• Follow Us on

Home ဂျိုး ဘိုင်ဒန် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဒုတိယအကြိမ်ထိုး

ဂျိုး ဘိုင်ဒန် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဒုတိယအကြိမ်ထိုး

Share this post

ဒီလာဝဲ၊ ဇန်နဝါရီ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုး ဘိုင်ဒန်ကို ဇန်နဝါရီ ၁၁ ရက် တနင်္လာနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေးဒုတိယအကြိမ်ကို ထိုးပေးခဲ့သည်။

ဘိုင်ဒန်အား ဒီဇင်ဘာ ၂၁ ရက်တွင် ဖိုင်ဇာ/ဘိုင်ယွန်းတက်ခ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပထမအကြိမ်ကို ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုများတွင်ထိုးပြပြီး ကာကွယ်ဆေးများဘေးကင်းစိတ်ချရကြောင်း သက်သေပြ ရန်ကြိုးစားခဲ့ပြီးနောက် ယခုဒုတိယအကြိမ်ထိုးခြင်းဖြစ်သည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်တွင် သေဆုံးသူ ၃၇၅၀၀၀ နီးပါးရှိနေပြီး ဘိုင်ဒန်ပထမ အကြိမ်ကာကွယ်ဆေးထိုးပြီးချိန်ထက် ၆၀၀၀၀ ခန့်ပိုများလာခြင်းဖြစ်သည်။

ထိုကာကွယ်ဆေးသည် ပထမတကြိမ်ထိုးပြီးနောက်ထပ် ၃ ပတ်အကြာတွင် ဒုတိယအကြိမ်ထိုးရသည်။

နောက်ထပ်ကာကွယ်ဆေးတမျိုးဖြစ်သည့် မိုဒါးနားကုမ္ပဏီ၏ဆေးသည်လည်း ၄ ပတ်အကြာတွင် ထပ်ထိုးရပြီး တကြိမ်သာထိုးရသည့်ကာကွယ်ဆေးများသည် စမ်းသပ်ဆဲအဆင့်သာရှိသေးသည်။

ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတအဖြစ်ကျမ်းကျိန်သစ္စာပြုပြီးပါက ရက် ၁၀၀ အတွင်း အမေရိကန်နိုင်ငံသားသန်း ၁၀၀ ကိုကာကွယ်ဆေးထိုးပေးမည်ဟု မစ္စတာ ဘိုင်ဒန်ကကတိပြုထားသည်။

Ref : Biden gets 2nd vaccine dose as team readies COVID-19 plan

#PeopleMedia

(unicode)
……………………………….








Ref : Biden gets 2nd vaccine dose as team readies COVID-19 plan

#PeopleMedia


Share this post