• Follow Us on

Home ဂျာမနီနိုင်ငံက စစ်ရှောင်ပြည်သူများ၏ အခက်အခဲကို WFP နှင့် ပူးပေါင်း၍ ဆက်လက်ကူညီမည်

ဂျာမနီနိုင်ငံက စစ်ရှောင်ပြည်သူများ၏ အခက်အခဲကို WFP နှင့် ပူးပေါင်း၍ ဆက်လက်ကူညီမည်

Share this post

မြစ်ကြီးနား၊ မတ် ၁၆

 

ဂျာမနီနိုင်ငံအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)နှင့် ပူးပေါင်း၍ စစ်ရှောင်ပြည်သူများအား ယခုနှစ်အတွင်း ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ဂျာမနီသံရုံက ယနေ့တွင် ထုတ်ပြန်ထားသည်။

 

သံရုံးအကြီးအကဲ Mr. York Schuegraf အနေဖြင့် အကြမ်းဖက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခများကို တွေ့ကြုံ ခံစားနေရသည့် ဘာသာပေါင်းစုံမှ စစ်ဘေးရှောင်ပြည်သူများအတွက် စစ်ဘေးရှောင်စခန်းများသို့ WFP နှင့် အတူ သွားရောက်လေ့လာခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများ တွေ့ကြုံနေရသည့် အခက်အခဲများအကြောင်းကို ဆွေးနွေးခဲ့ကြောင်း ပြောဆိုထားသည်။

 

“ပြည်သူတွေ ကြုံတွေ့ခံစားနေရတာတွေကို ကျွန်တော်တို့ ခရီးစဉ်အတွင်း နားထောင်ခဲ့ပါတယ်။ သူတို့ရဲ့ အတွေ့အကြုံဖြစ်ရပ်တွေကို ကြားသိရတာဟာ ကျွန်တော်တို့ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်တွေကို ပိုမိုကောင်းမွန်စွာ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် အလွန်ပဲ အရေးကြီးပါတယ်။ ဒါနဲ့ စပ်လျဉ်းပြီး တစ်နိုင်ငံလုံးက မြန်မာပြည်သူတွေအတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေပေးနေတဲ့ WFP ရဲ့ လုပ် ဆောင်ချက်တွေကို ကျွန်တော်တို့ အလေးအနက် အသိအမှတ်ပြုပါတယ်။” ဟု Mr. Schuegraf က ပြောဆို ထားသည်။

 

ဂျာမနီနိုင်ငံအနေဖြင့် ယမန်နှစ်က WFP မြန်မာအတွက် ယူရို ၅ သန်း ပံ့ပိုးကူညီခဲ့ပြီး အနာဂါတ်တွင်လည်း ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း ပြောဆိုထားသည်။

 

ကေကေ

 

(unicode)


…………………………………….

 


 


 


 


 


 



Share this post