• Follow Us on
Latest News

Home ငပိကြော်ဗူးနဲ့ စားသောက်ကုန်တွေ လက်ဝယ်ထားလို့ဆိုပြီး အင်းတော်မြို့နယ်က ကျန်းမာရေးဝန်ထမ်းနဲ့ ကျူ ရှင်ဆရာမအပါအဝင် လူလေးဦး အဖမ်းခံရ၊ အဆိုပါစားသောက်ကုန်များသည် PDF အဖွဲ့ထံ ပို့ဆောင်ရန် စီစဉ် နေကြောင်း ရဲတပ်ဖွဲ့ပြောဆို

ငပိကြော်ဗူးနဲ့ စားသောက်ကုန်တွေ လက်ဝယ်ထားလို့ဆိုပြီး အင်းတော်မြို့နယ်က ကျန်းမာရေးဝန်ထမ်းနဲ့ ကျူ ရှင်ဆရာမအပါအဝင် လူလေးဦး အဖမ်းခံရ၊ အဆိုပါစားသောက်ကုန်များသည် PDF အဖွဲ့ထံ ပို့ဆောင်ရန် စီစဉ် နေကြောင်း ရဲတပ်ဖွဲ့ပြောဆို

Share this post

အင်းတော်၊ စက်တင်ဘာ ၂၀ (People Media)

 

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့က ကျန်းမာရေးဝန်ထမ်းနဲ့ ကျူရှင်ဆရာမတွေအပါအဝင် လူ ၄ ဦးကို ငပိကြော် ၇ ဗူးနဲ့ အခြားစားသောက်ကုန်တွေ လက်ဝယ်ထားတယ်ဆိုပြီး ရဲနဲ့ စစ်သားတွေက ဖမ်းသွား‌ခေါ်သွား တယ်လို့ အင်းတော်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

“မနေ့က အောင်မေတ္တာရပ်ကွက်ထဲက ကျူရှင်ဆရာမ ထားထားအိရဲ့ အိမ်ကို ရဲနဲ့ စစ်သားတွေရောက်လာပြီး ရှာဖွေစစ်ဆေးတာတွေလုပ်တယ်၊ ငပိကြော် ၇ ဗူး အပါအဝင် မြေပဲဆားလှော်၊ ငါးသေတ္တာဗူး၊ အာပြဲငါးခြောက် ကြော်၊ ငပိထောင်းဗူး၊ ရှူးရှဲလက်ဘက် စတဲ့ စားသောက်ကုန်တွေကို တွေ့လို့ ပစ္စည်းတွေလည်း သိမ်း၊ လူကို လည်း ဖမ်းသွားတယ်” လို့ အောင်မေတ္တာရပ်ကွက်နေ ဒေသခံတစ်ယောက်က ပြောပါတယ်။

 

ဒါ့အပြင် အဲ့ဒီဒေသခံက “ဆရာမ ထားထားအိကိုဖမ်းသွားပြီးနောက်မှာ အောင်ချမ်းသာရပ်ထဲက ကျူရှင်ဆရာမ ရီရီဝင်း၊ အောင်ဇေယျရပ်ကွက်ထဲက CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်း ဆရာ အောင်သန်းဝင်း သူ့ကို လူအများက နေတိုးလို့ ခေါ်ကြတယ်၊ နောက်ပြီး အောင်ဇေယျရပ်ကွက်ထဲက ဈေးရောင်းတဲ့ ကောင်း ထက်ဝင်းဆိုတဲ့သူ ၃ ယောက်လည်း ဆက်တိုက်အဖမ်းခံရတယ်၊ ဆရာမ ထားထားအိရောဆို အဖမ်းခံရတာ ၄ ယောက်” လို့ ဆက်လက်ပြောပြပါတယ်။

 

“သူတို့ ၄ ယောက်ကို ဖမ်းထားတာဟုတ်တယ်၊ ၁၈ ရက်နေ့က အမှုဖွင့်လိုက်ပြီဖြစ်တယ်၊ အင်းတော်မြို့မရဲစခန်း (ပ) ၈၂ / ၂၀၂၁ အကြမ်ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ဖြစ်တယ်၊ အဲ့ဒီ စားသောက်စရာတွေက PDF ကလူတွေဆီ ပို့ပေးဖို့ လုပ်တယ်ဆိုတာ ပေါ်ပေါက်တာကြောင့်ဖြစ်တယ်” လို့ ကသာခရိုင် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတစ်ယောက်ကဆီကနေ သိရပါတယ်။

 

အကြောင်းအမျိုးမျိုးကြောင့် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ရပြီး မိခင်အလုပ်ဌာနတွေနဲ့ ကင်းကွာနေပြီးနောက် အမှုဖွင့်အရေးယူခံရတဲ့ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတရားစွဲအဖွဲ့တွေထံ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလွှတ်လို့ဖြစ်စေ အကျိုးအကြောင်း တင်ပြဆွေးနွေးလာမယ်ဆိုရင် အမှုကနေ ကျေအေးရုတ်သိမ်း ပေးမယ်လို့ အမိန့်ထုတ်ပြန်ကြေညာနေတာတွေရှိတယ်လို့ သိရပါတယ်။

 

သွန်းသွန်း(EPN)

 

#PeopleMedia #EPN #အင်းတော်မြို့ #CDM #PDF

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 



Share this post