• Follow Us on

Home ဂျီဟတ်ဝါဒအတွက် အရှေ့တောင်အာရှမှ နောက်ထပ်စစ်မျက်နှာသစ် မြန်မာနိုင်ငံဖြစ်လာနိုင်

ဂျီဟတ်ဝါဒအတွက် အရှေ့တောင်အာရှမှ နောက်ထပ်စစ်မျက်နှာသစ် မြန်မာနိုင်ငံဖြစ်လာနိုင်

Share this post

ဝဲလ်မာရှယ်

 

မြန်မာနိုင်ငံတပ်မတော်က ရိုဟင်ဂျာများအား ညှင်းပန်းနှိပ်စက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ကာတီဘာ့ အယ်လ်မာဒီ ဖီဘီလက် အယ်လ်အာရကန်အဖွဲ့ဖြစ်သော ပထမဦးဆုံးသော ဆာလာဖီ-ဂျီဟတ်ဝါဒီစစ်သွေးကြွ အုပ်စုက  ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် မြန်မာအစိုးရအား ဂျီဟတ်စစ်ပွဲဆင်နွှဲကြောင်း ကြေညာလိုက်သည်။ လက်ရှိအချိန်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက် အရှေ့တောင်အာရှတွင် အဆင်းရဲ ဆုံးဖြစ်သော မြန်မာနိုင်ငံသည် ဘေးဒုက္ခမျိုးစုံနှင့် ကြုံတွေ့ရုန်းကန်နေရသည်။ မြန်မာနိုင်ငံတွင် အဆက်မပြတ် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ရောက်ရှိနေသော ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်တို့က အကြမ်းဖက်/အစွန်းရောက်ဝါဒကို မွေးဖွားပေးရန် ဖန်တီးပေးလိုက်သလိုရှိနေပြီး တောင် အာရှနှင့် အရှေ့တောင်အာရှ၏ ဆုံမှတ်တွင် ဂျီဟတ်ဝါဒီများပေါ်ထွက်လာမည့်အလားအလာတို့ကို တေ့ွမြင်နေရ ပါသည်။

 

မြန်မာနိုင်ငံသည် နိုင်ငံတကာဂျီဟတ်ဝါဒီများနှင့် ဆက်စပ်မှုမရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ရခိုင်ပြည်နယ် အ နောက်ပိုင်းရှိ မူလဆင်များကို နှစ်ရှည်လများညှင်းပန်းနှိပ်စက်ခဲ့ရာ ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများကို လူမျိုးသုဉ်း သတ်ဖြတ်ခဲ့သည်အထိ အထွတ်အထိပ်သို့ရောက်ရှိခဲ့သော်လည်း ခုခံတော်လှန်မှုများမှာ ဘာသာရေးရှုထောင့် ထက် ဘာသာရေးနှင့်ဆက်နွယ်မှုမရှိသည့် လောကီရေးရာအမြင်သက်သက်ဖြင့်သာ ပေါ်ပေါက်ခဲ့ပါသည်။

 

ယင်း တော်လှန်ရေးမှာ အရှေ့တောင်အာရှတွင် စစ်မျက်နှာသစ်ဖွင့်ရန်အတွက် အယ်ကိုင်ဒါနှင့် အိုင်အက်စ်အဖွဲ့ များကဲ့သို့ ဂျီဟတ်ဝါဒီအုပ်စုများ၏ ကြိုးပမ်းမှုများကို တားဆီးထားသကဲ့သို့ဖြစ်နေပါသည်။ သို့သော် ကာတီဘာ့ အယ်လ်မာဒီဖီဘီလက်အယ်လ်အာရကန်အဖွဲ့ ပေါ်ပေါက်လာပြီးနောက် ယင်းအဖွဲ့အနေဖြင့် ဂျီဟတ်ဝါဒကို ထောက်ခံသော ရိုဟင်ဂျာသောင်းကျန်းသူများကိုလိုလားသည့်အုပ်စုတစ်စုအဖြစ်ပြောင်းလဲသွားပြီး ၂၀၂၀ ပြည့် နှစ်တွင် အိုင်အက်စ်အဖွဲ့ကို သစ္စာစောင့်သိရန် ကတိပြုခဲ့ပါသည်။

