• Follow Us on

Home ဂ်ာမနီႏွင့္ ဖင္လန္တို႔က အိုက္အက္စ္စခန္းမ်ားမွ ႏိုင္ငံသားအမ်ိဳးသမီးမ်ားကို အိမ္ျပန္ေခၚ

ဂ်ာမနီႏွင့္ ဖင္လန္တို႔က အိုက္အက္စ္စခန္းမ်ားမွ ႏိုင္ငံသားအမ်ိဳးသမီးမ်ားကို အိမ္ျပန္ေခၚ

Share this post

ျမဴးနစ္၊ ဒီဇင္ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဂ်ာမနီႏွင့္ဖင္လန္ႏိုင္ငံတို႔က ဆီးရီးယားႏိုင္ငံ႐ွိ အိုင္အက္စ္ဟုမိမိကိုယ္ကိုသံုးႏႈန္းေသာ အစၥလာမ္မစ္ႏိုင္ငံ ေတာ္အၾကမ္းဖက္အဖြဲ႕၀င္မ်ား၏ မိသားစုဟုသံသယ႐ွိသည့္ အမ်ိဳးသမီး ၅ ေယာက္ႏွင့္ ကေလးငယ္ ၁၈ ေယာက္ကို အိမ္ျပန္ေခၚခဲ့သည္။
 
လူသားခ်င္းစာနာေထာက္ထားမႈအေၾကာင္းျပခ်က္မ်ားျဖင့္ ၿပီးခဲ့သည့္သီတင္းပတ္ကုန္တြင္ ျပန္ေခၚခဲ့ျခင္း ျဖစ္ေၾကာင္း ၂ ႏိုင္ငံစလံုး၏ ႏိုင္ငံျခားေရး၀န္ႀကီးမ်ားကေျပာသည္။
 
အမ်ိဳးသမီး ၅ ေယာက္အနက္ ၃ ေယာက္သည္ အိုင္အက္စ္အဖြဲ႕၀င္ဟုဆိုကာ စံုစမ္းစစ္ေဆးမႈမ်ားရင္ဆိုင္ေနရ သည္ဟု ဂ်ာမနီမီဒီယာမ်ားကေျပာသည္။
 
ဆီးရီးယားေျမာက္ပိုင္း႐ွိ ကာ့ဒ္မ်ားစီမံေနသည့္စခန္းမ်ားတြင္ အိုင္အက္စ္အဖြဲ႕၀င္ခဲ့သည့္ ဥေရာပတိုက္သားရာခ်ီ ေနထိုင္ေနၾကသည္။
 
၂၀၁၉ ခုႏွစ္၊ မတ္တြင္ ဆီးရီးယားႏွင့္အီရတ္တို႔မွ အိုင္အက္စ္သိမ္းပိုက္ထားသည့္နယ္ေျမမ်ားကို လက္လႊတ္လိုက္ရၿပီဟုအဖြဲ႕က ေၾကညာၿပီးေနာက္ အျခားလူေထာင္ခ်ီႏွင့္အတူ သူတို႔ေျပာင္းေ႐ႊ႕ခဲ့သည္။
 
သူတို႔ထဲမွအမ်ားစုသည္ အိုက္အက္စ္တိုက္ခိုက္ေရးသမားမ်ား သို႔မဟုတ္ အဖြဲ႕ကိုစာနာေထာက္ထားသူမ်ား၏ ဇနီးႏွင့္ကေလးငယ္မ်ားဟုသံသယ႐ွိသူမ်ားျဖစ္သည္။
 
Ref : Germany and Finland bring home women from Islamic State camps
 
#PeopleMedia
 
(unicode)
ဂျာမနီနှင့် ဖင်လန်တို့က အိုက်အက်စ်စခန်းများမှ နိုင်ငံသားအမျိုးသမီးများကို အိမ်ပြန်ခေါ်
………………………………………………………..
 
မြူးနစ်၊ ဒီဇင်ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဂျာမနီနှင့်ဖင်လန်နိုင်ငံတို့က ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်ဟုမိမိကိုယ်ကိုသုံးနှုန်းသော အစ္စလာမ်မစ်နိုင်ငံ တော်အကြမ်းဖက်အဖွဲ့ဝင်များ၏ မိသားစုဟုသံသယရှိသည့် အမျိုးသမီး ၅ ယောက်နှင့် ကလေးငယ် ၁၈ ယောက်ကို အိမ်ပြန်ခေါ်ခဲ့သည်။
 
လူသားချင်းစာနာထောက်ထားမှုအကြောင်းပြချက်များဖြင့် ပြီးခဲ့သည့်သီတင်းပတ်ကုန်တွင် ပြန်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း ၂ နိုင်ငံစလုံး၏ နိုင်ငံခြားရေးဝန်ကြီးများကပြောသည်။
 
အမျိုးသမီး ၅ ယောက်အနက် ၃ ယောက်သည် အိုင်အက်စ်အဖွဲ့ဝင်ဟုဆိုကာ စုံစမ်းစစ်ဆေးမှုများရင်ဆိုင်နေရ သည်ဟု ဂျာမနီမီဒီယာများကပြောသည်။
 
ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်များစီမံနေသည့်စခန်းများတွင် အိုင်အက်စ်အဖွဲ့ဝင်ခဲ့သည့် ဥရောပတိုက်သားရာချီ နေထိုင်နေကြသည်။
 
၂၀၁၉ ခုနှစ်၊ မတ်တွင် ဆီးရီးယားနှင့်အီရတ်တို့မှ အိုင်အက်စ်သိမ်းပိုက်ထားသည့်နယ်မြေများကို လက်လွှတ်လိုက်ရပြီဟုအဖွဲ့က ကြေညာပြီးနောက် အခြားလူထောင်ချီနှင့်အတူ သူတို့ပြောင်းရွှေ့ခဲ့သည်။
 
သူတို့ထဲမှအများစုသည် အိုက်အက်စ်တိုက်ခိုက်ရေးသမားများ သို့မဟုတ် အဖွဲ့ကိုစာနာထောက်ထားသူများ၏ ဇနီးနှင့်ကလေးငယ်များဟုသံသယရှိသူများဖြစ်သည်။
 
Ref : Germany and Finland bring home women from Islamic State camps
 
#PeopleMedia

Share this post