• Follow Us on

Home ဂျာမနီထံမှ ရေငုပ်သင်္ဘောသုံးစင်း အစ္စရေးဝယ်ယူမည်

ဂျာမနီထံမှ ရေငုပ်သင်္ဘောသုံးစင်း အစ္စရေးဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၁ (People Media)

 

အစ္စရေးနိုင်ငံသည် ဂျာမနီစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော Thyssenkrupp ထံမှ ဥရောပငွေ ကြေး ၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၃.၄ ဘီလျံ) တန်ကြေးရှိ ရေငုပ်သင်္ဘော ၃ စီး ဝယ်ယူရန် ဂျာမနီနိုင်ငံနှင့် စာချုပ်ချုပ်ဆိုလိုက်ကြောင်း ဇန်နဝါရီလ ၂၀ ရက်နေ့က ကြေညာလိုက်သည်။

 

“ရေငုပ်သင်္ဘောအသစ်တွေက အစ္စရေးရေတပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို မြှင့်တင်ပေးသွားမှာဖြစ်ပြီး ဒေသတွင်းမှာ အစ္စရေးနိုင်ငံရဲ့ကာကွယ်ရေးအင်အား သာလွန်ကောင်းမွန်မှုကိုလည်း အထောက်အကူပေးသွား မှာဖြစ်ပါတယ်။” ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ်က ပြောသည်။

 

အစ္စရေးနိုင်ငံက ဂျာမနီထံမှ နောက်ဆုံးအသုတ်ရေငုပ်သင်္ဘောဝယ်ယူမှုတွင် အဂတိလိုက်စားမှုများရှိခဲ့ကြောင်း သံသယဝင်ခဲ့မှုကြောင့် ရေငုပ်သင်္ဘောဝယ်ယူရေးစာချုပ်နှင့်ပတ်သက်၍ အစ္စရေးနိုင်ငံနှင့် ဂျာမနီနိုင်ငံကြား ဆွေးနွေးညှိနှိုင်းမှုများမှာ ကြန့်ကြာရှုပ်ထွေးခဲ့ရသည်။

 

“Dakar” ရေငုပ်သင်္ဘောသုံးစီးဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ပထမဦးဆုံး ရေငုပ်သင်္ဘောကို ကိုးနှစ်အ တွင်း အစ္စရေးနိုင်ငံသို့ ပို့ဆောင်ပေးရမည်ဖြစ်သည်။အစ္စရေးနိုင်ငံတွင် လေ့ကျင့်ရေးအတွက် သဏ္ဍန်တုလေ့ ကျင့်ကွင်းဆောက်လုပ်ပေးရန်နှင့် အပိုပစ္စည်းများထောက်ပံ့ရေးအတွက်ပါလုပ်ဆောင်ပေးရန် စာချုပ်တွင် ထည့် သွင်းရေးဆွဲထားသည်။

 

ဂျာမန်အစိုးရအနေဖြင့် ၂၀၁၇ ခုနှစ်က နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်နှင့်အညီ အထူး ကူညီထောက်ပံ့ငွေအစီအစဉ်မှတစ်ဆင့် စာချုပ်အစိတ်အပိုင်းတစ်ရပ်အဖြစ် ရန်ပုံငွေထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောသည်။

 

၎င်းအပြင် စစ်လက်နက်ပစ္စည်းကုမ္ပဏီများအပါအဝင် အစ္စရေးစက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ဥရောပပေါင် သန်း ၈၅၀ တန်ကြေးရှိ သဘောတူစာချုပ်တစ်ရပ်ကို ဂျာမနီစီးပွားရေးနှင့် နည်းပညာဝန်ကြီးဌာန နှင့် လက်မှတ်ရေးထိုးခဲ့သည်။

 

လေးငါးနှစ်ကြာမျှ စီမံချက်များရေးဆွဲခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း လုပ်ငန်းစဉ်အဆင့်များကျော်ဖြတ်ပြီးနောက် ယခုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။

 

Ref: Israel Buys Three Military Submarines From Germany

 

#PeopleMedia

 

(unicode)


……………………………………………………..

 


 


 


 


 


 


 


 


 

Ref: Israel Buys Three Military Submarines From Germany

 

#PeopleMedia


Share this post