• Follow Us on

Home ဂျာမနီအတွက် P-8A ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေယာဉ် ထုတ်လုပ်ခွင့် ဘိုးရင်းကုမ္ပဏီရရှိ

ဂျာမနီအတွက် P-8A ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေယာဉ် ထုတ်လုပ်ခွင့် ဘိုးရင်းကုမ္ပဏီရရှိ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၃၀ (People Media)

 

ဂျာမနီရေတပ်အတွက်လျာထားသည့် P-8A Poseidon ပင်လယ်ပြင်စောင့်ကြည့်ရေးနှင့် ရေငုပ်သင်္ဘောတိုက် ဖျက်ရေးလေယာဉ် ငါးစင်းထုတ်လုပ်ရန် ဘိုးရင်းကုမ္ပဏီက အမေရိကန်ရေတပ်နှင့် စာချုပ်ချုပ်ဆိုလိုက်ကြောင်း ကြေညာလိုက်သည်။

 

ဂျာမနီနိုင်ငံက ၎င်းနိုင်ငံ၏ သက်တမ်းရင့် P-3C Orion လေယာဉ်များကို အစားထိုးရန် P-8A Poseidon လေ ယာဉ်များမှာယူခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကန်ထရိုက်ရရှိခဲ့ခြင်းဖြစ်သည်။ ခေတ်မီလက်နက် တပ်ဆင်ပွဲအရှိန်မြင့်လာစဉ် ရေငုပ်သင်္ဘောအမျိုးမျိုးကိုပစ်မှတ်ထားတိုက်ခိုက်ရန်အတွက်လိုအပ်သည့် sensor စွမ်းရည်များနှင့် တိုက်ခိုက်ရေးစွမ်းရည်များ ပေးစွမ်းနိုင်သည့် P-8A Poseidon လေယာဉ်နှင့် ဂျာမနီလိုအပ်ချက် မှာ ကိုက်ညီမှုရှိကြောင်း အမေရိကန်အရာရှိများကပြောသည်။

 

ဂျာမန်လွှတ်တော်အမတ်များက အဆိုပါလေယာဉ်ဝယ်ယူရေးကိစ္စကို ယခုနှစ်နွေရာသီအစောပိုင်းက မူအားဖြင့် သဘောတူညီခဲ့သည်။ လေယာဉ်ငါးစင်းအတွက် အမေရိကန်ဒေါ်လာ ၁.၁ ဘီလျံဈေးပေါက်ပြီး အခွန်နှုန်းထား များ၊ သင်တန်းကြေးများ၊ အပိုပစ္စည်းများနှင့် ထောက်ပံ့မှုများထပ်မံပေါင်းထည့်လိုက်ပါက စုစုပေါင်းဈေးနှုန်းမှာ ပေါင် ၁.၄ ဘီလျံ (ဒေါ်လာ ၁.၆ ဘီလျံ) ကျသင့်မည်ဖြစ်သည်။

 

ဂျာမနီနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်လောက်တွင် လေယာဉ်စတင်လက်ခံရရှိမည်ဖြစ်ကြောင်း ဘိုးရင်းကုမ္ပဏီက ပြောသည်။

 

“ဂျာမနီနိုင်ငံနဲ့ ဒီအရောင်းအဝယ်စာချုပ်ကို နောက်ဆုံးအပြီးသတ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဂျာမန်ရေတပ်အတွက် P-8A လေယာဉ်တွေနဲ့ အဲဒီလေယာဉ်တွေရဲ့ စစ်ဆင်ရေးမျိုး စုံတိုက်ခိုက်နိုင်စွမ်းရှိတာတွေကို သယ်ဆောင်လာပေးခြင်းအားဖြင့် ကျွန်တော်တို့ခြေလှမ်းတွေ တိုးချဲ့လာနိုင် တာကိုလည်း ဝမ်းမြောက်ပါတယ်။” ဟု ဂျာမနီနိုင်ငံရှိ ဘိုးရင်းကာကွယ်ရေး၊ လေကြောင်းနှင့် လုံခြုံရေးအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ မိုက်ကယ်ဟော့စ်တက်တာက ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

 

P-8A လေယာဉ်ဝယ်ယူရေးစာချုပ် အပြီးသတ်လက်မှတ်ရေးထိုးပြီးသော်လည်း ဂျာမန်အစိုးရအနေဖြင့် ၂၀၃၅ ခုနှစ်ဝန်းကျင်တွင် အသုံးပြုနိုင်ရန်ရွေးချယ်ထားသည့် ရေငုပ်သင်္ဘောတိုက်ခိုက်ရေးလက်နက်အသစ်ဖြစ်သော “ပင်လယ်ပြင်လေကြောင်းစစ်ဆင်ရေးစနစ်” ကို ပြင်သစ်နိုင်ငံနှင့် ပူးပေါင်းထုတ်လုပ်မည့်အစီအစဉ်များကို ဆက် လက်ကိုင်စွဲထားဆဲဖြစ်သည်။

 

ဂျာမနီက ကြားကာလနှစ်များအတွက် P-8A Poseidon လေယာဉ်များဝယ်ယူမည်ဖြစ်သဖြင့်  အခြားလက်နက် ထုတ်လုပ်မှုကို စိတ်ဝင်စားမှုလျော့ကျသွားမည့်အရေးမျှော်ကြည့်ရင်း ပြင်သစ်နိုင်ငံက ကျွဲမြီးတိုလျက်ရှိကြောင်း ယခုနှစ်နွေဦးတွင် ပြင်သစ်သတင်းစာများက ရေးသားခဲ့သည်။

 

Ref: Boeing gets nod to start building Germany’s P-8 anti-submarine aircraft

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Boeing gets nod to start building Germany’s P-8 anti-submarine aircraft

 

#PeopleMedia


Share this post