• Follow Us on

Home ဂ်ာမနီ၀န္ႀကီးခ်ဳပ္ ကိုယ့္ကိုယ္ကို ေစာင့္ၾကည့္ကန္႔သတ္စာရင္းတြင္ ထည့္သြင္း

ဂ်ာမနီ၀န္ႀကီးခ်ဳပ္ ကိုယ့္ကိုယ္ကို ေစာင့္ၾကည့္ကန္႔သတ္စာရင္းတြင္ ထည့္သြင္း

Share this post

ဘာလင္၊ မတ္ – ၂၃

ဂ်ာမနီ၀န္ႀကီးခ်ဳပ္အန္ဂ်လာ မာကယ္ ကို႐ိုနာဗိုင္းရပ္စ္႐ွိေနသူတစ္ေယာက္ႏွင့္ ထိေတြ႕ခဲ့ၿပီးေနာက္ ကိုယ့္ကိုယ္ ကို ေစာင့္ၾကည့္ကန္႔သတ္စာရင္းတြင္ထည့္သြင္းခဲ့ေၾကာင္း သူ၏ေျပာခြင့္ရသူက တနဂၤေႏြေန႔တြင္ေျပာသည္။

ဆရာ၀န္က ေသာၾကာေန႔တြင္ သူ႔ကို ဆရာ၀န္က ကာကြယ္ေဆးေပးခဲ့ၿပီး မၾကာခင္တြင္ ထိုဆရာ၀န္ ကို႐ိုနာ ဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္းေတြ႕႐ွိခဲ့ျခင္းျဖစ္သည္ဟု ဂ်ာမနီအစိုးရေျပာခြင့္ရသူ စတက္ဖန္ ဇိုင္းဘာ့ဂ်္ ကေျပာသည္။

ေစာင့္ၾကည့္ကန္႔သတ္ေနခ်ိန္တြင္ မာကယ္လည္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရျခင္း႐ွိ၊ မ႐ွိစစ္ေဆးသြားမည္ဟု လည္း ဇိုင္းဘာ့ဂ်္ကေျပာသည္။

တနဂၤေႏြေန႔အေစာပိုင္းတြင္ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ရန္ ထိေတြ႕မႈတားျမစ္ေၾကာင္း ဂ်ာမနီႏိုင္ငံ အေကာင္အထည္ေဖာ္ထားသည္ဟု မာကယ္ကေျပာသည္။

ႏိုင္ငံသားမ်ားအေနႏွင့္ တစ္ေယာက္ႏွင့္တစ္ေယာက္ၾကား အနည္းဆံုး တစ္မီတာခြဲမွ ႏွစ္မီတာအထိျခားၿပီး ေနထိုင္ၾကရန္ မာကယ္ကၫႊန္ၾကားခဲ့ၿပီး အနည္းဆံုး ၂ ပတ္ေနရာျခားၾကရန္လည္း ေျပာသည္။

တစ္အိမ္တည္းမွာေနသူမ်ားမဟုတ္ပါက လူႏွစ္ေယာက္ထပ္ပိုမေတြ႕ဆံုရန္လည္း ၫႊန္ၾကားထားသည္။

ဥေရာပ၏စီးပြားေရးအင္အားအႀကီးဆံုးႏိုင္ငံျဖစ္သည့္ဂ်ာမနီႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူ ၁၈၆၁၀ ေယာက္႐ွိေနၿပီး ေသဆံုးသူ ၅၅ ေယာက္႐ွိေနသည္။

Ref: German Chancellor Angela Merkel goes into self-quarantine

#PeopleMedia #CoronaVirus #SelfQuarantine

(Unicode)
ဂျာမနီဝန်ကြီးချုပ် ကိုယ့်ကိုယ်ကို စောင့်ကြည့်ကန့်သတ်စာရင်းတွင် ထည့်သွင်း
…………………………………………………………

ဘာလင်၊ မတ် – ၂၃

ဂျာမနီဝန်ကြီးချုပ်အန်ဂျလာ မာကယ် ကိုရိုနာဗိုင်းရပ်စ်ရှိနေသူတစ်ယောက်နှင့် ထိတွေ့ခဲ့ပြီးနောက် ကိုယ့်ကိုယ် ကို စောင့်ကြည့်ကန့်သတ်စာရင်းတွင်ထည့်သွင်းခဲ့ကြောင်း သူ၏ပြောခွင့်ရသူက တနင်္ဂနွေနေ့တွင်ပြောသည်။

ဆရာဝန်က သောကြာနေ့တွင် သူ့ကို ဆရာဝန်က ကာကွယ်ဆေးပေးခဲ့ပြီး မကြာခင်တွင် ထိုဆရာဝန် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဂျာမနီအစိုးရပြောခွင့်ရသူ စတက်ဖန် ဇိုင်းဘာ့ဂ်ျ ကပြောသည်။

စောင့်ကြည့်ကန့်သတ်နေချိန်တွင် မာကယ်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊ မရှိစစ်ဆေးသွားမည်ဟု လည်း ဇိုင်းဘာ့ဂ်ျကပြောသည်။

တနင်္ဂနွေနေ့အစောပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ထိတွေ့မှုတားမြစ်ကြောင်း ဂျာမနီနိုင်ငံ အကောင်အထည်ဖော်ထားသည်ဟု မာကယ်ကပြောသည်။

နိုင်ငံသားများအနေနှင့် တစ်ယောက်နှင့်တစ်ယောက်ကြား အနည်းဆုံး တစ်မီတာခွဲမှ နှစ်မီတာအထိခြားပြီး နေထိုင်ကြရန် မာကယ်ကညွှန်ကြားခဲ့ပြီး အနည်းဆုံး ၂ ပတ်နေရာခြားကြရန်လည်း ပြောသည်။

တစ်အိမ်တည်းမှာနေသူများမဟုတ်ပါက လူနှစ်ယောက်ထပ်ပိုမတွေ့ဆုံရန်လည်း ညွှန်ကြားထားသည်။

ဥရောပ၏စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့်ဂျာမနီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၈၆၁၀ ယောက်ရှိနေပြီး သေဆုံးသူ ၅၅ ယောက်ရှိနေသည်။

Ref: German Chancellor Angela Merkel goes into self-quarantine

#PeopleMedia #CoronaVirus #SelfQuarantine


Share this post