• Follow Us on

Home ဂျိုးဘိုင်ဒင်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဝါရှင်တန်မြို့၌ လုံခြုံရေး အထူးတင်းကျပ်

ဂျိုးဘိုင်ဒင်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဝါရှင်တန်မြို့၌ လုံခြုံရေး အထူးတင်းကျပ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်၌ ယနေ့ပြုလုပ်မည့် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား၌ တိုက်ခိုက်မှုဖြစ်ပွားနိုင်သောကြောင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နေကြောင်း အ မေရိကန် လုံခြုံရေး တာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် ဝါရှင်တန်မြို့တော်၌ လုံခြုံရေးဆောင်ရွက်ပေးရန် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂၅၀၀၀ ကို တာဝန်ပေးအပ်ထားကြောင်း ခေတ္တ ကာကွယ်ရေးဝန်ကြီး ခရစ္စတိုဖာမီလာက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့များကို အပိုလေ့ကျင့်မှု ပြုလုပ်ပေးထားကြောင်း၊ ထူးခြားဖြစ်စဉ် တွေ့ရှိပါက ကွပ်ကဲမှုဌာနသို့ အကြောင်းကြားရန် ညွှန်ကြားထားကြောင်း မီလာက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။

သမ္မတ ဒေါ်နယ်ထရမ့်က မဲလိမ်ခံရမှုကြောင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်ဟု ယူဆကြသော ဆန္ဒပြသူ အချို့က ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို အနှောက်အယှက်ပေးဖွယ်ရှိ ဟူသော ထောက်လှမ်းရေးသတင်းအချို့ကဆိုသည်။

လက်ရှိတွင် ဝါရှင်တန်မြို့တော်၌ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် လုံခြုံရေးကို အထူးတင်းကျပ်ထားသည်။

သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို အွန်လိုင်းမှပြုလုပ်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံတစ်ဝန်း ပြည်နယ် ၅၀ မှ တီးဝိုင်းများ ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။

အာဏပိုင်များက ဝါရှင်တန်မြို့လယ်ရှိ လမ်းမကြီးများ၊ မြေအောက်ဘူတာများအပြင် ဗာဂျီးနီးယားပြည်နယ်မှ ဝါရှင်တန်မြို့တော်သို့ဆက်သွယ်သည့် တံတားကြီးများကိုလည်း ပိတ်ထားခဲ့သည်။

ကိုးကား – ဗွီအိုအေ

Ref; National Guard troops prepare security around the U.S. Capitol before the 59th Presidential Inauguration in Washington

#PeopleMedia

(unicode)
……………………………………………………………..










Ref; National Guard troops prepare security around the U.S. Capitol before the 59th Presidential Inauguration in Washington

#PeopleMedia


Share this post