• Follow Us on

Home ငါန်းဇွန်းမြို့နယ်၌ ကျောင်းအုပ်ဆရာနှင့် ဆရာမကြီးတို့လင်မယားကို တပ်မတော်သတင်းပေးဟု စွပ်စွဲပြီး PDF အဖွဲ့က သတ်ဖြတ်မှုပြုလုပ်ခဲ့

ငါန်းဇွန်းမြို့နယ်၌ ကျောင်းအုပ်ဆရာနှင့် ဆရာမကြီးတို့လင်မယားကို တပ်မတော်သတင်းပေးဟု စွပ်စွဲပြီး PDF အဖွဲ့က သတ်ဖြတ်မှုပြုလုပ်ခဲ့

Share this post

နေပြည်တော်၊ အောက်တိုဘာ ၅ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်းမြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာရှိ ကျောင်းအုပ်ဆရာနှင့် ဆရာ မကြီးတို့ လင်မယားကို တပ်မတော်သတင်းပေးဟုစွပ်စွဲပြီး ဒေသခံ PDF အဖွဲ့က သတ်ဖြတ်ခဲ့သည်။

 

အဆိုပါ သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး ၎င်းတို့လက်ချက်ဖြစ်တယ်လို့ နှလုံးလှလူမိုက်ကြီးများအဖွဲ့က ယနေ့ မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်ထားသည်။

 

ဖြစ်စဉ်မှာ အဆိုပါ ငါန်းဇွန်းမြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာတွင် နေထိုင်သည့် ကျောင်းဆရာ ဦးအောင်သီဟနှင့် ဇနီးဖြစ်သူ ကျောင်းအုပ်ဆရာမ ဒေါ်မြသန်းဌေးတို့လင်မယားကို အောက်တိုဘာ ၃ ရက်နေ့ ည ၈ နာရီအချိန် တွင် အိမ်၌ရှိနေစဉ် သေနတ်ဖြင့်ပစ်ခတ်ကာ ဓားများဖြင့် ထိုးသတ်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

 

ထို့အပြင် ၎င်းတို့နှစ်ဦးတွင် သမီး ၃ ယောက်ကျန်ရှိပြီး CDM မပြုလုပ်ဘဲ န-စ-ကသတင်းပေးဟု စွပ်စွဲခံရပြီး နောက် ယခုကဲ့သို့ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ လုပ်ကြံမှု၌ မြင်းခြံနှလုံးလှလူမိုက်ကြီးများအဖွဲ၊ မြင်းမူလျှပ်စီးအဖွဲ့၊ MGN TIGER အဖွဲ့ ညီနောင်မဟာ မိတ်သုံးဖော်ပေါင်းပြီး ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့က ထုတ်ပြန်ထားသည်။

 

#PeopleMedia #မန္တလေး #ငါန်းဇွန်းမြို့

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 



Share this post