• Follow Us on

Home ဂ်ပန္ႏိုင္ငံကထုတ္လုပ္ေနသည့္ကို႐ိုနာဗိုင္းရပ္စ္ေဆး အစြမ္းထက္မႈျပအခ်က္အလက္မ်ားမေရရာေသးဟု ဂ်ပန္က်န္းမာ ေရး၀န္ႀကီးဌာနေၾကညာ

ဂ်ပန္ႏိုင္ငံကထုတ္လုပ္ေနသည့္ကို႐ိုနာဗိုင္းရပ္စ္ေဆး အစြမ္းထက္မႈျပအခ်က္အလက္မ်ားမေရရာေသးဟု ဂ်ပန္က်န္းမာ ေရး၀န္ႀကီးဌာနေၾကညာ

Share this post

တိုက်ိဳ၊ ဒီဇင္ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဖူဂ်ီဖလင္ကုမၸဏီ၏ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကုသေဆး အဗီဂန္၏ ေဆးစြမ္းထက္မႈကိုဆံုးျဖတ္ရန္ စမ္းသပ္ကုသမႈ အခ်က္အလက္မ်ားသည္ မေရမရာျဖစ္ေနသည္ဟု ေဆးပညာသံုးသပ္ေရးဘုတ္အဖြဲ႔ကေျပာသည္ဟု ဂ်ပန္က်န္းမာေရး၀န္ႀကီးဌာနက တနလၤာေန႔တြင္ေျပာသည္။
 
အခ်က္အလက္မ်ားထပ္တိုးၿပီးထပ္မံေလွ်ာက္ထားပါက အဗီဂန္၏ေဆးစြမ္းထက္မႈကို ျပန္လည္စစ္ေဆးသံုးသပ္မည္ ျဖစ္ေၾကာင္းလည္းေျပာသည္။
 
လူအမ်ားအျပားကိုစမ္းသပ္မႈတြင္ မျပင္းထန္သည့္ေရာဂါလကၡဏာမ်ား႐ွိသည့္လူနာမ်ားအတြက္ သက္သာသည့္အခ်ိန္ ျမန္ေစေၾကာင္း ေတြ႕႐ွိရၿပီးေနာက္ ဗိုင္းရပ္စ္ကုသေဆး အဗီဂန္ကို ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈအတြက္အသံုးျပဳခြင့္ရရန္ ဖူဂ်ီဖလင္ကုမၸဏီက ႀကိဳးစားေနသည္။
 
သတင္းစာ႐ွင္းလင္းပြဲတြင္ က်န္းမာေရး၀န္ႀကီးဌာနေျပာခြင့္သူတေယာက္က မည္သည့္အတြက္ဆံုးျဖတ္ရေၾကာင္း႐ွင္းလင္းျခင္း မ႐ွိေသာ္လည္း ဘုတ္အဖြဲ႔အစည္းအေ၀းတြင္ေဆြးေႏြးခဲ့သည့္ အဓိကအေၾကာင္းရင္းမွာ ေပးသည့္ေဆးကို ဆရာ၀န္သာသိထားျခင္းျဖစ္သည္ဟုေျပာသည္။
 
ဆက္လက္သံုးသပ္ရမည္ဟု ဘုတ္အဖြဲ႔ကဆံုးျဖတ္ျခင္းအတြက္ ေနာင္တရမိေၾကာင္းႏွင့္ ေစာစီးစြာခြင့္ျပဳခ်က္ရေစရန္ႀကိဳး စားလုပ္ေဆာင္သြားမည္ဟုစီစဥ္ထားေၾကာင္း ဖူဂ်ီဖလင္ကထုတ္ျပန္သည္။
 
အဗီဂန္ကို အေရးေပၚတုပ္ေကြးေဆးအျဖစ္အသံုးျပဳႏိုင္ရန္ ဂ်ပန္ႏိုင္ငံကခြင့္ျပဳထားေသာ္လည္း တိရစာၦန္မ်ားကိုစမ္းသပ္အသံုး ျပဳရာတြင္ ကေလးေမြးရာ၌ခ်ိဳ႕ယြင္းခ်က္မ်ားျဖစ္ေစသျဖင့္ စိုးရိမ္မႈမ်ား႐ွိေနသည္။
 
