• Follow Us on
Latest News

Home ငဲ့ညှာစွာထိန်းသိမ်းကိုင်တွယ်မှုကို အခွင့်ကောင်းယူ၍ နိုင်ငံရေးမပါသော အကြမ်းဖက်မှုသက်သက်ကို လုပ် ဆောင်နေကြောင်း န-စ-က ဒု-ဥက္ကဋ္ဌ ပြောကြား

ငဲ့ညှာစွာထိန်းသိမ်းကိုင်တွယ်မှုကို အခွင့်ကောင်းယူ၍ နိုင်ငံရေးမပါသော အကြမ်းဖက်မှုသက်သက်ကို လုပ် ဆောင်နေကြောင်း န-စ-က ဒု-ဥက္ကဋ္ဌ ပြောကြား

Share this post

မန္တလေး၊ ဖေဖော်ဝါရီ ၄ (People Media)

 

ငဲ့ညှာစွာထိန်းသိမ်းကိုင်တွယ်မှုကို အခွင့်ကောင်းယူ၍ နိုင်ငံရေးမပါသော အကြမ်းဖက်မှုသက်သက်ကို လုပ် ဆောင်နေကြောင်း န-စ-က ဒု-ဥက္ကဋ္ဌ ပြောကြားခဲ့သည်။

 

န-စ-က ဒု-ဥက္ကဋ္ဌသည် ဖေဖော်ဝါရီ ၃ ရက်နေ့က လွိုင်ကော်မြို့ရှိ RC ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ကေ့ထိုးဘိုး(တံခွန်တိုင်)အဖွဲ့များမှ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အထက်ပါ အတိုင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

“ပြည်နယ်အကျိုးအတွက် ဘာသာရေးအသင်းအဖွဲ့များ၏ ပူးပေါင်းပါဝင်ပံ့ပိုးကူညီမှုသည် အရေးကြီးကြောင်း၊ ဘာသာရေးခေါင်းဆောင်များသည် ဒေသအလိုက်၊ ဘာသာအလိုက် ကိုးကွယ်သူ ဘာသာဝင်များအပေါ် သက်ရောက်မှုကြီးသူများဖြစ်၍ ဒေသ၏အကျိုးစီးပွားအတွက် ထိရောက်သော စွမ်းဆောင်ပေးနိုင်သူများ ဖြစ်ကြောင်း၊ ဘာသာရေး၏အဆုံးအမ တရားတို့ဖြင့်ဒေသကို တည်ငြိမ်အေးချမ်းစေရေး ပူးပေါင်းဆောင် ရွက်ရန်လိုကြောင်း၊ သို့မှသာ ကယားပြည်နယ်သည် အမြန်ပြန်လည် တည်ငြိမ်အေးချမ်းစေပြီး မူလအခြေအ နေအတိုင်း ဖွံ့ဖြိုးစည်ပင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အေး ချမ်းမှုကို လိုလားသည့်ပြည်သူများ၊ တာဝန်သိဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တားဆီးချေမှုန်းနိုင်မည်ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် နှစ်ဖက်ထိခိုက်ကျဆုံး၊ သေဆုံးမှုများသည် မိမိတို့တိုင်းရင်းသားများသာဖြစ်၍ နိုင်ငံအတွက်ထိခိုက်ဆုံးရှုံးမှုပင်ဖြစ်ကြောင်း၊ တနည်း အားဖြင့် နိုင်ငံ၏ လူသားအရင်းအမြစ်များ ဆုံးရှုံးနေခြင်းပင်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း ROE နှင့်အညီ ကျင့်သုံးလိုက်နာဆောင်ရွက်စေလျက်ရှိကြောင်း ”န-စ-က ဒု-ဥက္ကဋ္ဌကပြောသည်။

 

ထို့နောက် ”အရေးပေါ်ကာလတစ်လျှောက် အနိမ့်ဆုံးအဆင့် အနည်းဆုံး အင်အားကိုအသုံးပြု၍ ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့သော်လည်း အပြစ်မဲ့ပြည်သူများသတ်ဖြတ် ခြိမ်းခြောက်ခြင်း၊ ပြည်သူပိုင်အဆောက်အ ဦများကို ဖောက်ခွဲဖျက်ဆီးမှုများလုပ်ဆောင်နေကြောင်း၊ ငဲ့ညှာစွာထိန်းသိမ်းကိုင်တွယ်မှုကို အခွင့်ကောင်းယူ၍ နိုင်ငံရေးမပါသော အကြမ်းဖက်မှုသက်သက်ကို လုပ်ဆောင်နေကြောင်း၊ ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ထိ ခိုက်ပျက်စီးအောင် လုပ်ဆောင်သည်ကို လက်ခံ၍ မရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားသော တာဝန်အရ တပ်မတော်က ဒီမိုကရေစီစနစ်ခိုင်မာအောင် ဥပဒေနှင့်အညီ အာဏာ ၃ ရပ်အား ထိန်းသိမ်းပေး သည့်ကို အာဏာသိမ်းသည်ဟူသောအကြောင်းပြချက်ဖြင့် ဒေသပျက်ဆီးအောင် လုပ်ဆောင်သော လုပ်ဆောင် ချက်ပင်ဖြစ်ကြောင်း” ဆက်လက်ပြောဆိုခဲ့သည်။

 

လက်ရှိအချိန်၌ ဒေသခံလက်နက်ကိုင်အဖွဲ့များနှင့် ဒေသခံ PDF အဖွဲ့များ ပူးပေါင်း၍ ကယားပြည်နယ်၊ လွိုင် ကော်မြို့သို့ ပြီးခဲ့သည့်ရက်ပိုင်းက ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို ကယားပြည်နယ်၌ နှစ်ဘက်စစ်ပွဲ များကြောင့် ဒေသခံတိုင်းရင်းသားများသည် ဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်ရလျက်ရှိနေသည်။

 

#PeopleMedia #နစက #ကယားပြည်နယ်

 

(unicode)


…………………………………………………………….

 

မန်တလေး၊ ဖဖေောျဝါရီ ၄ (People Media)

 


 


 


 


 


 



Share this post