• Follow Us on

Home ဂ်ပန္ႏိုင္ငံတြင္Covid-19ေၾကာင့္အခက္အခဲရင္ဆိ္ုင္ေနရသည့္ ျမန္မာႏိုင္ငံသားမ်ား အမိေျမသို႔ျပန္ႏိုင္ရန္ ျမန္မာသံရံုး(တိုက်ိဳ) သို႔ ယခုလ ၂၈ရက္ေနာက္ဆံုးထားစာရင္းေပး သြင္းရမည္

ဂ်ပန္ႏိုင္ငံတြင္Covid-19ေၾကာင့္အခက္အခဲရင္ဆိ္ုင္ေနရသည့္ ျမန္မာႏိုင္ငံသားမ်ား အမိေျမသို႔ျပန္ႏိုင္ရန္ ျမန္မာသံရံုး(တိုက်ိဳ) သို႔ ယခုလ ၂၈ရက္ေနာက္ဆံုးထားစာရင္းေပး သြင္းရမည္

Share this post

ရန္ကုန္၊ဧၿပီ၂၅

ဂ်ပန္ႏိုင္ငံတြင္Covid-19ေၾကာင့္အခက္အခဲရင္ဆိ္ုင္ေနရသည့္ ျမန္မာႏိုင္ငံသားမ်ားႏွင့္မိသားစုမ်ားအေနျဖင့္ ျမန္မာႏိုင္ငံသို႔ျပန္ရန္ ယခုလ ၂၈ရက္ေနာက္ဆံုးထားကာဆက္သြယ္စာရင္းေပးပို႔ရမည္ျဖစ္ေၾကာင္း ျမန္မာသံရံုး(တိုက်ိဳ)မွအသိေပးေက်ညာခ်က္ကိုယေန႔ထုတ္ျပန္လိုက္ထုတ္ျပန္လိုက္သည္။

ျမန္မာသံရံုးအေနျဖင့္ပို႔ေဆာင္ဆက္သြယ္ေရး၀န္ႀကီးဌာနႏွင့္ၫွိနိႈင္းေဆာင္ရြက္ခ်က္အရဂ်န္ပန္ႏိုင္ငံရွိျမန္မာႏိုင္ငံသားမ်ားကိုAll Nippon Airways ျဖင့္ လာမည့္ေမလ ပထမအပတ္တြင္ တိုက်ိဳမွ ရန္ကုန္သို႔လူသားခ်င္းစာနာမႈအကူအညီေလယာဥ္ေျပးဆြဲသြားမည္လည္းျဖစ္သည္။

“ဂ်ပန္ေလေၾကာင္းကျမန္မာႏိုင္ငံဘက္ကိုဆင္းသက္လိုမရတာေၾကာင့္ခရီးစဥ္ေတြကိဖ်က္သိမ္းထားရတယ္။ျပန္ဖို႔လိုေနတဲ့ ဂ်ပန္ေရာက္ျမန္မာႏိုင္ငံသားတခ်ိဳ႕ရွိပါတယ္။ ဂ်ပန္မွာေဆးပညာဆိုင္ရာ ပညာသင္လာရင္း ျပန္ထြက္လို႔မရျဖစ္ေနတဲ့ ျမန္မာေတြထဲမွာ ပါေမာကၡအဆင့္လိုေဆးပညာဆိုင္ရာကၽြမ္းက်င္သူေတြလည္းပါေနပါတယ္။ဒီအခ်ိန္မွာျမန္မာႏိုင္ငံအတြက္ ေဆးပညာဆိုင္ရာကၽြမ္းက်င္သူေတြရႏိုင္သမွ်ရထားဖို႔လိုပါတယ္။ကၽြန္ေတာ္ကေတာ့ျပန္မလာႏိုင္ေသးပါဘူး။အခုလိုစီစဥ္ေပးတာေကာင္းပါတယ္။”ဟု ဂ်န္ပန္ႏိုင္ငံခ်ိဘၿမိဳ႕တြင္ ေနထိုင္အလုပ္လုပ္ကိုင္သည့္ ကိုျမတ္သူေအာင္က People Mediaသို႔ေျပာသည္။

ျမန္မာႏိုင္ငံသို႔ျပန္လည္ထြက္ခြါမည့္ခရီးသည္အေရအတြက္အေပၚမူတည္ကာ ေလယာဥ္စီစဥ္သြားမည္ျဖစ္ျခင္းေၾကာင့္ျပန္လိုသူမ်ားအေနျဖင့္ေစာလ်ဥ္စာအသိေပးၾကရန္ႏွင့္[email protected]သို႔ ယခုလ၂၈ရက္ ေနာက္ဆံုးထားစာေပးသြင္းရန္ အသိေပးေက်ညာခ်က္တြင္ေဖၚျပထားသည္။

