည္။
ကာကြယ္ေဆးထိုးေရး ဥပေဒကိုျပင္ဆင္မွသာ အစိုးရက ကာကြယ္ေဆးထိုးရာတြင္ ျပင္းထန္ေသာ ေဘး ထြက္ဆိုးက်ိဳးမ်ားရွိလာလ်င္ ကုမၸဏီမ်ားအစား လူနာမ်ားသို႔ ေလ်ာ္ေၾကးေပးနိုင္မည္ျဖစ္သည္။
–ကိုးကား–
ဂ်ပန္တူေဒး
Ref; Coronavirus vaccination to be made free in Japan

(unicode)

ဂျပန်ပြည်သူများကို ဗိုင်းရပ်စ်ကာကွယ်ဆေး အခမဲ့ ထိုးပေးမည်
နိုင်ငံတကာ၊ အောက်တိုဘာ ၂
ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုများထိန်းချုပ်ရန် ဂျပန်ပြည်သူများကို ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေး အခမဲ့ ထိုးပေးမည်ဖြစ်ကြောင်း အကြံပေးအဖွဲ့က ယနေ့အတည်ပြုလိုက်သည့် ကျန်းမာ ရေးဝန်ကြီးဌာန၏ မူဝါဒတစ်ရပ်အရ သိရသည်။
ဂျပန်အစိုးရက ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မတိုင်မီ ပြည်သူအားလုံးအတွက် ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံအလောက်ရရှိရန် ကြိုပမ်းနေပြီး ဗိုင်းရပ်စ်ကာကွယ်ဆေး ဝယ်ယူရေးဘတ်ဂျက် ယန်း ၆၇၁ ဒသမ ၄ ဘီလီ ယံ ကြိုတင်လျာထားခဲ့သည်။
ဂျပန်အစိုးရက ဗိုင်းရပ်စ်ကာကွယ်ဆေးဝယ်ယူရန် ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca Plc ၊ အမေရိကန် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကြီး Pfizer တို့နှင့် သဘောတူခဲ့ပြီး အမေရိကန်ဆေးဝါးကုမ္ပကီ Moderna Inc နှင့် လည်း ဗိုင်းရပ်စ်ကာကွယ်ဆေး ထောက်ပံ့ရေးအတွက် စေ့စပ်ညှိနှိုင်းလျက်ရှိသည်။
ကျန်းမာရေး၊ အလုပ်သမားနှင့် သက်သာချောင်ချိရေးဝန်ကြီးဌာနက ယခုလနှောင်းပိုင်းတွင် စတင်မည်ဟု မျှော်မှန်းရသော ဒိုင်းယက် (လွှတ်တော်) အစည်းအဝေးသို့ ကာကွယ်ဆေးထိုးရေးဥပဒေ ပြင်ဆင်ရန် ဥပဒေကြမ်း တစ်ခု တင်သွင်းသွားမည်ဖြစ်သည်။
ကာကွယ်ဆေးထိုးရေး ဥပဒေကိုပြင်ဆင်မှသာ အစိုးရက ကာကွယ်ဆေးထိုးရာတွင် ပြင်းထန်သော ဘေး ထွက်ဆိုးကျိုးများရှိလာလျင် ကုမ္ပဏီများအစား လူနာများသို့ လျော်ကြေးပေးနိုင်မည်ဖြစ်သည်။
–ကိုးကား–
ဂျပန်တူဒေး
Ref; Coronavirus vaccination to be made free in Japan

Share this post