 

မြန်မာနိုင်ငံသည် တိုင်းရင်းသားများ၏ နှစ်ရှည်လများ မကျေနပ်ချက်များ၊ အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုများ၊ စီးပွားရေးကျဆင်းမှုများ၊ စစ်တပ်၏ ဖိနှိပ်မှုများနှင့် COVID-19 ကပ်ရောဂါကူးစက်မှုများက တွန်းပို့နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခမျိုးစုံကို ရင်ဆိုင်ရင်း ဖေဖော်ဝါရီလ ၁ ရက် နေ့က အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို ဖြေရှင်းနိုင်ရန် ရုန်းကန်လှုပ်ရှားနေရပါသည်။ ယင်းအခြေအနေများက တိုင်းပြည်ကို ပြည်တွင်းစစ်ချောက်ကမ်းပါးသို့ တွန်းပို့နေပါသည်။ ၎င်းအပြင် အသစ် ပေါ်လာ သည့် ဂျီဟတ်ဝါဒီအုပ်စုကလည်း ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည့်တိုင်းပြည်၏ ပြုပြင်ပြောင်းလဲမှုများ ကို ခြိမ်းခြောက်နေပြီး အရှေ့တောင်အာရှတွင် ဂျီဟတ်ဝါဒအတွက် နောက်ဆုံးစစ်မျက်နှာသစ်ဖွင့်လှစ်ရန် ကြိုး ပမ်းနေပါသည်။

 

ဧရာဝတီလွင်ပြင်တွင်နေထိုင်သော လူများစု ဗမာ/ဗုဒ္ဓဘာသာများနှင့် တည်ငြိမ်မှုမရှိသော တောင်ပေါ်နယ်စပ် ဒေသတွင်နေထိုင်သည့် လူနည်းစုတိုင်းရင်းသားများကြားတွင် ပိုမိုကျယ်ပြန့်သောတိုက်ပွဲတစ်ခုအဖြစ် မူဆလင် ရိုဟင်ဂျာများကိုဆန့်ကျင်သည့်စစ်ဆင်ရေးများကို မြန်မာအစိုးရက ဆယ်စုနှစ်များစွာကြာသည့်တိုင်အောင်  နှစ် ရှည်လများ ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ ဗြိတိသျှထံမှ လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခုနှစ်တွင် ရိုဟင်ဂျာ မူဂျာဟစ်ဒင်အဖွဲ့သည် ရခိုင်ပြည်နယ်လွတ်လပ်ရေးရရှိရန် သို့မဟုတ် အရှေ့ပါကစ္စတန် (ယခုဘင်္ဂလားဒေ့ရှ်) နှင့်ပေါင်းစည်းရန် ကြိုးပမ်းသည့်အနေဖြင့် အင်အားမရှိသော်လည်း မြန်မာအစိုးရကို ပုန်ကန်ခဲ့ကြပါသည်။ ယင်း အချိန်ကတည်းက ရိုဟင်ဂျာခွဲထွက်ရေးဝါဒီများနှင့်မြန်မာ့တပ်မတော်ကြား တိုက်ခိုက်မှုများမှာ ကြိုကြားကြိုကြား  ဖြစ်ပွားခဲ့ရာ ၁၉၇၈ ခုနှစ်၊ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တို့တွင် မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရေး စစ် ဆင်ရေးများကို ဆောင်ရွက်ခဲ့ပါသည်။

 

သို့သော် မြန်မာအစိုးရက ရခိုင်ပြည်နယ်တွင်းရှိ မူဆလင်များနှင့် ဗုဒ္ဓဘာသာဝင်များကြား တင်းမာမှုများဖြစ်ပေါ် လာစေရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ပေးနေသည့်အတွက် မြန်မာအစိုးရ၏ ရိုဟင်ဂျာများအပေါ် ညှင်းပန်းနှိပ် စက်မှုမှာ လတ်တလောနှစ်များအတွင်း မြင့်တက်လာခဲ့သည်။ မတူကွဲပြားသည့်အုပ်စုနှစ်စုကြား မယုံကြည်မှုများ ပိုမိုဆိုးရွားမြင့်တက်လာစေရန် လူမှုကွန်ရက်ပေါ်တွင် သတင်းမှားများတင်၍ စိတ်ဓာတ်စစ်ဆင်ရေးကို ကာလ  ရှည်ပြုလုပ်ခဲ့ပါသည်။

