• Follow Us on

Home ဂ်ာမနီႏိုင္ငံရွိ ဘားႏွစ္ခု၌ ေသနတ္ပစ္ခတ္မႈမ်ားျဖစ္ပြားရာ ရွစ္ဦးေသ၊ အမ်ားအျပား ဒဏ္ရာရ

ဂ်ာမနီႏိုင္ငံရွိ ဘားႏွစ္ခု၌ ေသနတ္ပစ္ခတ္မႈမ်ားျဖစ္ပြားရာ ရွစ္ဦးေသ၊ အမ်ားအျပား ဒဏ္ရာရ

Share this post

ႏိုင္ငံတကာ၊ ေဖေဖာ္ဝါရီ ၂၀

ဂ်ာမနီႏိုင္ငံရွိ ဘားႏွစ္ခုတြင္ ေသနတ္ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ရာ လူရွစ္ဦးထက္ မနည္း ေသဆုံးခဲ့ၿပီး အမ်ားအျပား ဒဏ္ရာရရွိခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕က ျပစ္မႈက်ဴးလြန္သူမ်ားကို ပိုက္စိပ္တိုက္ရွာေဖြလ်က္ရွိသည္။

တိုက္ခိုက္မႈမ်ားမွာ ဖရန္႔ဖတ္ၿမိဳ႕မွ ကီလိုမီတာ ၂၀ (၁၂ မိုင္) ခန္႔အကြာ ဟန္ေနာ္ၿမိဳ႕ရွိ ဘားႏွစ္ခု၌ ျဖစ္ ပြားခဲ့ၿပီး ရဲတပ္ဖြဲ႕က အခင္းျဖစ္ရာေနရာမ်ားသို႔ ျမန္ျမန္ဆန္ဆန္ ေရာက္ရွိလာခဲ့ၿပီး ရဟတ္ယာဉ္မ်ားျဖင့္ ပစ္ခတ္မႈ က်ဴးလြန္သူမ်ားကို ရွာေဖြလ်က္ရွိသည္။

ပထမပစ္ခတ္မႈမွာ ည ၁၀ နာရီဝန္းက်င္တြင္ ၿမိဳ႕လယ္ရွိ “Midnight” ဘား၌ ျဖစ္ပြားခဲ့ေၾကာင္း သတင္းမ်ားက ေဖာ္ျပခဲ့သည္။ အေဆာက္အအုံေရွ႕တြင္ လူသုံးဦး ေသဆုံးခဲ့ေၾကာင္း ေဒသႏၲရမီဒီယာမ်ားက ေဖာ္ျပၾကၿပီး ဒါဇင္ႏွင့္ခ်ီေသာ ေသနတ္ပစ္ခတ္သံမ်ားကို ၾကားခဲ့ရေၾကာင္း မ်က္ျမင္မ်ား က ေျပာၾကားသည္။

တိုက္ခိုက္သူမ်ားက အခင္းျဖစ္ရာေနရာမွ အခင္းျဖစ္ရာေနရာမွ ကားျဖင့္ ထြက္ေျပးခဲ့ၿပီး ဒုတိယပစ္ခတ္မႈ မွာ “Arena” ဘား၌ ျဖစ္ပြားခဲ့သည္။

ေသနတ္သမားတစ္ဦးက လူေခၚေခါင္းေလာင္းတီး၍ ေဆးလိပ္ေသာက္ရာ ဧရိယာရွိ လူမ်ားကို ပစ္ခတ္ခဲ့ရာ အမ်ိဳးသမီးတစ္ဦးအပါအဝင္ လူငါးဦး ေသဆုံးခဲ့ေၾကာင္း၊ ေသဆုံးသူမ်ားမွာ ကာဒ့္မ်ိဳးႏြယ္စုဝင္မ်ားျဖစ္ေၾကာင္း The Bild သတင္းစာ၏ ေဖာ္ျပခ်က္အရ သိရသည္။

“ေသဆုံးတဲ့သူေတြက ကြၽန္ေတာ္တို႔သိခဲ့တာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနပါၿပီ” ဟု ဘားမန္ေနဂ်ာ၏ သားျဖစ္သူက ေျပာၾကားသည္။

ေသဆုံးသူမ်ားထဲတြင္ အလုပ္သမားႏွစ္ဦးလည္း ပါဝင္သည္ဟု ပစ္ခတ္မႈျဖစ္ပြား ခ်ိန္၌ ဘား၌ရွိေနခဲ့သည့္ အမ်ိဳးသားတစ္ဦးက ေျပာၾကားသည္။

တိုက္ခိုက္မႈမ်ားတြင္ လူငါးဦးထက္မနည္းလည္း ဒဏ္ရာရရွိခဲ့သည္ဟု သတင္းမ်ားက ဆိုသည္။ ထိတ္လန္႔ဖြယ္ရာေကာင္းေသာ ညတစ္ညျဖစ္ခဲ့ေၾကာင္း ဟန္ေနာ္ ၿမိဳ႕ေတာ္ဝန္ ကေလာက္စ္ကာမင္စကီက ေျပာသည္။

