• Follow Us on

Home ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံ WFP အတွက် ယူရို (၃) သန်း ထပ်တိုးထောက်ပံ့

ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံ WFP အတွက် ယူရို (၃) သန်း ထပ်တိုးထောက်ပံ့

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ (People Media)

 

မြို့ပြနေပြည်သူများကြား စားနပ်ရိက္ခာမလုံလောက်သည့်ပြဿနာကြီးထွားလာမှုကို တုံ့ပြန်ရန်အတွက် WFP သည် မြန်မာနိုင်ငံ၏ အဓိကမြို့ပြဒေသများရှိ ပြည်သူပေါင်း ၂ သန်းအထိ ထောက်ပံ့ပေးနိုင်ရန် တိုးမြှင့်ရည်မှန်း ထားသည့်အတွက် ဂျာမနီက မြန်မာနိုင်ငံရှိ WFP အတွက် ယူရို ၃ သန်း ထပ်မံပံ့ပိုးပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမနီသံရုံးမှ ထုတ်ပြန်ထားသည်။

 

ပဋိပက္ခများ၊ လူမျိုးစုများကြား ဖြစ်ပွားသည့် အကြမ်းဖက်မှုများနှင့် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကြောင့် အသက်ရှင်နေထိုင်ရန် ခက်ခဲနေသူများအတွက် စားနပ်ရိက္ခာများကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ခြွင်းချက်မရှိ ထောက်ပံ့ပေးလျက်ရှိပြီး၊ မြန်မာနိုင်ငံရှိ WFP သည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ စစ်ဘေးရှောင်ပြည်သူပေါင်း ၃၆၀၀၀၀ အတွက် ကူညီထောက်ပံ့ပေးလျက်ရှိ ကြောင်း သိရသည်။

 

လူသားချင်းစာနာထောက်ထားမှု အကူအညီများသည် ကျင့်ဝတ်ဆိုင်ရာ တာဝန်သိတတ်မှု၊ ပြည်သူများနှင့် တစ်သားတည်း တည်ရှိမှုတို့ကို ဖော်ပြခြင်းဖြစ်ပြီး၊ ၎င်းသည် ချို့တဲ့သူများအတွက် လိုအပ်ချက်များကို ဖြည့်တင်းပေးပြီး စာနာထောက်ထားခြင်း၊ ဘက်မလိုက်ခြင်း၊ သမာသမတ်ကျခြင်းနှင့် အမှီအခိုကင်း လွတ် လပ်ခြင်းဟူသည့် လူသားခြင်းစာနာထောက်ထားမှု သဘောတရားများအပေါ် အခြေခံထားကြောင်း သိရသည်။

 

Photo – မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံး

 

#PeopleMedia #WFP #မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံး

 

(unicode)


……………………………………………………….

 


 


 


 


 


 



Share this post