• Follow Us on

Home စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ ဈေးကွက်အတွင်း တရားမဝင် ဖြန့်ဖြူးရောင်းချနေမှုများ အပေါ် တားဆီးထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ ဈေးကွက်အတွင်း တရားမဝင် ဖြန့်ဖြူးရောင်းချနေမှုများ အပေါ် တားဆီးထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Share this post

ရန်ကုန်၊ မတ် ၁၅

 

စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ ဈေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူး ရောင်းချနေမှုများ အပေါ် တားဆီးထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်‌နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

 

ဦးစွာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကုန် သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးနှင့် တာဝန်ရှိသူများက စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ၊ ဈေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူးရောင်းချနေမှုများအပေါ် တားဆီးထိန်းချုပ်နိုင်ရေးကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေး နွေးရာ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးကြခဲ့ကြောင်း သိရသည်။

 

ယင်းနောက် စက်ဆီ၊ ချောဆီနှင့် ဆက်စပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ဈေးကွက်အတွင်း ဆင်တူယိုးမှား အတုအပပြုလုပ် ရောင်းချခြင်း၊ တရားဝင်ခွင့်ပြုချက် လိုင်စင်မရှိသော အမှတ်တံဆိပ်များနှင့် ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေမှု၊ ဈေးကွက်အတွင်း နာမည်ကျော်ကြား လူသိများသော ကုန် အမှတ် တံဆိပ်များကို အရည်အသွေးမမှန်ကန်သော ကုန်ပစ္စည်းများဖြင့် ဆင်တူယိုးမှား တုပ၍ ဖြန့်ချိရောင်းချခြင်းများ အပေါ် ဖော်ထုတ်အရေးယူပေးရန် တင်ပြခဲ့ကြောင်း သိရသည်။

 

တရားမဝင်ကုန်သွယ်မှု တားဆီးတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအနေဖြင့် တစ်နိုင်ငံလုံးတွင် တိုင်းဒေသ ကြီး/ပြည်နယ်များအလိုက် အထူးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သတင်းပေး တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ E-mail လိပ်စာများ ကြေညာထားကြောင်း၊ သတင်းအရစစ်ဆေးခြင်း၊ ပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း၊ တရားဝင်လမ်းကြောင်းပေါ်မှ တရားဝင်အခွန်ပေးဆောင်တင်သွင်းကြသော ကုန်သည်လုပ်ငန်းရှင်များအတွက် ဆုံးရှုံးနစ်နာမှုမရှိစေရေး တရားမဝင်လုပ်ကိုင်နေမှုများ အပေါ် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းပေးတိုင်ကြားမှုများ ပြုလုပ်ပေးရန် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

 

(unicode)


………………………………….

 


 


 


 


 



Share this post