• Follow Us on

Home ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌  ဘိန်းစိုက်ခင်း ၁၅ ဧကခန့်အား ဖျက်ဆီး

ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌  ဘိန်းစိုက်ခင်း ၁၅ ဧကခန့်အား ဖျက်ဆီး

Share this post

မကွေး၊ ဇန်နဝါရီ ၁၀ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် တရားမဝင် စိုက်ပျိုးမှုကို တွေ့ရှိခဲ့သည့် ဘိန်းခင်း ၁၅ ဧက ခန့်အား လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဇန်နဝါရီ ၇ ရက်နေ့ နှင့် ၈ ရက်နေ့များတွင် သွား ရောက်ဖျက်ဆီးခဲ့ပါတယ်။

 

တရားမဝင် ဘိန်းစိုက်ပျိူးမှုမရှိစေရေးအတွက် ဇန်နဝါရီ ၇ ရက်နေ့က လိုက်လံစစ်ဆေးစဉ် နောင်ကျေးရွာ၊ ရေဖြူကျေးရွာ၊ တင်ပြင်းကျေးရွာ စသည့် ကျေးရွာ အနီးတစ်ဝိုက် တောင်ကမ်းပါးယံတွင်စိုက်ပျိုးထားသည့် ဘိန်းခင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

 

သွားရောက်ဖျက်ဆီးခဲ့သည့် ဘိန်းခင်းအရေအတွက်မှာ နောင်ကျေးရွာ၏ အရှေ့တောင်ဘက် (၅) မိုင် ကျော်ခန့် အကွာ တောင်ကမ်းပါးယံတွင်စိုက်ပျိုးထားသော အမြင့် ၁ ပေကျော်ခန့်ရှိ ဘိန်းခင်း ၂ ဧကခန့်၊ အမြင့် ၂ ပေခွဲ၊ ၃ ပေရှိ ဘိန်းခင်း ၂.၅ ဧကခန့်နှင့် အမြင့် ၃ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၃ ဧက စုစုပေါင်းဘိန်းခင်း ၇.၅ ဧကကို လည်းကောင်း၊ ဇန်နဝါရီလ ၈ ရက်နေ့  နံနက်ပိုင်းတွင် တင်ပြင်းကျေးရွာ၏ မြောက်ဘက် ၁ မိုင် ၄ ဖာလုံခန့် အကွာ တောင်ကမ်းပါးယံတွင် စိုက်ပျိုးထားသော အမြင့် ၁ ပေခွဲခန့်ရှိ ဘိန်းခင်း ၆ ဧကကိုလည်းကောင်း၊ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

 

အဆိုပါ ငဖဲဒေသည် နှစ်စဉ် ဘိန်းစိုက်ပျိုးသည့် နေရာတစ်ခုဖြစ်ပြီး လုံခြုံရေးအဖွဲ့များအနေဖြင့် ထပ်မံရှာဖွေနိုင် ပါက ယခုထက် ပိုမိုတွေ့ရှိနိုင်ကြောင်း ငဖဲမြို့ခံတစ်ဦးက ပြောပါတယ်။

 

#PeopleMedia #မကွေး #ဘိန်းခင်း

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post