• Follow Us on

Home ဂျပန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်

ဂျပန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၉
 
ဂျပန် လွှတ်တော်အမတ်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း ယူချီရိုဟာတာက ကိုဗစ်-၁၉ ရောဂါ ကြောင့် ကွယ်လွန်ခဲ့ရာ အဆိုပါကပ်ရောဂါကြောင့် သေဆုံးရသည့် ဂျပန်နိုင်ငံ၏ ပထမဆုံးသော လွှတ်တော်အမတ် ဖြစ်လာခဲ့ကြောင်း သိရသည်။
 
ဝန်ကြီးချုပ်ဟောင်း ဆူတိုမိုဟာတာ၏ သားဖြစ်သူ အဓိက အတိုက်အခံပါတီ Constitutional Democratic Party of Japan (CDPJ) မှ အသက် ၅၃ နှစ်အရွယ် လွှတ်တော်အမတ် ယူချီရိုဟာတာက ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဆေးရုံ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
 
ဟာတာကို ဆုံးရှုံးခဲ့ရသည့်အတွက် ဝမ်းနည်းမိပါကြောင်း Constitutional Democratic Party of Japan (CDPJ) ခေါင်းဆောင် ယူကီယိုအီဒါနိုက ပြောသည်။
 
လက်ရှိအချိန်ထိ ဂျပန် လွှတ်တော်အမတ်ငါးဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း သိရသည်။ ယနေ့ အထိ ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၃၁၅၂ ဦး သေဆုံးခဲ့ပြီး ၁၈၄၅၀၀ ဦး ပိုးကင်းစင်ပြီဖြစ်သည်။
 
ဂျပန်နိုင်ငံ၌ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြု ကူးစက်လူနာ ၂၂၃၀၀၀ ကျော်ရှိကြောင်း သိရ သည်။
 
ကိုးကား – အနာဒိုလူ
 
Ref; Japan: Former transportation minister dies of COVID-19
 
#PeopleMedia
 
(unicode)
……………………………………….
 
 
 
 
 
 
 
 
Ref; Japan: Former transportation minister dies of COVID-19
 
#PeopleMedia

Share this post