• Follow Us on

Home ငဖဲ​ၿမိဳ႕နယ္ ပေဘြးရြာအနီးရွိ ေတာထဲမွ ခိုးဝင္ဘဂၤါလီ က်ား (၁၁)ဦး ဖမ္းဆီးရမိ

ငဖဲ​ၿမိဳ႕နယ္ ပေဘြးရြာအနီးရွိ ေတာထဲမွ ခိုးဝင္ဘဂၤါလီ က်ား (၁၁)ဦး ဖမ္းဆီးရမိ

Share this post

ငဖဲ၊ ေဖေဖာ္ဝါရီ ၁

မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္၊ ဂုတ္ႀကီးရဲစခန္း၏ အေနာက္​​​ေတာင္ဘက္ (၂၄)မိုင္ခန္႔အကြာ ပေဘြးေက်းရြာ ၏ အေရွ႕ဘက္တစ္မိုင္ခန္႔ရွိ ပနီေခ်ာင္းအနီး ေတာထဲမွ ဘဂၤါလီလူမ်ိဳး က်ား(၁၁)ဦးကို ေဖေဖာ္ဝါရီ (၁)ရက္ေန႔ နံနက္ ၆နာရီ ၁၅ အခ်ိန္ခန္႔က ဖမ္းဆီးရမိခဲ့ေၾကာင္း ငဖဲၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ မွ သိရသည္။

ဘဂၤါလီမ်ားေရာက္ရွိေနၾကာင္း သတင္းအရ ဂုတ္ႀကီးစခန္းမွဴး ရဲအုပ္ရဲႏိုင္စိုးႏွင့္တပ္ဖြဲ႕ဝင္းမ်ား၊စရဖ(လပခ)တပ္ၾကပ္ႀကီးေသာင္းဝင္းထြန္း၊ သတင္းရဲတပ္ဖြဲ႕မွ တပ္ၾကပ္ႀကီး ျမင့္သူ၊ ပေဘြးေက်းရြာ၊ ဆား​ေပါက္ေက်းရြာတို႔မွရာအိမ္မွဴးမ်ားႏွင့္ ပေဘြးေက်းရြာလူငယ္အဖြဲ႕ တို႔မွ ေတာနင္းရွာ​ေဖြခဲ့ရာပေဘြးေက်းရြာ၏ အေရွ႕ဘက္ (၁)မိုင္ခန္႔အကြာ ပနီေခ်ာင္းအနီးရွိ ေတာအတြင္း၌ ဘဂၤါလီ က်ား (၁၁)ဦး အား ​ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

“ဘဂၤါလီေတြက ငဖဲ နဲ႔ မင္းလွၿမိဳ႕နယ္ေတြကို ျဖတ္ၿပီး မၾကာခဏ ခိုးဝင္ေနၾကတယ္။ ရဲ နဲ႔ ေဒသခံေတြ ေပါင္းစပ္မိလို႔ ဖမ္းမိေနတာ။ လြတ္သြားတဲ့သူေတြ ဘယ္ေလာက္ေတာင္ ရွိေနၿပီလဲေတာ့မသိဘူး။ ရဲက စစ္တိုင္းလည္း ရန္ကုန္ကို သြားမယ္ခ်ည္း ေျဖၾကတယ္တဲ့။ အဲဒီကေန မေလးရွား ဆက္သြားၾကမွာတဲ့။ ကြၽန္ေတာ္ကေတာ့ မယုံဘူး။ ဘဂၤါလီေတြက ရန္ကုန္ကို သိမ္းဖို႔ႀကံေနတာမ်ားလား။ သားေဖာက္တဲ့နည္း လူၿမိဳတဲ့နည္းနဲ႔ေပါ႔ ” ဟု ငဖဲေဒသခံတစ္ဦးက သူ၏စိုးရိမ္မႈကို ေျပာျပသည္။