ဂ်ပန္ႏိုင္ငံမွျမန္မာန္ိုင္ငံသို႔ျပန္လည္ေရာက္ရွိပါက က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနမွခ်မွတ္ထားသည့္ လူထုအေျချပဳကုသေစာင့္ေရွာက္မႈေပးျခင္း(Community-based Facility Quarantine) ၂၁ရက္နွင့္ မိမိအိမ္တြင္သိးျခားေနထိုင္ျခင္း (Home Quarantine) ၇ရက္စုစုေပါင္း၂၈ရက္ေနထိုင္ေဆာင္ရြက္သြားၾကရမည္ျဖစ္ေၾကာင္းလည္း အသိေပးစာတြင္ႏိႈးေဆာ္ထားသည္။

#PeopleMedia

(unicode)
ဂျပန်နိုင်ငံတွင်Covid-19ကြောင့်အခက်အခဲရင်ဆိ်ုင်နေရသည့် မြန်မာနိုင်ငံသားများ အမိမြေသို့ပြန်နိုင်ရန် မြန်မာသံရုံး(တိုကျို) သို့ ယခုလ ၂၈ရက်နောက်ဆုံးထားစာရင်းပေး သွင်းရမည်
…………………………………………………………

ရန်ကုန်၊ဧပြီ၂၅

ဂျပန်နိုင်ငံတွင်Covid-19ကြောင့်အခက်အခဲရင်ဆိ်ုင်နေရသည့် မြန်မာနိုင်ငံသားများနှင့်မိသားစုများအနေဖြင့် မြန်မာနိုင်ငံသို့ပြန်ရန် ယခုလ ၂၈ရက်နောက်ဆုံးထားကာဆက်သွယ်စာရင်းပေးပို့ရမည်ဖြစ်ကြောင်း မြန်မာသံရုံး(တိုကျို)မှအသိပေးကျေညာချက်ကိုယနေ့ထုတ်ပြန်လိုက်ထုတ်ပြန်လိုက်သည်။

မြန်မာသံရုံးအနေဖြင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်ချက်အရဂျန်ပန်နိုင်ငံရှိမြန်မာနိုင်ငံသားများကိုAll Nippon Airways ဖြင့် လာမည့်မေလ ပထမအပတ်တွင် တိုကျိုမှ ရန်ကုန်သို့လူသားချင်းစာနာမှုအကူအညီလေယာဉ်ပြေးဆွဲသွားမည်လည်းဖြစ်သည်။

“ဂျပန်လေကြောင်းကမြန်မာနိုင်ငံဘက်ကိုဆင်းသက်လိုမရတာကြောင့်ခရီးစဉ်တွေကိဖျက်သိမ်းထားရတယ်။ပြန်ဖို့လိုနေတဲ့ ဂျပန်ရောက်မြန်မာနိုင်ငံသားတချို့ရှိပါတယ်။ ဂျပန်မှာဆေးပညာဆိုင်ရာ ပညာသင်လာရင်း ပြန်ထွက်လို့မရဖြစ်နေတဲ့ မြန်မာတွေထဲမှာ ပါမောက္ခအဆင့်လိုဆေးပညာဆိုင်ရာကျွမ်းကျင်သူတွေလည်းပါနေပါတယ်။ဒီအချိန်မှာမြန်မာနိုင်ငံအတွက် ဆေးပညာဆိုင်ရာကျွမ်းကျင်သူတွေရနိုင်သမျှရထားဖို့လိုပါတယ်။ကျွန်တော်ကတော့ပြန်မလာနိုင်သေးပါဘူး။အခုလိုစီစဉ်ပေးတာကောင်းပါတယ်။”ဟု ဂျန်ပန်နိုင်ငံချိဘမြို့တွင် နေထိုင်အလုပ်လုပ်ကိုင်သည့် ကိုမြတ်သူအောင်က People Mediaသို့ပြောသည်။

မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွါမည့်ခရီးသည်အရေအတွက်အပေါ်မူတည်ကာ လေယာဉ်စီစဉ်သွားမည်ဖြစ်ခြင်းကြောင့်ပြန်လိုသူများအနေဖြင့်စောလျဉ်စာအသိပေးကြရန်နှင့်[email protected]သို့ ယခုလ၂၈ရက် နောက်ဆုံးထားစာပေးသွင်းရန် အသိပေးကျေညာချက်တွင်ဖေါ်ပြထားသည်။

ဂျပန်နိုင်ငံမှမြန်မာန်ိုင်ငံသို့ပြန်လည်ရောက်ရှိပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှချမှတ်ထားသည့် လူထုအခြေပြုကုသစောင့်ရှောက်မှုပေးခြင်း(Community-based Facility Quarantine) ၂၁ရက်နှင့် မိမိအိမ်တွင်သိးခြားနေထိုင်ခြင်း (Home Quarantine) ရရက်စုစုပေါင်း၂၈ရက်နေထိုင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း အသိပေးစာတွင်နှိုးဆော်ထားသည်။

#PeopleMedia


Share this post