 

၂၀၁၇ ခုနှစ်တွင် တပ်မတော်က ကုသမဂ္ဂက “လူမျိုးသုဉ်းသတ်ဖြတ်မှု” ဟု ကင်ပွန်းတပ် ထားသည့် ရိုဟင်ဂျာ များကိုဖိနှိပ်ဆန့်ကျင်သည့် စစ်ဆင်ရေးများကိုဆောင်ရွက်လာခဲ့သည့်အတွက် တင်းမာမှုအ ထွတ်အထိပ်သို့ ရောက်ရှိလာပြီး လူဦးရေမြောက်မြားစွာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရပါသည်။ ရိုဟင်ဂျာ များကို လူမျိုးသုဉ်းသတ်ဖြတ်မှုများပြုလုပ်လာကတည်းက မြန်မာမူဆလင်လူနည်းစုတို့၏ အတိဒုက္ခမှာ ဂျီဟတ် ဝါဒဖြန့်သမားများအတွက် အာရုံပြောင်းစေသည့်အကြောင်းအရာတစ်ခုဖြစ်လာပါသည်။ အစ္စလာမ်မစ်နိုင်ငံ တော်ခေါ် အိုင်အက်စ်အဖွဲ့ခေါင်းဆောင် အဘူဘာကာအယ်လ်ဘာ့ဒါဒီနှင့် အယ်ကိုင်ဒါခေါင်းဆောင် အေမန် အယ်လ်ဇာဝါဟီရီတို့နှစ်ဦးစလုံးက မြန်မာ့တပ်မတော်၏ရက်စက်မှုများကို လက်တုံ့ပြန်ရန်အတွက် မြန်မာနိုင်ငံ အား ဂျီဟတ်စစ်ပွဲဆင်နွှဲရန် တောင်းဆိုလှုံ့ဆော်ခဲ့ပါသည်။

 

ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ တောင်အာရှနှင့် အရှေ့တောင်အာရှရှိ ဒေသတွင်း ဂျီဟတ်ဝါဒီများက ကျယ် ကျယ်လောင်လောင် အသံထွက်ခဲ့ကြပါသည်။ ပါကစ္စတန်ရှိတာလီဘန်များနှင့် ဘင်္ဂလားဒေ့ရှ်ရှိ အိုင်အက်စ်အဖွဲ့ နှင့်ဆက်နွယ်သည့်အကြမ်းဖက်သမားများက ရခိုင်ပြည်နယ်ရှိ ဂျီဟတ်ဝါဒီအုပ်စုကို စစ်သင်တန်းများ၊ လက်နက် ခဲယမ်းများနှင့် ငွေကြေးအကူအညီများ ကမ်းလှမ်းခဲ့ပါသည်။ ၎င်းအပြင် အင်ဒိုနီးရှားနိုင်ငံရှိ ဆလာဖီဂျီဟတ်အဖွဲ့ အစည်းများက မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများကို ကူညီရန်အတွက် ဂျီဟတ်စစ်ပွဲဆင်နွှဲနိုင်ရန် ဆန္ဒပြုစစ်သည် ၁,၂၀၀ စေလွှတ်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

 

ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ အယ်ကိုင်ဒါအဖွဲ့၊ အိုင်အက်စ်အဖွဲ့၊ ဆလာဖီဂျီဟတ်အဖွဲ့များက စိတ်ဝင်တစား အာရုံစိုက်ခဲ့ကြသော်လည်း အဆိုပါအဖွဲ့အစည်းများမှာ ယနေ့အထိ ရခိုင်ပြည်နယ်တွင် ခြေကုပ်မယူနိုင်သေးပါ။ အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ်မတော်ခေါ် ARSA အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်များမှာ အာဖဂန်နစ္စ တန်နှင့် ပါကစ္စတန်တို့တွင် စစ်သင်တန်းများသွားရောက်တက်ခဲ့ကြသည်ဆိုသော်လည်း ယင်း ARSA တော်လှန် ရေးအဖွဲ့မှာ ဘာသာရေးနှင့် မပတ်သက်ဘဲ သီးခြားခွဲထွက်ရေးဝါဒီများအဖြစ်သာ ဆက်လက်တည်ရှိနေဆဲဖြစ်ပါ သည်။ သို့သော် ကတိပြုထားသည့် ပဋိပက္ခနယ်မြေအတွင်း အတော်အတန်ကြီးမားသော ဂျီဟတ်ဝါဒီအုပ်စုများ မရှိခြင်းမှာ အဆုံးသတ်တော့မည့်အလားအလာရှိနေပါသည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင်ကျင်းပခဲ့သည့်အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် သည့် NLD ပါတီ အနိုင်ရခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့ထိပ်တန်းစစ်ခေါင်းဆောင် များက မြန်မာနိုင်ငံတွင် အာဏာသိမ်းခဲ့ကြသဖြင့် ဒီမိုကရေစီအကူးအပြောင်းမှာ အဆုံးသတ်သွားခဲ့ရပါသည်။

 

အာဏာသိမ်းပြီးနောက်ပိုင်းတွင် အရှေ့တောင်အာရှမှအဆင်းရဲဆုံးနိုင်ငံမှာ ဝရုန်းသုန်းကားအခြေအနေ သို့ ဆိုက်ရောက်သွားခဲ့ပြီး ဘက်ပေါင်းစုံလူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းများနှင့် ရင်ဆိုင်နေရပါ သည်။ ဒီမိုကရေစီလိုလားသည့်ဆန္ဒပြသူများနှင့် မြန်မာ့တပ်မတော်တို့ ထိပ်တိုက်တွေ့ဆုံပြီး အကြမ်းဖက်နှိမ် နှင်းမှုများဖြစ်ပေါ်ခဲ့ပါသည်။ ယင်းဖြစ်ရပ်များက ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့ တွင်ရှိသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်စပ်သွားပြီး မြန်မာတစ်နိုင်ငံလုံး ပြည်တွင်းစစ်ကြီး ဖြစ်ပွားမည့် ချောက်ကမ်းပါးသို့ ရောက်ရှိနေပါသည်။

 

အကြမ်းဖက်မှုများမြင့်တက်လာသဖြင့် နိုင်ငံ၏စီးပွားရေးမှာ ရုတ်တရက်ထိုးကျလာပြီး ရင်းနှီးမြှုပ်နှံမှုများမှာ လည်း တဖြည်းဖြည်းနည်းပါးလာပါသည်။ နယ်ဘက်ဝန်ထမ်းများမှာ ဒီမိုကရေစီလိုလားသည့်ဆန္ဒပြပွဲများသို့ ကူးပြောင်းသွားသဖြင့် ဘဏ်စနစ်မှာပျက်ယွင်းလျက်ရှိပြီး နိုင်ငံအနေဖြင့် အဓိကလုပ်ငန်းများကို ဖြည့်စွမ်းနိုင် ခြင်းမရှိတော့ဘဲ မြန်မာ့လူဦးရေထက်ဝက်ကျော်မှာလည်း ဆင်းရဲတွင်း နက်သထက်နက်လာပါသည်။ ကြီးမားလှ သောအိုးအိမ်စွန့်ခွာရွှေ့ပြောင်းမှုများနှင့် COVID-19 ပြဿနာများတိုးပွားလာခြင်းကြောင့် အခြေခံအဆောက်အုံ များ တစ်စီယိုယွင်းစုတ်ပြတ်လာပြီး ဝန်နှင့်အားမမျှအောင်ထမ်းရသည့် အခြေအနေသို့ ဆိုက်ရောက်နေပါသည်။ ယင်းအခြေအနေများကြောင့် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဘေးဒုက္ခအခြေအနေများမှာ တ ဖြည်းဖြည်း တိုင်းပြည်တစ်ခုလုံးပြိုကွဲပျက်စီးလုနီးပါးအခြေအနေသို့ ကျရောက်သွားနိုင်ပါသည်။

