• Follow Us on
Latest News

Home ဂျပန်နိုင်ငံကပိုင်ဆိုင်သည်ဟုကြေညာထားသော ကျွန်းများပေါ်တွင် ရုရှားနိုင်ငံက ဒုံးကျည်ကာကွယ်ရေး စနစ်များ တပ်ဖြန့်ချထား

ဂျပန်နိုင်ငံကပိုင်ဆိုင်သည်ဟုကြေညာထားသော ကျွန်းများပေါ်တွင် ရုရှားနိုင်ငံက ဒုံးကျည်ကာကွယ်ရေး စနစ်များ တပ်ဖြန့်ချထား

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၇ (People Media)

 

ရုရှားပစိဖိတ်ရေတပ်အုပ်စုသည် Bastion ကမ်းရိုးတန်း သင်္ဘောဖျက်ဒုံးကျည်စနစ်များကို ဂျပန်နိုင်ငံက ၎င်းတို့ ပိုင်ဆိုင်သည်ဟုကြေညာထားသည့် ပစိဖိတ်ဒေသ ခူရီရယ်ကျွန်းစုများတွင် တပ်ဖြန့်ချထားလိုက်ကြောင်းထုတ် ဖော်ပြောကြားလိုက်သည်။

 

အဆိုပါဒုံးကျည်စနစ်များသည် ကျွန်းပေါ်တွင် နေ့ရောညပါ စောင့်ကြပ်ကြည့်ရှုနေမည်ဖြစ်ပြီး အကွာအဝေး ကီ လိုမီတာ ၄၅၀ (၂၇၉ မိုင်) အထိ ရန်သူ့စစ်သင်္ဘောများကို ပစ်ခတ်နိုင်စွမ်းရှိကြောင်း ရေတပ်အုပ်စု၏ သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

Bastion ကမ်းရိုးတန်းသင်္ဘောဖျက်ဒုံးကျည်စနစ်များသည် ဒုံးကျည်များအရှိန်မြှင့်တင်ရန်အတွက် လောင်စာခဲ သုံးအဟုန်မြှင့်စက်ကိုအသုံးပြုထားပြီး ဆူပါဆောနစ်ခရုဒ်ဒုံးျည်များအတွက် လောင်စာရည်သုံးဂျက်အင်ဂျင်ကို အသုံးပြုထားသည်။ အဆိုပါဒုံးကျည်များသည် အလေးချိန် ကီလိုမီတာ ၂၀၀-၂၅၀ (ပေါင် ၄၄၀-၅၅၁) ရှိ နျူက လီးယားထိပ်ဖူး သို့မဟုတ် သမရိုးကျထိပ်ဖူးများကို သယ်ဆောင်နိုင်သည်။

 

ဒုံးကျည်စနစ်သည် ကနဦးပျံသန်းမှုအဆင့်တွင် ဂြိုဟ်တုစနစ်လမ်းညွှန်မှုကို အသုံးပြုပြီး ပစ်မှတ်နားချဉ်းကပ် သည့်အချိန်တွင် active ရေဒါလမ်းညွှန်မှုကို အသုံးပြုသည်။ အဆိုပါဒုံးကျည်များမှာ ပင်လယ်ရေမျက်နှာပြင် ပေါ်မှ လျှပ်ပြေးနိုင်သလို ဆူပါဆောနစ်အရှိန်ဖြင့် ပျံသန်းနိုင်ကြောင်းသိရသည်။

 

၂၀၁၆ ခုနှစ်တွင် ရုရှားနိုင်ငံသည် Bastion သင်္ဘောဖျက်ဒုံးကျည်စနစ်များနှင့် Bal ကမ်းရိုးတန်း ဒုံးကျည်ကာ ကွယ်ရေးစနစ်များကို ကူရီရယ်ကျွန်းစုထဲတွင်ပါဝင်သည့် အငြင်းပွားနေသော အိုက်တူရုကျွန်းနှင့် ကူနက်ရှီးယား ကျွန်းတို့တွင် တပ်ဖြန့်ချထားခဲ့သည်။

 

ရုရှားနိုင်ငံသည် နောက်ပိုင်းနှစ်များတွင် အဆိုပါကျွန်းစုများဆီသို့ ပိုမိုခေတ်မီသော ဒုံးကျည်ကာကွယ်ရေးစနစ် များကို ပို့ဆောင်ခဲ့ရုံသာမက လေတပ်အခြေစိုက်စခန်းတစ်ခုကိုပါဆောက်လုပ်ခဲ့သည်။

 

Bastion သင်္ဘောဖျက်ဒုံးကျည်စနစ်များသာမကဘဲ အဆိုပါလက်နက်စနစ်များကို လက်နက်စနစ်လည်ပတ်မှု ပြု ပြင်ထိန်းသိမ်းရေးထောက်ပံ့နိုင်ရန်အတွက် ယင်းကျွန်းပေါ်တွင် ရုရှားစစ်ဘက်က “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတပ်မြို့ တစ်မြို့” ကို တည်ဆောက်ခဲ့သည်။

 

ရုရှားနိုင်ငံသည် နည်းပညာဆိုင်ရာစခန်းများ၊ ဒုံးကျည်သိုလှောင်ရုံများကိုကျွန်းပေါ်တွင် တည်ဆောက်ခဲ့ပြီး Bastion သင်္ဘောဖျက်ဒုံးကျည်စနစ်များအတွက် ဒုံးပစ်စင်များကိုပါ တည်ဆောက်ခဲ့ကြောင်း Interfax သတင်း ဌာနက ထုတ်ဖော်ရေးသားခဲ့သည်။

 

Ref: Russia Deploys Missile Defense System to Japan-Claimed Island

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Russia Deploys Missile Defense System to Japan-Claimed Island

 

#PeopleMedia


Share this post