• Follow Us on

Home ဂျိုးဘိုင်ဒင်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအတွက် တပ်ဖွဲ့ဝင် ၂၅၀၀၀ လုံခြုံရေး ဆောင်ရွက်ပေးရန် ပင်တဂွန် သဘောတူ

ဂျိုးဘိုင်ဒင်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအတွက် တပ်ဖွဲ့ဝင် ၂၅၀၀၀ လုံခြုံရေး ဆောင်ရွက်ပေးရန် ပင်တဂွန် သဘောတူ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆ (People Media)
လာမည့်အပတ်တွင်ပြုလုပ်မည့် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအတွင်း ဝါရှင် တန်ဒီစီမြို့တော်၌ တပ်ဖွဲ့ဝင် ၂၅၀၀၀ လုံခြုံရေးဆောင်ရွက်ပေးမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား၌ အမေရိကန် ထောက်လှမ်းရေးတပ်ဖွဲ့ဦးဆောင်သော တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို ပံ့ပိုးကူညီရေး လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅၀၀၀ စေ လွှတ်ရန် ကာကွယ်ရေးဝန်ကြီးဌာနက သဘောတူခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
လက်ရှိတွင် ဝါရှင်တန်ဒီစီမြို့တော်၌ အမေရိကန် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၇၀၀၀ ရှိနေပြီဖြစ်သည်။ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုပွဲနှင့်ပတ်သက်၍ ဝါရှင်တန်ဒီစီနှင့် အခြားပြည်နယ်မြို့တော် များ၌ ဆန္ဒပြပွဲများပြုလုပ်ရန် အွန်လိုင်းလှုပ်ရှားမှု တွေ့ကြုံခဲ့ရပြီး အမေရိကန်ရွေးကောက်ပွဲ အောင်ပွဲကို သမ္မတ ဒေါ်နယ်ထရမ့်ထံမှ ခိုးယူခံခဲ့ရသည်ဟု ဆန္ဒပြမည့်သူများက ပြောဆိုနေကြောင်း အက်ဖ်ဘီအိုင်က သတိပေးခဲ့ သည်။
သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို အမေရိကန်လွှတ်တော်အဆောက်အအုံ အရှေ့ဘက်ရှိ စ တိတ်တစ်ခု၌ ကျင်းပမည်ဖြစ်ရာ ပွဲကြည့်ပရိသတ်များကို ဝါရှင်တန် အထိမ်းအမှတ်အဆောက်အအုံ အလွန်ထိ လဟာပြင်ဈေးဝယ်စင်တာတစ်ခုပေါ်၌ စုဝေးခွင့်ပြုမည်ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဇန်နဝါရီလ ၂၀ ရက်တွင်ကျင်းပမည့် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား၌ ယခင်ကထက် တက်ရောက်သူနည်းပါးမည်ဟု အာဏာပိုင်များက မျှော်မှန်းသည်။
ဇန်နဝါရီလ ၆ ရက်တွင် ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများက သမ္မတရွေးကောက်ပွဲရလဒ်များကို ကွန်ဂ ရက်က အတည်မပြုနိုင်စေရန် အောက်လွှတ်တော်အဆောက်အအုံကို စီးနင်းသိမ်းပိုက်ခဲ့သည်။
ဆူပူအုံကြွမှုများနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လူငါးဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၇၀ ဦး ခန့် ဒဏ်ရာရရှိခဲ့သည်။
Ref; Pentagon agrees to provide 25,000 troops for Biden inauguration
(unicode)
…………………………………………………
Ref; Pentagon agrees to provide 25,000 troops for Biden inauguration


Share this post