 

ကာတီဘာ့အယ်လ်မာဒီအဖွဲ့သည် ၎င်းတို့အဖွဲ့အနေဖြင့် နောက်ခံဆက်စပ်အကြောင်းအရာများနှင့် ထိပ်တိုက်ရင် ဆိုင်နေရကြောင်း သဘောပေါက်ခဲ့ပါသည်။ တပ်မတော်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း သဘောထားကွဲလွဲ မှုများအား နှိမ်နှင်းဖြိုခွင်းနေမှုများကိုသာ စိတ်ထဲတွင်စွဲနေသဖြင့် အကန့်အသတ်ရှိသော နိုင်ငံတော်၏ဖြစ်တည် မှုမှာ ရခိုင်ပြည်နယ်အပါအဝင် တောင်ပေါ်နယ်စပ်ဒေသများတွင် တဖြည်းဖြည်း ချိနဲ့လာပါသည်။

 

ယင်းသို့ဖြစ် လာသည့် ရခိုင်ပြည်နယ်မှာ ဂျီဟတ်ဝါဒီများအတွက် ၎င်းတို့လုပ်ငန်းများကို စီမံခြင်း၊ သင်တန်းများ ပေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းများပြုလုပ်နိုင်ရန် ဘေးကင်းလုံခြုံသည့်ခိုလှုံရာနေရာတစ်ခုအဖြစ်တွန်း ပို့ပေးနေသလိုဖြစ်လာပါသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာများကို အစွန်းရောက်လွန်းစွာ ခွဲခြားချိုး နှိမ်ဆက်ဆံမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇားဒုက္ခသည်စခန်းများကဲ့သို့နေရာများတွင် ဒုက္ခသည်များကို  ညှင်းပန်းနှိပ်စက်မှုများမှာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးသွားကြသည့် ရိုဟင်ဂျာအချို့ကို အကြမ်းဖက်/ အစွန်း ရောက်ဝါဒီများဖြစ်လာအောင် တွန်းပို့သကဲ့သို့ဖြစ်နေပါသည်။

 

မြန်မာနိုင်ငံမှ မူဆလင်ဒုက္ခသည်များကို အများဆုံးလက်ခံထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ထိုင်း နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ရိုဟင်ဂျာအကျပ်အတည်းပြဿနာများကို အသုံးချရန် စိတ်အားထက်သန်နေသာ အစ္စလာမ်မစ်အုပ်စုများ၏ တည်ရှိနေမှုကို ထောက်ရှုပါက ရိုဟင်ဂျာများ ပျံ့နှံ့မှုသည် ရိုဟင်ဂျာများလွတ်မြောက် ရေးအတွက်ကတိပြုထားသောကာတီဘာ့အယ်လ်မာဒီအဖွဲ့ သို့မဟုတ် အလားတူအကြမ်းဖက်အုပ်စုများ၏ ရည် မှန်းချက်များကို ဖြည့်ဆည်းပေးမည့် စွမ်းအားတစ်ရပ်ဖြစ်လာပါက အံ့သြစရာရှိမည်မဟုတ်ပါ။

 

၎င်းအပြင် ရခိုင်ပြည်နယ်တွင် လှုပ်ရှားနေသော အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ်မတော်ခေါ် ARSA အ ဖွဲ့နှင့်  အခြားရိုဟင်ဂျာလိုလားသော စစ်သွေးကြွအုပ်စုများအနေဖြင့် ၎င်းတို့၏ဘာသာရေးမနွယ်သောရည်မှန်း ချက်များကို စွန့်လွှတ်ပြီး ကာတီဘာ့အယ်လ်မာဒီဆာလဖီ ဂျီဟတ်ဝါဒီများကို လက်ခံကြိုဆိုလိုက်ပါက ၎င်းတို့အ ဖွဲ့များတည်ရှိနေမှုသည် ဒေသခံများကြားတွင် မြုပ်ဝင်နေ သည့် စစ်သွေးကြွတိုက်ခိုက်ရေးသမား အမြောက် အမြားကို အားဖြည့်ပေးလိုက်သလိုဖြစ်သွားနိုင်ပါသည်။

