• Follow Us on

Home ဂ်ာမနီ၀န္ႀကီးခ်ဳပ္ျပန္ၾကားေရး႐ံုး၀န္ထမ္းတစ္ေယာက္ အီဂ်စ္သူလွ်ိဳဟု သံသယ႐ွိေန

ဂ်ာမနီ၀န္ႀကီးခ်ဳပ္ျပန္ၾကားေရး႐ံုး၀န္ထမ္းတစ္ေယာက္ အီဂ်စ္သူလွ်ိဳဟု သံသယ႐ွိေန

Share this post

ဘာလင္၊ ဇူလိုင္ ၁၁

ဂ်ာမနီႏိုင္ငံ၏ ျပည္ေထာင္စုျပန္ၾကားေရး႐ံုး၀န္ထမ္းတစ္ေယာက္သည္ အီဂ်စ္လွ်ိဳ႕၀ွက္ေထာက္လွမ္းေရးအဖြဲ႕ အတြက္ ႏွစ္ေပါင္းမ်ားစြာ အလုပ္လုပ္ေနေၾကာင္း ေတြ႕႐ွိသည္ဟု ဂ်ာမနီျပည္ထဲေရး၀န္ႀကီး Horst Seehofer က ၾကာသပေတးေန႔တြင္ေျပာသည္။

စံုစမ္းေနဆဲျဖစ္ရပ္ႏွင့္ ပုဂၢိဳလ္ေရးကိစၥရပ္မ်ားအေပၚတြင္ မွတ္ခ်က္ေပးမည္မဟုတ္ဟု ၀န္ႀကီးခ်ဳပ္အန္ဂ်လာ မာကယ္၏ ေျပာခြင့္ရသူလည္းျဖစ္၊ ျပည္ေထာင္စုျပန္ၾကားေရး႐ံုးအႀကီးအကဲလည္းျဖစ္သည့္ Steffen Seibert ကေျပာသည္။

စစ္ေဆးခံေနရသူသည္ ႐ံုး၏ ဧည့္သည္ဆိုင္ရာဌာနတြင္ အလယ္အလတ္တာ၀န္႐ွိ၀န္ထမ္းတစ္ေယာက္ျဖစ္ၿပီး စာေမးပြဲတစ္ခုေျဖဆိုၿပီး လုပ္ငန္းခြင္ေလ့က်င့္မႈ ၂ ႏွစ္ၿပီးေျမာက္မွအလုပ္၀င္ခဲ့သူျဖစ္သည္။

၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာတြင္ ထိုသူကို႐ွာေဖြရန္ ရဲမ်ားက အထူးအစီအမံမ်ားေဆာင္႐ြက္ခဲ့သည္။

စံုစမ္းစစ္ေဆးမႈတစိတ္တပိုင္းအေနျဖင့္ ဧည့္သည္ဆိုင္ရာဌာနကိုလည္း ႐ွာေဖြခဲ့ၾကသည္။

ထိုသူကို သူလွ်ိဳလုပ္သည္ဟုသံသယ႐ွိေနၿပီး ဆက္လက္စံုစမ္းစစ္ေဆးေနေၾကာင္း ဂ်ာမနီျပည္ေထာင္စုျပည္သူ႔ အမႈလိုက္ေ႐ွ႕ေနကအတည္ျပဳသည္။

Ref : Employee in Angela Merkel’s press office suspected of spying for Egypt

#PeopleMedia

(unicode)
ဂျာမနီဝန်ကြီးချုပ်ပြန်ကြားရေးရုံးဝန်ထမ်းတစ်ယောက် အီဂျစ်သူလျှိုဟု သံသယရှိနေ
…………………………………………………………

ဘာလင်၊ ဇူလိုင် ၁၁

ဂျာမနီနိုင်ငံ၏ ပြည်ထောင်စုပြန်ကြားရေးရုံးဝန်ထမ်းတစ်ယောက်သည် အီဂျစ်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ အတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်နေကြောင်း တွေ့ရှိသည်ဟု ဂျာမနီပြည်ထဲရေးဝန်ကြီး Horst Seehofer က ကြာသပတေးနေ့တွင်ပြောသည်။

စုံစမ်းနေဆဲဖြစ်ရပ်နှင့် ပုဂ္ဂိုလ်ရေးကိစ္စရပ်များအပေါ်တွင် မှတ်ချက်ပေးမည်မဟုတ်ဟု ဝန်ကြီးချုပ်အန်ဂျလာ မာကယ်၏ ပြောခွင့်ရသူလည်းဖြစ်၊ ပြည်ထောင်စုပြန်ကြားရေးရုံးအကြီးအကဲလည်းဖြစ်သည့် Steffen Seibert ကပြောသည်။

စစ်ဆေးခံနေရသူသည် ရုံး၏ ဧည့်သည်ဆိုင်ရာဌာနတွင် အလယ်အလတ်တာဝန်ရှိဝန်ထမ်းတစ်ယောက်ဖြစ်ပြီး စာမေးပွဲတစ်ခုဖြေဆိုပြီး လုပ်ငန်းခွင်လေ့ကျင့်မှု ၂ နှစ်ပြီးမြောက်မှအလုပ်ဝင်ခဲ့သူဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာတွင် ထိုသူကိုရှာဖွေရန် ရဲများက အထူးအစီအမံများဆောင်ရွက်ခဲ့သည်။

စုံစမ်းစစ်ဆေးမှုတစိတ်တပိုင်းအနေဖြင့် ဧည့်သည်ဆိုင်ရာဌာနကိုလည်း ရှာဖွေခဲ့ကြသည်။

ထိုသူကို သူလျှိုလုပ်သည်ဟုသံသယရှိနေပြီး ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ဂျာမနီပြည်ထောင်စုပြည်သူ့ အမှုလိုက်ရှေ့နေကအတည်ပြုသည်။

Ref : Employee in Angela Merkel’s press office suspected of spying for Egypt

#PeopleMedia


Share this post