• Follow Us on

Home ငှက်ကြီးတောင်ဓားကိုင်ဆောင်ပြီး အမျိုးသမီးငယ်တစ်ဦး၏ ပါးကို နမ်းခဲ့သူအား ဖမ်းဆီးအရေးယူ


Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၁


ဖြစ်စဉ်မှာ နိုဝင်ဘာ ၈ ရက်၊ ည ၁၀ နာရီအချိန်၌ ဘုံကထိန်ပွဲတွင် ဆိုင်းပွဲအား လာရောက်ကြည့်ရှု့သည့် ညီ အစ်မ နှစ်ဦးအနက် အသက် ၁၈ နှစ်ရှိ အစ်မဖြစ်သူအား ပုခုံးအား ဖက်၍ နမ်းခဲ့သည့် စိုးမိုးနိုင် (၂၉) နှစ် အား ကာအိနြေ္ဒပျက်စေမှုဖြင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။



(Unicode)
ငှက်ကြီးတောင်ဓားကိုင်ဆောင်ပြီး အမျိုးသမီးငယ်တစ်ဦး၏ ပါးကို နမ်းခဲ့သူအား ဖမ်းဆီးအရေးယူ
………………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ အုန်းပင်ကျေးရွာတွင် နေထိုင်သည့်အမျိုးသားတစ်ဦးသည် ငှက် ကြီးတောင်ဓားကိုင်ဆောင်၍ အမျိုးသမီးငယ်တစ်ဦး၏ ပါးကို နမ်းခဲ့ခြင်းကြောင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ဖမ်း ဆီး၍ ဥပဒေအတိုင်း ဆောင်ရွက်လျှက်ရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၈ ရက်၊ ည ၁၀ နာရီအချိန်၌ ဘုံကထိန်ပွဲတွင် ဆိုင်းပွဲအား လာရောက်ကြည့်ရှု့သည့် ညီ အစ်မ နှစ်ဦးအနက် အသက် ၁၈ နှစ်ရှိ အစ်မဖြစ်သူအား ပုခုံးအား ဖက်၍ နမ်းခဲ့သည့် စိုးမိုးနိုင် (၂၉) နှစ် အား ကာအိန္ဒြေပျက်စေမှုဖြင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။

ထိုသို့ သွားရောက်ဖမ်းဆီးစဉ် ကျူးလွန်သူ စိုးမိုးနိုင် (၂၉) နှစ်၊ အုန်းပင်ကျေးရွာ၊ အုတ်တွင်းမြို့နယ်နေထိုင်သူ အား အရိုး ၇ လက်မ၊ အသွား ၁ ပေခွဲခန့်ရှိ ငှက်ကြီးတောင်ဓား ကိုင်ဆောင်မှုကြောင့် လက်နက်ဥပဒေ ၁၉(င) ဖြင့် သက်ဆိုင်ရာရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်လျှက်ရှိသည်။

#PeopleMedia #BagoPolice


Share this post