ဂ်ပန္တြင္ ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၂၀၁၀၄၈ ေယာက္႐ွိၿပီး ေသဆံုးသူ ၂၉၆၅ ေယာက္႐ွိသည္ဟု အမ်ားပိုင္႐ုပ္သံ NHK ကေဖာ္ျပသည္။
 
Ref : Data on efficacy of COVID-19 drug candidate Avigan is inconclusive Japan government board
 
#PeopleMedia
 
(unicode)
ဂျပန်နိုင်ငံကထုတ်လုပ်နေသည့်ကိုရိုနာဗိုင်းရပ်စ်ဆေး အစွမ်းထက်မှုပြအချက်အလက်များမရေရာသေးဟု ဂျပန်ကျန်းမာ ရေးဝန်ကြီးဌာနကြေညာ
……………………………………………………………
 
တိုကျို၊ ဒီဇင်ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဖူဂျီဖလင်ကုမ္ပဏီ၏ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကုသဆေး အဗီဂန်၏ ဆေးစွမ်းထက်မှုကိုဆုံးဖြတ်ရန် စမ်းသပ်ကုသမှု အချက်အလက်များသည် မရေမရာဖြစ်နေသည်ဟု ဆေးပညာသုံးသပ်ရေးဘုတ်အဖွဲ့ကပြောသည်ဟု ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့တွင်ပြောသည်။
 
အချက်အလက်များထပ်တိုးပြီးထပ်မံလျှောက်ထားပါက အဗီဂန်၏ဆေးစွမ်းထက်မှုကို ပြန်လည်စစ်ဆေးသုံးသပ်မည် ဖြစ်ကြောင်းလည်းပြောသည်။
 
လူအများအပြားကိုစမ်းသပ်မှုတွင် မပြင်းထန်သည့်ရောဂါလက္ခဏာများရှိသည့်လူနာများအတွက် သက်သာသည့်အချိန် မြန်စေကြောင်း တွေ့ရှိရပြီးနောက် ဗိုင်းရပ်စ်ကုသဆေး အဗီဂန်ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအတွက်အသုံးပြုခွင့်ရရန် ဖူဂျီဖလင်ကုမ္ပဏီက ကြိုးစားနေသည်။
 
သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်သူတယောက်က မည်သည့်အတွက်ဆုံးဖြတ်ရကြောင်းရှင်းလင်းခြင်း မရှိသော်လည်း ဘုတ်အဖွဲ့အစည်းအဝေးတွင်ဆွေးနွေးခဲ့သည့် အဓိကအကြောင်းရင်းမှာ ပေးသည့်ဆေးကို ဆရာဝန်သာသိထားခြင်းဖြစ်သည်ဟုပြောသည်။
 
ဆက်လက်သုံးသပ်ရမည်ဟု ဘုတ်အဖွဲ့ကဆုံးဖြတ်ခြင်းအတွက် နောင်တရမိကြောင်းနှင့် စောစီးစွာခွင့်ပြုချက်ရစေရန်ကြိုး စားလုပ်ဆောင်သွားမည်ဟုစီစဉ်ထားကြောင်း ဖူဂျီဖလင်ကထုတ်ပြန်သည်။
 
အဗီဂန်ကို အရေးပေါ်တုပ်ကွေးဆေးအဖြစ်အသုံးပြုနိုင်ရန် ဂျပန်နိုင်ငံကခွင့်ပြုထားသော်လည်း တိရစ္ဆာန်များကိုစမ်းသပ်အသုံး ပြုရာတွင် ကလေးမွေးရာ၌ချို့ယွင်းချက်များဖြစ်စေသဖြင့် စိုးရိမ်မှုများရှိနေသည်။
 
ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၂၀၁၀၄၈ ယောက်ရှိပြီး သေဆုံးသူ ၂၉၆၅ ယောက်ရှိသည်ဟု အများပိုင်ရုပ်သံ NHK ကဖော်ပြသည်။
 
Ref : Data on efficacy of COVID-19 drug candidate Avigan is inconclusive Japan government board
 
#PeopleMedia

Share this post