• Follow Us on

Home ဂျာမနီလက်နက်များ ယူကရိန်းသို့ တင်ပို့ခြင်းမပြုရန် ဂျာမနီက အက်စ်တိုးနီးယားကို တားမြစ်

ဂျာမနီလက်နက်များ ယူကရိန်းသို့ တင်ပို့ခြင်းမပြုရန် ဂျာမနီက အက်စ်တိုးနီးယားကို တားမြစ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၂ (People Media)

 

ဂျာမနီနိုင်ငံထုတ်စစ်လက်နက်ပစ္စည်းများကို ယူကရိန်းနိုင်ငံသို့ တင်ပို့ခြင်းမပြုရန် နေတိုးအဖွဲ့ဝင်အက်စ်တိုးနီး ယားနိုင်ငံအား ဂျာမနီနိုင်ငံက ပိတ်ပင်တားဆီးလိုက်ကြောင်း The Wall Street Journal က ဇန်နဝါရီလ ၂၁ ရက်နေ့က ရေးသားဖော်ပြလိုက်သည်။

 

“ဂျာမနီလား၊ ကျွန်တော်တို့ဆီကို စစ်လက်နက်ပစ္စည်းတွေ တင်ပို့ခွင့်ပြုဖို့ ချီတုံချတုံဖြစ်နေတယ်ဗျ။” ဟု ယူက ရိန်းကာကွယ်ရေးဝန်ကြီးအိုလက်စကီရက်ဇ်နီကော့ဗ်က The Wall Street Journal ကိုပြောသည်။

 

စစ်လက်နက်ပစ္စည်းများတင်ပို့ခြင်းနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်မှာ ကာလရှည်ချမှတ်ထားသည့် မူဝါဒတစ်ခု ဖြစ်ကြောင်း ဂျာမန်အစိုးရပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဂျာနယ်ကို ရှင်းပြသည်။

 

“စစ်လက်နက်တွေ ဂျာမနီကပဲသွားသွား၊ တတိယနိုင်ငံတွေကပဲ သွားသွား စစ်လက်နက်ပ္စည်းတင်ပို့ရေးနဲ့ ပတ်   သက်တဲ့မူဝါဒက အမြဲတမ်းတစ်သမတ်တည်းပါပဲ။ ဘာခွင့်ပြုချက်မှ ထုတ်ပေးမထားပါဘူး။ လက်ရှိအချိန်မှာ ဖြစ် စဉ်ရဲ့ရလဒ်ကို ခန့်မှန်းတွက်ချက်ဖို့ မဖြစ်နိုင်ပါဘူး။” ဟု ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

 

အက်စ်တိုးနီးယားနိုင်ငံက ယူကရိန်းနိုင်ငံအတွက် D-30 ဟောက်ဝစ်ဇာအမြောက်များ တင်ပို့ပေးလိုသည့်အ တွက် ဂျာမနီနိုင်ငံကို ဆုံးဖြတ်ချက်ပြောင်းလဲပြီး ခွင့်ပြုချက်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ဆိုဗီယက်ခေတ်  လက်နက်များဖြစ်သော ဟောက်ဝစ်ဇာအမြောက်များမှာ ဂျာမနီနိုင်ငံတွင် ကျန်ရစ်ခဲ့ပြီး အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီ ပြန်လည်ပေါင်းစည်းပြီးနောက် ဂျာမနီနိုင်ငံက အဆိုပါလက်နက်များကို ဖင်လန်နိုင်ငံနှင့် အက်စ်တိုးနီးယားနိုင်ငံသို့ တင်ပို့ခဲ့သည်။

 

ရုရှားနိုင်ငံနှင့် အနောက်အုပ်စုဆက်ဆံရေးတင်းမာနေသည့်အချိန်တွင် အမေရိကန်နှင့် ဗြိတိန်အပါအဝင် အခြား နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် မတူသည်မှာ ဂျာမနီနိုင်ငံက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများထောက်ပံ့ရန် ငြင်း ဆိုခဲ့ခြင်းဖြစ်သည်။

 

လွန်ခဲ့သည့်တစ်နှစ်အတွင်း အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံကို လုံခြုံရေးအထောက်အပံ့အတွက် အမေရိ ကန်ဒေါ်လာ သန်း ၄၀၀ ကျော် ပံ့ပိုးကူညီခဲ့သည်။ ၂၀၁၄ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံသည် ယူကရိန်း နိုင်ငံအတွက် ဂျာဗီလင်တင့်ဖျက်ဒုံးကျည်များ၊ လက်နက်ငယ်များ၊ ခဲယမ်းမီးကျောက်များ၊ ကင်းလှည့်ရေယာဉ် များနှင့် အခြားစစ်လက်နက်ပစ္စည်းများ ထောက်ပံံ့ခဲ့သည်။

 

သို့သော် ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီအုပ်ချုပ်မှုအောက်တွင် ဂျာမနီနိုင်ငံ၏ ရက်စက်ကြမ်းကြုပ်လှသော သမိုင်းရှိခဲ့သော်လည်း ယူကရိန်းကို လက်နက်ပေးပို့ခြင်းအား ဆန့်ကျင်၍ ရုရှားနိုင်ငံကို ရန်စခြင်းအား ဂျာမနီနိုင် ငံက ရှောင်ရှားခဲ့သည်။

 

“ကျွန်မတို့ရဲ့ တင်းကျပ်လှတဲ့ရပ်တည်မှုကို ကောင်းကောင်းသိထားကြပါတယ်။ အဲဒီတင်းကျပ်တဲ့ရည်တည် မှုဟာ သမိုင်းမှာအမြစ်တွယ်နေပြီးဖြစ်ပါတယ်။” ဟု ယခုသီတင်းပတ်အတွင်း ယူကရိန်းနိုင်ငံ ကီယက်ဗ်မြို့သို့ သွားရောက်စဉ်အတွင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘဲဘော့ခ်က ပြောသည်။

 

အသက်တစ်မျှအရေးကြီးသည့် စစ်လက်နက်ပစ္စည်းများတင်ပို့ခြင်းကို ပယ်ချထားသည့်ဆုံးဖြတ်ချက်အစား ပိုပြီး ကြောင်းကျိုးဆီလျော်သည့်ဆုံးဖြတ်ချက်မျိုး ချမှတ်ရန်ပြောဆိုရင်း ဂျာမနီနိုင်ငံအနေဖြင့် ၎င်းတို့မူဝါဒကို အနည်း ငယ်ပြန်လည်ပြင်ဆင်ရန် ယူကရိန်းနိုင်ငံက တိုက်တွန်းလိုက်သည်။

 

“ဒီတာဝန်ယူမှုကို ယူကရိန်းပြည်သူတွေအတွက် အသုံးချသင့်ပါတယ်။ ယူကရိန်းကို နာဇီတွေသိမ်းပိုက်ထားတဲ့ အချိန်မှာ ယူကရိန်းပြည်သူ ၈ သန်းထက်မနည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။” ဟု ဂျာမနီနိုင်ငံဆိုင်ရာ ယူကရိန်း သံအမတ်ကြီး အန်ဒရီးဂျ်မီလင့်က်က DPA သတင်းဌာနကို ပြောသည်။

 

Ref: Germany blocks NATO ally Estonia from giving military support to Ukraine as it faces a possible Russian invasion: report

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Germany blocks NATO ally Estonia from giving military support to Ukraine as it faces a possible Russian invasion: report

 

#PeopleMedia


Share this post