ဂ်ာမနီႏိုင္ငံမွာ မၾကာေသးမီႏွစ္မ်ားအတြင္း အစြန္းေရာက္မ်ား၏ တိုက္ခိုက္မႈကို ခံခဲ့ရၿပီး ၂၀၁၆ ခုႏွစ္၊ ဒီ ဇင္ဘာလအတြင္း ဘာလင္ၿမိဳ႕လယ္၌ တိုက္ခိုက္မႈတစ္ခု ျဖစ္ပြားခဲ့ရာ လူ ၁၂ ဦး ေသဆုံးခဲ့သည္။

#MPI #InternationalNews #peoplemedia

ကိုးကား – အအေကျဖၿပီ

Ref; Huge manhunt after at least eight killed in Germany shootings

(unicode)
ဂျာမနီနိုင်ငံရှိ ဘားနှစ်ခု၌ သေနတ်ပစ်ခတ်မှုများဖြစ်ပွားရာ ရှစ်ဦးသေ၊ အများအပြား ဒဏ်ရာရ
…………………………………………………………………………….

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၀

ဂျာမနီနိုင်ငံရှိ ဘားနှစ်ခုတွင် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လူရှစ်ဦးထက် မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများကို ပိုက်စိပ်တိုက်ရှာဖွေလျက်ရှိသည်။

တိုက်ခိုက်မှုများမှာ ဖရန့်ဖတ်မြို့မှ ကီလိုမီတာ ၂၀ (၁၂ မိုင်) ခန့်အကွာ ဟန်နော်မြို့ရှိ ဘားနှစ်ခု၌ ဖြစ် ပွားခဲ့ပြီး ရဲတပ်ဖွဲ့က အခင်းဖြစ်ရာနေရာများသို့ မြန်မြန်ဆန်ဆန် ရောက်ရှိလာခဲ့ပြီး ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှု ကျူးလွန်သူများကို ရှာဖွေလျက်ရှိသည်။

ပထမပစ်ခတ်မှုမှာ ည ၁၀ နာရီဝန်းကျင်တွင် မြို့လယ်ရှိ “Midnight” ဘား၌ ဖြစ်ပွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အဆောက်အအုံရှေ့တွင် လူသုံးဦး သေဆုံးခဲ့ကြောင်း ဒေသန္တရမီဒီယာများက ဖော်ပြကြပြီး ဒါဇင်နှင့်ချီသော သေနတ်ပစ်ခတ်သံများကို ကြားခဲ့ရကြောင်း မျက်မြင်များ က ပြောကြားသည်။

တိုက်ခိုက်သူများက အခင်းဖြစ်ရာနေရာမှ အခင်းဖြစ်ရာနေရာမှ ကားဖြင့် ထွက်ပြေးခဲ့ပြီး ဒုတိယပစ်ခတ်မှု မှာ “Arena” ဘား၌ ဖြစ်ပွားခဲ့သည်။

သေနတ်သမားတစ်ဦးက လူခေါ်ခေါင်းလောင်းတီး၍ ဆေးလိပ်သောက်ရာ ဧရိယာရှိ လူများကို ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦးအပါအဝင် လူငါးဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများမှာ ကာဒ့်မျိုးနွယ်စုဝင်များဖြစ်ကြောင်း The Bild သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

“သေဆုံးတဲ့သူတွေက ကျွန်တော်တို့သိခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေပါပြီ” ဟု ဘားမန်နေဂျာ၏ သားဖြစ်သူက ပြောကြားသည်။

သေဆုံးသူများထဲတွင် အလုပ်သမားနှစ်ဦးလည်း ပါဝင်သည်ဟု ပစ်ခတ်မှုဖြစ်ပွား ချိန်၌ ဘား၌ရှိနေခဲ့သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

တိုက်ခိုက်မှုများတွင် လူငါးဦးထက်မနည်းလည်း ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများက ဆိုသည်။ ထိတ်လန့်ဖွယ်ရာကောင်းသော ညတစ်ညဖြစ်ခဲ့ကြောင်း ဟန်နော် မြို့တော်ဝန် ကလောက်စ်ကာမင်စကီက ပြောသည်။

ဂျာမနီနိုင်ငံမှာ မကြာသေးမီနှစ်များအတွင်း အစွန်းရောက်များ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ၂၀၁၆ ခုနှစ်၊ ဒီ ဇင်ဘာလအတွင်း ဘာလင်မြို့လယ်၌ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၂ ဦး သေဆုံးခဲ့သည်။

#MPI #InternationalNews #peoplemedia

ကိုးကား – အအကေဖြပြီ

Ref; Huge manhunt after at least eight killed in Germany shootings


Share this post