• Follow Us on
Latest News

Home ဂ်ပန္ႏွင့္ အေမရိကန္တပ္ဖြဲ႕မ်ား ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ေန

ဂ်ပန္ႏွင့္ အေမရိကန္တပ္ဖြဲ႕မ်ား ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ေန

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕ႏွင့္ အေမရိကန္တပ္မေတာ္က ဂ်ပန္နိုင္ငံအေနာက္ေတာင္ပိုင္း၌ ျပဳလုပ္ေန သည့္ ပမာဏႀကီးမားေသာ ပူးတြဲစစ္ေရးေလ့က်င့္မႈတစ္ခုအား ေလ့လာနိုင္ရန္ ယေန႔ မီဒီယာမ်ားကို ဖိတ္ၾကား ခဲ့သည္။

ကူမာမိုတိုစီရင္စုႏွင့္ နီဂါတာ၊ ဂမ္မာစီရင္စုမ်ား၌ျပဳလုပ္ေနသည့္ စစ္ေရးေလ့က်င့္မႈမ်ားက ေဝးလံေခါင္ဖ်ား ေသာ ကၽြန္းစုမ်ားသို႔ ရန္သူမ်ားတိုက္ခိုက္မႈအေပၚ တန္ျပန္တိုက္ခိုက္သည့္ပုံစံ ဂ်ပန္ႏွင့္ အေမရိကန္တပ္ဖြဲ႕ မ်ားက ေလ့က်င့္ေနျခင္းျဖစ္ေၾကာင္း ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာသည္။

“လြတ္လပ္ပြင့္လင္းတဲ့ အာရွ-ပစိဖိတ္ေဒသ ျဖစ္ေပၚလာေရးအတြက္ ပူးတြဲစစ္ဆင္ေရးေဆာင္ရြက္မႈ တိုး တက္လာဖို႔က အေရးေပၚတာဝန္တစ္ရပ္ျဖစ္ပါတယ္” ဟု ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕မွ ဒုတိယဗိုလ္ ခ်ဳပ္ႀကီး ရိုဂ်ီတာကဲမိုတိုက ေျပာသည္။

ဒီဇင္ဘာလ ၁၅ ရက္အထိျပဳလုပ္မည့္ ယခုပူးတြဲစစ္ေရးေလ့က်င့္မႈတြင္ ဂ်ပန္တပ္ဖြဲ႕ဝင္ ၄၀၀၀ ႏွင့္ အေမ ရိကန္တပ္ဖြဲ႕ဝင္ ၁၀၀၀ အျပင္ အြန္လိုင္းမွတစ္ဆင့္ ပါဝင္သူမ်ားလည္းရွိေၾကာင္း သိရသည္။

၁၉၈၂ ခုႏွစ္ကတည္းက ျပဳလုပ္လာခဲ့သည့္ ဤပူးတြဲစစ္ေရးေလ့က်င့္မႈမွာ ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရး တပ္ဖြဲ႕ႏွင့္ အေမရိကန္တပ္မေတာ္က ျပဳလုပ္သည့္ အႀကီးမားဆုံး စစ္ေရးေလ့က်င့္မႈမ်ားအနက္ တစ္ခု ျဖစ္သည္။

ပူးတြဲ စစ္ေရးေလ့က်င့္မႈအတြင္း ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕ႏွင့္ အေမရိကန္တပ္မေတာ္က CH-47 ႏွင့္ MV-22 ရဟတ္ယာဥ္မ်ား အသုံးျပဳ၍ ေလ့က်င့္ေနၾကသည္။

ကိုးကား – က်ိဳဒို

Ref; Japan, U.S. conduct joint military drills amid China’s assertiveness

#PeopleMedia

(unicode)
ဂျပန်နှင့် အမေရိကန်တပ်ဖွဲ့များ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေ
………………………………

နိုင်ငံတကာ၊ ဒီဇင်ဘာ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နှင့် အမေရိကန်တပ်မတော်က ဂျပန်နိုင်ငံအနောက်တောင်ပိုင်း၌ ပြုလုပ်နေ သည့် ပမာဏကြီးမားသော ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုအား လေ့လာနိုင်ရန် ယနေ့ မီဒီယာများကို ဖိတ်ကြား ခဲ့သည်။

ကူမာမိုတိုစီရင်စုနှင့် နီဂါတာ၊ ဂမ်မာစီရင်စုများ၌ပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်မှုများက ဝေးလံခေါင်ဖျား သော ကျွန်းစုများသို့ ရန်သူများတိုက်ခိုက်မှုအပေါ် တန်ပြန်တိုက်ခိုက်သည့်ပုံစံ ဂျပန်နှင့် အမေရိကန်တပ်ဖွဲ့ များက လေ့ကျင့်နေခြင်းဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

“လွတ်လပ်ပွင့်လင်းတဲ့ အာရှ-ပစိဖိတ်ဒေသ ဖြစ်ပေါ်လာရေးအတွက် ပူးတွဲစစ်ဆင်ရေးဆောင်ရွက်မှု တိုး တက်လာဖို့က အရေးပေါ်တာဝန်တစ်ရပ်ဖြစ်ပါတယ်” ဟု ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ ဒုတိယဗိုလ် ချုပ်ကြီး ရိုဂျီတာကဲမိုတိုက ပြောသည်။

ဒီဇင်ဘာလ ၁၅ ရက်အထိပြုလုပ်မည့် ယခုပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ဂျပန်တပ်ဖွဲ့ဝင် ၄၀၀၀ နှင့် အမေ ရိကန်တပ်ဖွဲ့ဝင် ၁၀၀၀ အပြင် အွန်လိုင်းမှတစ်ဆင့် ပါဝင်သူများလည်းရှိကြောင်း သိရသည်။

၁၉၈၂ ခုနှစ်ကတည်းက ပြုလုပ်လာခဲ့သည့် ဤပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့နှင့် အမေရိကန်တပ်မတော်က ပြုလုပ်သည့် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုများအနက် တစ်ခု ဖြစ်သည်။

ပူးတွဲ စစ်ရေးလေ့ကျင့်မှုအတွင်း ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နှင့် အမေရိကန်တပ်မတော်က CH-47 နှင့် MV-22 ရဟတ်ယာဉ်များ အသုံးပြု၍ လေ့ကျင့်နေကြသည်။

ကိုးကား – ကျိုဒို

Ref; Japan, U.S. conduct joint military drills amid China’s assertiveness

#PeopleMedia


Share this post