အဆိုပါ ဖမ္းဆီရမိခဲ့သည့္ ဘဂၤါလီ လူမ်ိဳးမ်ားသည္ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕မွာလာေရာက္ျခင္းျဖစ္ၿပီး ၎တို႔အား လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ ၁၉၄၉ ခုႏွစ္ျမန္မာႏိုင္ငံအတြင္းေနထိုင္သူမ်ား မွတ္ပုံတင္ေရးအက္ဥပေဒျဖင့္ အေရးယူေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

ေဇယ်တု(မေကြး)

#peoplemedia

(unicode)
ငဖဲ​မြို့နယ် ပဘွေးရွာအနီးရှိ တောထဲမှ ခိုးဝင်ဘင်္ဂါလီ ကျား (၁၁)ဦး ဖမ်းဆီးရမိ
…………………………………………………………………………………..

ငဖဲ၊ ဖေဖော်ဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးရဲစခန်း၏ အနောက်​​​တောင်ဘက် (၂၄)မိုင်ခန့်အကွာ ပဘွေးကျေးရွာ ၏ အရှေ့ဘက်တစ်မိုင်ခန့်ရှိ ပနီချောင်းအနီး တောထဲမှ ဘင်္ဂါလီလူမျိုး ကျား(၁၁)ဦးကို ဖေဖော်ဝါရီ (၁)ရက်နေ့ နံနက် ၆နာရီ ၁၅ အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ငဖဲမြို့နယ် ရဲတပ်ဖွဲ့ မှ သိရသည်။

ဘင်္ဂါလီများရောက်ရှိနေကြာင်း သတင်းအရ ဂုတ်ကြီးစခန်းမှူး ရဲအုပ်ရဲနိုင်စိုးနှင့်တပ်ဖွဲ့ဝင်းများ၊စရဖ(လပခ)တပ်ကြပ်ကြီးသောင်းဝင်းထွန်း၊ သတင်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး မြင့်သူ၊ ပဘွေးကျေးရွာ၊ ဆား​ပေါက်ကျေးရွာတို့မှရာအိမ်မှူးများနှင့် ပဘွေးကျေးရွာလူငယ်အဖွဲ့ တို့မှ တောနင်းရှာ​ဖွေခဲ့ရာပဘွေးကျေးရွာ၏ အရှေ့ဘက် (၁)မိုင်ခန့်အကွာ ပနီချောင်းအနီးရှိ တောအတွင်း၌ ဘင်္ဂါလီ ကျား (၁၁)ဦး အား ​ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

” ဘင်္ဂါလီတွေက ငဖဲ နဲ့ မင်းလှမြို့နယ်တွေကို ဖြတ်ပြီး မကြာခဏ ခိုးဝင်နေကြတယ်။ ရဲ နဲ့ ဒေသခံတွေ ပေါင်းစပ်မိလို့ ဖမ်းမိနေတာ။ လွတ်သွားတဲ့သူတွေ ဘယ်လောက်တောင် ရှိနေပြီလဲတော့မသိဘူး။ ရဲက စစ်တိုင်းလည်း ရန်ကုန်ကို သွားမယ်ချည်း ဖြေကြတယ်တဲ့။ အဲဒီကနေ မလေးရှား ဆက်သွားကြမှာတဲ့။ ကျွန်တော်ကတော့ မယုံဘူး။ ဘင်္ဂါလီတွေက ရန်ကုန်ကို သိမ်းဖို့ကြံနေတာများလား။ သားဖောက်တဲ့နည်း လူမြိုတဲ့နည်းနဲ့ပေါ့ ” ဟု ငဖဲဒေသခံတစ်ဦးက သူ၏စိုးရိမ်မှုကို ပြောပြသည်။

အဆိုပါ ဖမ်းဆီရမိခဲ့သည့် ဘင်္ဂါလီ လူမျိုးများသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာလာရောက်ခြင်းဖြစ်ပြီး ၎င်းတို့အား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ၁၉၄၉ ခုနှစ်မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဇေယျတု(မကွေး)

#peoplemedia


Share this post