• Follow Us on

Home ဂျာမနီက အမေရိကန်ထုတ် F-35 တိုက်လေယာဉ် ၃၅ စင်း ဝယ်ယူမည်

ဂျာမနီက အမေရိကန်ထုတ် F-35 တိုက်လေယာဉ် ၃၅ စင်း ဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ မတ် ၁၅

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ်ကျူးကျော်တိုက်ခိုက်မှုကို တုံ့ပြန်ရာမှာ နိုင်ငံရဲ့တပ်မတော်အင်အားကို အဆင့်မြှင့်တင်တဲ့အနေနဲ့ ဂျာမနီနိုင်ငံက အမေရိကန်ထုတ် F-35 တိုက်လေယာဉ် ၃၅ စင်းနဲ့ ဥရောပတိုက် လေယာဉ် ၁၅ စင်း ဝယ်ယူဖို့ စီစဉ်နေကြောင်း ဂျာမန်လွှတ်တော်သတင်းရင်းမြစ်က မတ်လ ၁၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

ဂျာမနီလေတပ်က ဆယ်စုနှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့ သက်တမ်းရင့် တော်နေဒိုးတိုက်လေယာဉ်အုပ်ကို အမေရိကန် လော့ဟိမာတင်ကုမ္ပဏီထုတ် F-35 တိုက်လေယာဉ်တွေနဲ့ အစားထိုးသွားမှာဖြစ်တယ်ဆိုတဲ့ မီဒီ ယာသတင်းတွေ မှန်ကန်ကြောင်း အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။

 

တော်နေဒိုး တိုက်လေယာဉ်တွေဟာ ဂျာမနီမှာအခြေစိုက်ထားတဲ့ နေတိုးအဖွဲ့ရဲ့ အဓိက ကာကွယ်ရေးအစိတ် အပိုင်းတစ်ရပ်ဖြစ်တဲ့ အမေရိကန်နျူကလီးယားဗုံးတွေကို သယ်နိုင်တဲ့ ဂျက်တိုက်လေယာဉ်တွေဖြစ်ပါတယ်။

 

လော့ဟိမာတင်ထုတ် F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေဟာ ကမ္ဘာပေါ်မှာ ခေတ်အမီဆုံးတိုက်လေ ယာဉ်တွေအဖြစ် သတ်မှတ်ထားကြပြီး အဲဒီတိုက်လေယာဉ်တွေရဲ့ တစ်မူထူးခြားတဲ့ပုံပန်းသဏ္ဍန်နဲ့ လေယာဉ် မှာမွမ်းမံထားတဲ့အလွှာက လေယာဉ်ကို ရန်သူ့ရေဒါတွေ ဖမ်းရခက်စေတယ်လို့ဆိုပါတယ်။

 

ဂျာမနီနိုင်ငံက နောက်ထပ်ဝယ်ယူဖို့ စီစဉ်ထားတဲ့ ဥရောပဂျက်တိုက်လေယာဉ်တွေကတော့ အဲဘတ် (Airbus) ကုမ္ပဏီထုတ်တိုက်လေယာဉ်တွေဖြစ်ပြီး အီလက်ထရောနစ်စစ်ဆင်ရေးနဲ့ လမ်းခရီးလုံခြုံရေးအပါအဝင် တခြား စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားပုံရတယ်လို့ဆိုပါတယ်။

 

ကာလကြာရှည် ဘတ်ဂျက်လုံလုံလောက်လောက် မသုံးစွဲနိုင်တဲ့ ဂျာမန်တပ်မတော်အတွက် ယူရိုငွေ ဘီလျံ ၁၀၀ (ဒေါ်လာ ၁၁၂ ဘီလျံ) ရင်းနှီးမြှုပ်နှံဖို့ ဂျာမန်အဓိပတိ အိုလက်ဖ်ရှုပ်စ်က လွန်ခဲ့တဲ့လက ပြောကြားလိုက်ပါ တယ်။

 

ဘတ်ဂျက်အသုံးစရိတ်မြှင့်တင်လိုက်တာဟာ ဥရောပထိပ်တန်းစီးပွားရေးနိုင်ငံတစ်ခုက အဓိကအပြောင်းအလဲ တစ်ခုဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းကျူးလွန်ခဲ့တဲ့အမှားကြောင့် စစ်ရေးအရ ခပ်လျှိုလျှိုနေခဲ့တဲ့နိုင်ငံရဲ့မူဝါဒကို ပြောင်းပြန်လှန်လိုက်တာလို့လည်း ပြောနိုင်ပါတယ်။

 

Ref: Germany to Buy F-35 Fighter Jets in Military Spending Spree

 

(unicode)


…………………………………

 


 


 


 


 


 


 


 


 

Ref: Germany to Buy F-35 Fighter Jets in Military Spending Spree


Share this post