 

ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းတစ်ခုမှာ ဘာသာရေးမနွယ်သောရည်မှန်းချက်များနှင့် ဂျီဟတ်ဝါဒီတို့၏ ရည် မှန်းချက်များပေါင်းစပ်သွားနိုင်မှုဖြစ်ပါသည်။ ဆိုလိုသည်မှာ အာဖရိကဒေသရှိ ဆာဟဲ၊ ဆီးရီးယား၊ ဆိုမာလီယာ နှင့် ယီမင်နိုင်ငံတို့တွင် အယ်ကိုင်ဒါနှင့် ဆက်နွယ်သည့်အကြမ်းဖက်အုပ်စုများ ရရှိခဲ့သော အောင်မြင်မှုနမူနာအ တိုင်း ဒေသတွင်းလူထုကြား ၎င်းတို့ကိုယ်၎င်း တို့ မြှုပ်နှံကာ ရခိုင်ပြည်နယ်တွင် အခြေခံအင်အားအဖြစ်တည် ဆောက်ပြီး ကာတီဘာ့အယ်လ်မာဒီဖီဘီလက်အယ်လ်အာရကန်အဖွဲ့နှင့် ခွဲထွက်ရေးဝါဒီရိုဟင်ဂျာတို့ ပေါင်း စည်းသွားခြင်းမျိုးကို ဆိုလိုပါသည်။

 

ရှုပ်ထွေးကောက်ကွေ့လှသော ကမ်းရိုးတန်းကျွန်းများ၊ မြစ်စွယ်ချောင်းစွယ်များ၊ ဒီရောက်တောများနှင့် တော တောင်ထူထပ်သော ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရှိ ရခိုင်ပြည်နယ်၏ အခြားသောသွင်ပြင်လက္ခဏာများက ကနဦးဂျီဟတ်ဝါဒီများ ခြေကုပ်ယူရန်အတွက် အလွန်အလားအလာရှိသော နေရာတစ်ခုဖြစ်လာနိုင်ပါသည်။ ယင်းနေရာမှာ  ဆန္ဒပြင်းပြသော စစ်သွေးကြွအုပ်စုများ နယ်စပ်အခြေပြုအကြမ်းဖက်မှုများလုပ်ဆောင်နိုင်သည့် “စိမ့်မြေနယ်စပ်ဒေသ” အဖြစ်ဖန်တီးပေးထားသည့် နယ်မြေတစ်ခုဖြစ်နေပါသည်။

 

ပို၍စိုးရိမ်ပူပန်စရာကောင်းသည်မှာ ဂျီဟတ်စစ်ပွဲဆင်နွှဲရန်အတွက် ကမ္ဘာတစ်ဝန်းမှ အစ္စလာမ်များကို မြန်မာနိုင် ငံ ရခိုင်ပြည်နယ်သို့ပြောင်းရွှေ့နေထိုင်ရန် တိုက်တွန်းအားပေးနေသည့် “ဟိုက်ဂျီယာနယ်မြေ ခေါ် အစ္စလာမ်မစ် များပြောင်းရွှေ့နေထိုင်ရာဒေသ” အဖြစ် ကာတီဘာ့အယ်လ်မာဒီအဖွဲ့က တံဆိပ်ကပ်နေခြင်းဖြစ်ပါသည်။

 

တောင်တန်းများသွယ်တန်းလျက် စိမ့်မြေနယ်စပ်တစ်လျှောက် ပင်လယ်ပြင်မှောင်ခိုလမ်းကြောင်းများ သွယ် တန်းလျက်ရှိနေသော ရခိုင်ပြည်နယ်၏တည်နေရာမှာ ပြည်ပမှစစ်သွေးကြွတိုက်ခိုက်ရေးသမားများ မည်သူမှ သတိမပြုမိဘဲ စိမ့်ဝင်ထိုးဖောက်လာနိုင်သည့် ဒေသတစ်ခုဖြစ်ပါသည်။

