• Follow Us on

Home ငါးလုပ်ငန်းတက္ကသိုလ်ဖွင့်လှစ်နိုင်ရန် စီစဉ်နေ

ငါးလုပ်ငန်းတက္ကသိုလ်ဖွင့်လှစ်နိုင်ရန် စီစဉ်နေ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၄ (People Media)

 

ငါးလုပ်ငန်းတက္ကသိုလ် ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောသည်။

 

ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၂ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ရေလုပ်ငန်းဆိုင်ရာ သုတေသနများ ပီပီပြင်ပြင်ဆောင်ရွက်နိုင်ရေး၊ အသုံး ချသုတေသနကဏ္ဍတွင် ပုဂ္ဂလိကပိုင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသရင်းငါးမျိုးစိတ်များ သားဖောက် အသားတိုးမွေးမြူရန် အလားအလာရှိသည့် ရေချို ရေငန် ငါး ပုစွန် မျိုးစိတ်များအား စူးစမ်းလေ့လာခြင်း၊ သု တေသနပြု စမ်းသပ် သားဖောက်မွေးမြူခြင်းများ စဉ်ဆက်မပြတ်လုပ်ဆောင်ရေး၊ အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုး ရေးအတွက် ငါးလုပ်ငန်းတက္ကသိုလ်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ရေလုပ်ငန်းကို အခြေခံသည့် အသက် မွေးဝမ်းကျောင်းပညာသင်တန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ စွမ်းဆောင်ရည် ပြည့်ဝသော လူသား အရင်း အမြစ်ဖွံ့ဖြိုးရေးအပေါ် အစဉ်တစ်စိုက်ဂရုပြု ဆောင်ရွက်ရန်၊ ရေလုပ်ငန်းဆိုင်ရာမူဝါဒများ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရန် အရေးပါသည့် စာရင်းဇယား ကိန်းဂဏန်းများ တိကျမှန်ကန်ရေးအတွက် လိုအပ်သည့် စာရင်း ကောက်ယူပြုစုတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ အစားအစာဘေးကင်းလုံခြုံမှု စံချိန် စံညွှန်းများဆိုင်ရာ စစ်ဆေးကြပ်မတ်ရာတွင် အဂတိကင်းစွာဖြင့် ပညာရှင်ပီသစွာ ဆောင်ရွက်ရန် လိုအပ်ချက် များကို ပြောကြားသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (GDP)တွင် ငါးကဏ္ဍထုတ်လုပ်မှုအနေဖြင့် (၄ ဒသမ ၇ ရာခိုင်နှုန်း) ပါဝင်နေကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ငါးလုပ်ငန်းဖြင့် အခွန်ငွေ ကျပ်(၆)ဘီလီယံ ရရှိခဲ့ပြီး ပြည်ပတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၇၈၆ သန်းကျော် ရရှိခဲ့သည့်အတွက် ငါးလုပ်ငန်းဖြင့် နေ့စဉ်ပျမ်းမျှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ကို ရရှိနေကြောင်းသိရသည်။

 

#PeopleMedia #မွေးမြူရေး #ငါးလုပ်ငန်းတက္ကသိုလ်

 

(unicode)


………………………………………

 


 


 


 


 


 

#PeopleMedia #မှေးမွူရေး #ငါးလုပျငနျးတက်ကသိုလျ


Share this post