• Follow Us on

Home ဂ်ိဳးဘိုင္ဒင္ႏွင့္ အနီးကပ္ လက္တြဲေဆာင္ရြက္ရန္ေမွ်ာ္လင့္ဟု ဖိလစ္ပိုင္သမၼတ ဒူတာေတး ေျပာ

ဂ်ိဳးဘိုင္ဒင္ႏွင့္ အနီးကပ္ လက္တြဲေဆာင္ရြက္ရန္ေမွ်ာ္လင့္ဟု ဖိလစ္ပိုင္သမၼတ ဒူတာေတး ေျပာ

Share this post

နိုင္ငံတကာ၊ နိုဝင္ဘာ ၈

အေမရိကန္ အေရြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒင္ႏွင့္ အနီးကပ္ လက္တြဲေဆာင္ရြက္ရန္ ေမၽွာ္လင့္ပါေၾကာင္း ဖိလစ္ပိုင္သမၼတ ေရာ့ဒရီဂိုဒူတာေတးက ယေန႔ ေျပာၾကားလိုက္သည္။

“အျပန္အလွန္ေလးစားမႈ၊ အက်ိဳးျဖစ္ထြန္းမႈ၊ ဒီမိုကေရစီ၊ လြတ္လပ္မႈႏွင့္ တရားဥပေဒစိုးမိုးေရးကတိက ဝတ္မ်ားနဲ႔အညီ အေရြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒင္ဦးေဆာင္တဲ့ အေမရိကန္အစိုးရသစ္နဲ႔ အနီးကပ္ လက္တြဲ ေဆာင္ရြက္ဖို႔ ေမၽွာ္လင့္ပါတယ္” ဟု သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဟာရီရိုေကြးက သဝမ္လႊာတစ္ခုအတြင္း ေျပာ ၾကားသည္။

ဖိလစ္ပိုင္ႏွင့္ အေမရိကန္နိုင္ငံက ရွည္လ်ားေသာ ႏွစ္နိုင္ငံဆက္ဆံေရးရွိခဲ့ၿပီး ဂ်ိဳးဘိုင္ဒင္ဦးေဆာင္ေသာ အစိုးရလက္ထက္တြင္ အေမရိကန္နိုင္ငံႏွင့္ ဆက္ဆံေရး ပိုမိုတိုးျမႇင့္ရန္ မိမိတို႔ သံႏၷိဌာန္ခ်ထားေၾကာင္း ရိုေကြးက ေျပာသည္။

သူ၏ မူးယစ္ေဆးႏွိမ္နင္းေရးႏွင့္ ျပည္သူ႔လြတ္လပ္မႈမ်ားကို ၿဖိဳခြင္းမႈအေပၚ ေဝဖန္ခဲ့သည့္ ဒီမိုကရက္မ်ား ေၾကာင့္ သမၼတ ဒူတာေတးက ပုဂၢိဳလ္ေရးအရ ေဒၚနယ္ထရမ့္ကို ဒုတိယသက္တမ္း အနိုင္ရရွိေစခ်င္သည္။

ဂ်ိဳးဘိုင္ဒင္က ဒူတာေတးကဲ့သို႔ေသာ လူထုအက်ိဳးေမၽွာ္မွန္းေရးဝါဒီမ်ားႏွင့္ ထိေတြ႕ဆက္ဆံရာတြင္ ပို၍ လက္ေတြ႕ဆန္ၿပီး သတိထားမည္ဟု ေမၽွာ္မွန္းရေၾကာင္း နိုင္ငံေရးေလ့လာသူႏွင့္ စာေရးဆရာ ရစ္ခ်တ္ေဟဒါရီ ဘန္က ေျပာသည္။

ဒူတာေတး၏ သမၼတသက္တမ္းမွာ ၂၀၂၂ ခုႏွစ္တြင္ ကုန္ဆုံးမည္ျဖစ္သည္။

ကိုးကား – သည္ စထရိတ္တိုင္းမ္

Ref; Philippine President Duterte says ‘looking forward to closely working’ with Biden

#PeopleMedia

(unicode)
ဂျိုးဘိုင်ဒင်နှင့် အနီးကပ် လက်တွဲဆောင်ရွက်ရန်မျှော်လင့်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြော
………………………………………………………..

နိုင်ငံတကာ၊ နိုဝင်ဘာ ၈

အမေရိကန် အရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်နှင့် အနီးကပ် လက်တွဲဆောင်ရွက်ရန် မျှော်လင့်ပါကြောင်း ဖိလစ်ပိုင်သမ္မတ ရော့ဒရီဂိုဒူတာတေးက ယနေ့ ပြောကြားလိုက်သည်။

“အပြန်အလှန်လေးစားမှု၊ အကျိုးဖြစ်ထွန်းမှု၊ ဒီမိုကရေစီ၊ လွတ်လပ်မှုနှင့် တရားဥပဒေစိုးမိုးရေးကတိက ဝတ်များနဲ့အညီ အရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ဦးဆောင်တဲ့ အမေရိကန်အစိုးရသစ်နဲ့ အနီးကပ် လက်တွဲ ဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဟာရီရိုကွေးက သဝမ်လွှာတစ်ခုအတွင်း ပြော ကြားသည်။

ဖိလစ်ပိုင်နှင့် အမေရိကန်နိုင်ငံက ရှည်လျားသော နှစ်နိုင်ငံဆက်ဆံရေးရှိခဲ့ပြီး ဂျိုးဘိုင်ဒင်ဦးဆောင်သော အစိုးရလက်ထက်တွင် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုတိုးမြှင့်ရန် မိမိတို့ သံန္နိဌာန်ချထားကြောင်း ရိုကွေးက ပြောသည်။

သူ၏ မူးယစ်ဆေးနှိမ်နင်းရေးနှင့် ပြည်သူ့လွတ်လပ်မှုများကို ဖြိုခွင်းမှုအပေါ် ဝေဖန်ခဲ့သည့် ဒီမိုကရက်များ ကြောင့် သမ္မတ ဒူတာတေးက ပုဂ္ဂိုလ်ရေးအရ ဒေါ်နယ်ထရမ့်ကို ဒုတိယသက်တမ်း အနိုင်ရရှိစေချင်သည်။

ဂျိုးဘိုင်ဒင်က ဒူတာတေးကဲ့သို့သော လူထုအကျိုးမျှော်မှန်းရေးဝါဒီများနှင့် ထိတွေ့ဆက်ဆံရာတွင် ပို၍ လက်တွေ့ဆန်ပြီး သတိထားမည်ဟု မျှော်မှန်းရကြောင်း နိုင်ငံရေးလေ့လာသူနှင့် စာရေးဆရာ ရစ်ချတ်ဟေဒါရီ ဘန်က ပြောသည်။

ဒူတာတေး၏ သမ္မတသက်တမ်းမှာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ကိုးကား – သည် စထရိတ်တိုင်းမ်

Ref; Philippine President Duterte says ‘looking forward to closely working’ with Biden

#PeopleMedia


Share this post