 

၂၀၁၇ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ အိုင်အက်စ်အဖွဲ့နှင့်ဆက်နွယ်သောအကြမ်းဖက်သမားများက မာရာဝီမြို့ကို သိမ်းပိုက်လိုက်သည့် ဖြစ်စဉ်လို အနုမာနအယူအဆကိုအခြေခံသော ဂျီဟတ်ဝါဒီသောင်းကျန်းသူအဖွဲ့သည် မည်သူမှသတိမမူမိဘဲ ရခိုင်ပြည်နယ်အတွင်း စိမ့်ဝင်ပျံ့နှံ့ပြီး ကြိုတင်သိရှိခြင်းမရှိဘဲ တိုက်ခိုက်လာနိုင်ပါသည်။

မြန်မာနိုင်ငံတွင် လျင်မြန်စွာကြီးထွားလာသောဂျီဟတ်ဝါဒီအကြမ်းဖက်သမားများ သတိပြုရလောက်အောင် ပေါ် ပေါက်လာခြင်း၏ အန္တရာယ်ကို အလွန်အကျွံချဲ့ကားဖော်ပြခြင်းမပြုရန် အရေးကြီးပါသည်။ ကာတီဘာ့အယ်လ် မာဒီအဖွဲ့အနေဖြင့် ယနေ့အချိန်အထိ ၎င်းတို့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့သည်ဟု ကြေညာခြင်းမရှိသေးပါ။ ကန ဦးလှုပ်ရှားမှုရှိခဲ့သော်ငြားလည်း ၎င်းတို့၏ ဝါဒဖြန့်ချိမှုမှာ အကန့်အသတ်များရှိနေဆဲဖြစ်ပါသည်။ သို့နှင့်တိုင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ကျဆုံးမှုမှာ တောင်အာရှနှင့် အရှေ့ တောင်အာရှလမ်းဆုံတွင် နိုင်ငံကျဆုံးနေမှုကိုအခွင့်ကောင်းယူအသုံးချရန် ဆန္ဒပြင်းပြသောဂျီဟတ်ဝါဒီများအ တွက် အခွင့်အလမ်းများစွာ လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်ပါသည်။

 

ခေတ်ပြိုင်ဂျီဟတ်ဝါဒီဟောပြောပို့ချချက်များနှင့်အတူ ရိုဟင်ဂျာတို့၏အတိဒုက္ခများ ထင်ပေါ်လာမှုကိုထောက်ရှုပါ က ရခိုင်ပြည်နယ်သည် အရှေ့တောင်အာရှတွင် စစ်မျက်နှာသစ်ဖွင့်လှစ်ရန်အတွက် ဒေသတစ်ဝန်းမှ နိုင်ငံခြား သားအကြမ်းဖက်တိုက်ခိုက်ရေးသမားများအတွက် အားကောင်းသောဆွဲဆောင်မှုတစ်ရပ်ဖြစ်နေပါသည်။

 

ကော့ဘဇားနှင့် ဘာဆန်ချာတို့ကဲ့သို့ ကျပ်ညှပ်ပြည့်သိပ်နေသော ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာဒုက္ခသည်များ ၏ အချိန်အကန့်အသတ်မရှိသော လက်ခံထားရှိမှုမှာ အခြေခံဝါဒီများ (အစွန်းရောက်/ အကြမ်းဖက်သမားများ) ခြေကုပ်ယူနိုင်ရန်အတွက် နယ်မြေကောင်းတစ်ခုထောက်ပံ့ပေးလိုက်ခြင်းပင်ဖြစ်သည်။ ဂျေရုဆလမ်မှ Hizb-ut-Tahrir အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်မှ Jamaat ul-Mujahideen အကြမ်းဖက်အဖွဲ့တို့မှာ အိုးအိမ်များစွန့်ခွာထွက်ပြေး သွားကြသော ရိုဟင်ဂျာဒုက္ခသည်များကြားထဲတွင် အကြမ်းဖက်သမားများအတွက် လူသစ်စုဆောင်းမှုကို အာရုံ စိုက်လုပ်ဆောင်နေကြပါသည်။

