• Follow Us on

Home ဂျပန်နှင့် စစ်ဘက်ဆိုင်ရာသတင်းအချက်အလက်မျှဝေမှု ရပ်ဆိုင်းကြောင်း တောင်ကိုရီးယား ထပ်မံအတည်ပြု


Share this post



မွန်ဂျေးအင်အစိုးရအဖွဲ့ဟာ နိုဝင်ဘာ ၁၆ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် ဂျပန်နိုင်ငံနဲ့ စစ်ဘက် ဆိုင်ရာ သတင်းအချက်အလက်ဖလှယ်မှု သဘောတူညီချက်ကို သက်တမ်းထပ်မတိုးဖို့ ပြီးခဲ့တဲ့ သြဂုတ်လက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။


Ref; http://world.kbs.co.kr/


(Unicode)
ဂျပန်နှင့် စစ်ဘက်ဆိုင်ရာသတင်းအချက်အလက်မျှဝေမှု ရပ်ဆိုင်းကြောင်း တောင်ကိုရီးယား ထပ်မံအတည်ပြု
………………………………………………………

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က ဂျပန်နိုင်ငံ စစ်ဘက်ဆိုင်ရာသတင်းအချက်အလက်ဖလှယ် မှုသဘောတူညီချက်ကို ရပ်ဆိုင်းမယ့်အကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး မက်ခ်အက်စပါကို သောကြာနေ့မှာ ထပ်မံအတည်ပြုပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယားကို အလည်အပတ်ရောက်ရှိနေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးကို ဂျပန်နိုင်ငံ ဟာ ၄င်းတို့ရဲ့ ပို့ကုန်တွေကို တင်းကြပ်လိုက်တဲ့အတွက် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးမှာ ယုံကြည်ဖို့ မထိုက်တန်ဘူးလို့ မွန်ကပြောပါတယ်။

မွန်ဂျေးအင်အစိုးရအဖွဲ့ဟာ နိုဝင်ဘာ ၁၆ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် ဂျပန်နိုင်ငံနဲ့ စစ်ဘက် ဆိုင်ရာ သတင်းအချက်အလက်ဖလှယ်မှု သဘောတူညီချက်ကို သက်တမ်းထပ်မတိုးဖို့ ပြီးခဲ့တဲ့ ဩဂုတ်လက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အခုကိစ္စအတွက် ဂျပန်နိုင်ငံကို ဖြေရှင်းဆောင်ရွက်ပေးဖို့ တောင်းဆိုသွားမယ်လို့ မက်ခ် အက်စပါက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

Ref; http://world.kbs.co.kr/

#PeopleMedia #International


Share this post