• Follow Us on

Home ဂ်ပန္ႏိုင္ငံသို႔ ေဒၚလာ ၂၃ ဘီလီယံေက်ာ္တန္ေၾကးရွိ အက္ဖ္-၃၅ ဂ်က္တိုက္ေလယာဥ္ ၁၀၅ စင္း အေမရိကန္ ေရာင္းခ်မည္

ဂ်ပန္ႏိုင္ငံသို႔ ေဒၚလာ ၂၃ ဘီလီယံေက်ာ္တန္ေၾကးရွိ အက္ဖ္-၃၅ ဂ်က္တိုက္ေလယာဥ္ ၁၀၅ စင္း အေမရိကန္ ေရာင္းခ်မည္

Share this post

၂၀၂၀၊ ဇူလိုင္ ၁၀

ဂ်ပန္ႏိုင္ငံသို႔ အက္ဖ္-၃၅ ကိုယ္ေပ်ာက္တိုက္ေလယာဉ္ ၁၀၅ စင္း ေရာင္းခ်ရန္ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက အတည္ျပဳလိုက္ၿပီျဖစ္သည္။

ဂ်ပန္ႏိုင္ငံသို႔ အက္ဖ္-၃၅ ေအ ကိုယ္ေပ်ာက္တိုက္ေလယာဥ္ ၆၃ စင္းႏွင့္ အက္ဖ္-၃၅ ဘီ တိုက္ေလယာဥ္ ၄၂ စင္း ေရာင္းခ်မည့္ ေဒၚလာ ၂၃ ဒသမ ၁ ဘီလီယံတန္ေၾကးရွိ သေဘာတူညီခ်က္ႏွင့္ပတ္သက္၍ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ဇူလိုင္လ ၉ ရက္တြင္ ကြန္ဂရက္သို႔ အေၾကာင္းၾကားခဲ့သည္။

ဂ်ပန္ႏိုင္ငံ၏ ေလေၾကာင္းကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕က အက္ဖ္-၃၅ သမား႐ိုးက်ေလယာဥ္မ်ား အသုံးျပဳ လ်က္ရွိသည္။

အတက္အဆင္းျပဳလုပ္ရန္ ရွည္လ်ားေသာ ေလယာဉ္ေျပးလမ္းမလိုအပ္သည့္ အက္ဖ္-၃၅ ဘီ ေလယာဥ္မ်ားကို ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕၏ ဖ်က္သေဘၤာတစ္စင္းေပၚ၌ ျဖန္႔ၾကက္ႏိုင္သည္။
အေမရိကန္တာဝန္ရွိသူမ်ားက ဂ်ပန္ႏိုင္ငံသို႔ နည္းပညာအကူအညီႏွင့္ ေလ့က်င့္ေရးသင္တန္း ၂၅ ႏွစ္ ၾကာ ပံ့ပိုးေပးရမည္ျဖစ္သည္။

ေဆာ္ဒီအာေရးဘီးယားႏိုင္ငံသို႔ ဂ်က္တိုက္ေလယာဥ္မ်ား ေရာင္းခ်မႈၿပီးလ်င္ ယခုသေဘာတူညီခ်က္က ျပည္ ပတိုင္းျပည္တစ္ခုသို႔ စစ္လက္နက္ပစၥည္း ဒုတိယေျမာက္ ပမာဏအမ်ားဆုံး ေရာင္းခ်မႈျဖစ္သည္။

သေဘာတူညီခ်က္က ဂ်ပန္ႏိုင္ငံ၏ ကာကြယ္ေရးစြမ္းပကားမ်ားကို ျမႇင့္တင္ေပးၿပီး အေမရိကန္ႏိုင္ငံ၏ စီးပြား ေရးႏွင့္ အလုပ္အကိုင္ခန္႔အပ္မႈအတြက္ အေထာက္အကူျပဳမည္ဟု အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ကိုးကား ။ ။ အင္န္အိတ္ခ်္ေက

Ref; US to sell 105 F-35 fighter jets to japan

#PeopleMedia

(unicode)
ဂျပန်နိုင်ငံသို့ ဒေါ်လာ ၂၃ ဘီလီယံကျော်တန်ကြေးရှိ အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ် ၁၀၅ စင်း အမေရိကန် ရောင်းချမည်
………………………………………………………

၂၀၂၀၊ ဇူလိုင် ၁၀

ဂျပန်နိုင်ငံသို့ အက်ဖ်-၃၅ ကိုယ်ပျောက်တိုက်လေယာဉ် ၁၀၅ စင်း ရောင်းချရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုလိုက်ပြီဖြစ်သည်။

ဂျပန်နိုင်ငံသို့ အက်ဖ်-၃၅ အေ ကိုယ်ပျောက်တိုက်လေယာဉ် ၆၃ စင်းနှင့် အက်ဖ်-၃၅ ဘီ တိုက်လေယာဉ် ၄၂ စင်း ရောင်းချမည့် ဒေါ်လာ ၂၃ ဒသမ ၁ ဘီလီယံတန်ကြေးရှိ သဘောတူညီချက်နှင့်ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၉ ရက်တွင် ကွန်ဂရက်သို့ အကြောင်းကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ လေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က အက်ဖ်-၃၅ သမားရိုးကျလေယာဉ်များ အသုံးပြု လျက်ရှိသည်။

အတက်အဆင်းပြုလုပ်ရန် ရှည်လျားသော လေယာဉ်ပြေးလမ်းမလိုအပ်သည့် အက်ဖ်-၃၅ ဘီ လေယာဉ်များကို ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ ဖျက်သင်္ဘောတစ်စင်းပေါ်၌ ဖြန့်ကြက်နိုင်သည်။
အမေရိကန်တာဝန်ရှိသူများက ဂျပန်နိုင်ငံသို့ နည်းပညာအကူအညီနှင့် လေ့ကျင့်ရေးသင်တန်း ၂၅ နှစ် ကြာ ပံ့ပိုးပေးရမည်ဖြစ်သည်။

ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ ဂျက်တိုက်လေယာဉ်များ ရောင်းချမှုပြီးလျင် ယခုသဘောတူညီချက်က ပြည် ပတိုင်းပြည်တစ်ခုသို့ စစ်လက်နက်ပစ္စည်း ဒုတိယမြောက် ပမာဏအများဆုံး ရောင်းချမှုဖြစ်သည်။

သဘောတူညီချက်က ဂျပန်နိုင်ငံ၏ ကာကွယ်ရေးစွမ်းပကားများကို မြှင့်တင်ပေးပြီး အမေရိကန်နိုင်ငံ၏ စီးပွား ရေးနှင့် အလုပ်အကိုင်ခန့်အပ်မှုအတွက် အထောက်အကူပြုမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုးကား ။ ။ အင်န်အိတ်ခ်ျကေ

Ref; US to sell 105 F-35 fighter jets to japan

#PeopleMedia


Share this post