 

ပိုမိုကျယ်ပြန့်သည့်ဆက်စပ်အကြောင်းအရာများကို ဆင်ခြင်တွေးတောပါက  အာဖဂန်နစ္စတန်တွင် တာလီဘန် များက အစ္စလာမ်မစ်စော်ဘွားများနိုင်ငံကို ပြန်လည်ထူထောင်လိုက်ခြင်းသည် နိုင်ငံတကာဂျီဟတ်လှုပ်ရှားမှုအ တွက်တွန်းအားတစ်ရပ်ထောက်ပံ့ပေးလိုက်ခြင်းဖြစ်ပါသည်။ ဝေးလံသောဒေသမှနေ၍ မြန်မာနိုင်ငံတွင်း ကာတီ ဘာ့အယ်လ်မာဒီအဖွဲ့ သို့မဟုတ် အခြားရိုဟင်ဂျာဂျီဟတ်ဝါဒီအုပ်စုများ စစ်သင်တန်းပေးနိုင်ခြင်း၊ အကြမ်းဖက်မှု များစီစဉ်နိုင်ခြင်း၊ အကြမ်းဖက်မှုများကို ပေါင်းစပ်ညှိနှိုင်းနိုင်ခြင်း ပြုလုပ်နိုင်သော အသုံးဝင်သည့်အခြေခံစခန်း တစ်ခုကို ထောက်ပံ့ပေးလိုက်ခြင်းဖြစ်ပါသည်။

 

အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့နှင့် အခြားပြိုင်ဘက်အုပ်စုများသည် အမျိုးမျိုးသော ဂျီဟတ်စစ်နယ် ဝန်းများတွင် သြဇာလွှမ်းမိုးနိုင်ရေးအတွက် ယှဉ်ပြိုင်လိုစိတ်ရှိနေကြသည်ကို လတ်တလောသမိုင်းက ဖော်ပြနေ သည့်အတွက် ရခိုင်ပြည်နယ်အတွင်း ကာတီဘာ့အယ်လ်မာဒီအဖွဲ့ ခြေကုပ်တစ်ခုရရှိထားသော ထင်ရှားပြတ် သားသည့် အခွင့်အလမ်းတစ်ရပ် ဖန်တီးခြင်းသည် မြန်မာနိုင်ငံတွင်း စစ်သွေးကြွအုပ်စုများ ရုတ်တရက်ကြီးထွား လာခြင်းကိုဖြစ်ပေါ်စေနိုင်သည့် နှင်းဘောလုံးအကျိုးသက်ရောက်မှု (တဖြည်းဖြည်းသေးရာမှ နောက်ပိုင်းတွင် ကြီးမားလာခြင်းကိုဆိုလိုသည်။) ကိုဖြစ်ပေါ်စေနိုင်ပါသည်။

 

အိန္ဒိယ၊ တရုတ်နှင့် အရှေ့တောင်အာရှ ဒေသတွင်းလမ်းဆုံများတွင် နိုင်ငံတော်ကျဆုံးမှုကို ကာတီဘာ့အယ်လ် မာဒီအဖွဲ့က အောင်မြင်စွာအသုံးချနိုင်ပါက နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ ဂျီဟတ်ဝါဒီအုပ်စုများ၏ လမ်း ကြောင်းအတွက် ပဲ့တင်ရိုက်ခတ်ချက်မှာ ငြင်းမရနိုင်လောက်အောင် ကြီးကျယ်ခမ်းနားသွားပါလိမ့်မည်။

 

မှတ်ချက် – Global Risk Insights (GRI) မှ ဆောင်းပါးရှင် ဝဲလ်မာရှယ်၏ Myanmar: Southeast Asia’s Next Frontline of Jihadism? ကို ဆီလျော်အောင်ပြန်ဆိုပါသည်။

 

(unicode)

 

………………………………………






























Share this post