• Follow Us on

Home စက်သုံးဆီးဈေးနှုန်း မြင့်တက်နေမှုကို အစိုးရအနေဖြင့် တာဝန်ယူထိန်းညှိပေးရန် NDF ပါတီ တိုက်တွန်း

စက်သုံးဆီးဈေးနှုန်း မြင့်တက်နေမှုကို အစိုးရအနေဖြင့် တာဝန်ယူထိန်းညှိပေးရန် NDF ပါတီ တိုက်တွန်း

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၅ (People Media)

 

စက်သုံးဆီဈေး မြင့်တက်နေမှုကို နိုင်ငံတော်အစိုးရအနေဖြင့် အထူးအရေးထား၍ တာဝန်ယူထိန်းညှိပေးပါရန် အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီက အလေးအနက်တိုက်တွန်းကြောင်း ယနေ့ ထုတ်ပြန်ခဲ့သည်။

 

ယခု ကိုဗစ်-၁၉ တတိယလှိုင်း ရောဂါပြန့်ပွားမှုကို ပြည်သူများ ခံစားနေရချိန်တွင် အထူးအရေးကြီးသော သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းရေးအတွက် မရှိမဖြစ် အရေးကြီးလိုအပ်ချက်ဖြစ်သည့် စက်သုံးဆီဈေး တစ်နေ့တစ်ခြား ဈေးနှုန်းကြီးမြင့်လာမှုသည် ကြီးမားသောစိန်ခေါ်မှုကြီး ဖြစ်လာနေသည့်အပြင် လက်လုပ်လက် စားအခြေခံလူတန်းစားများ၏ စားဝတ်နေရေးအခြေအနေ ပိုမိုကြပ်တည်းမှုကြီးဆီသို့ တွန်းပို့လျှက်ရှိနေသည်ကို တွေ့မြင်နေရကြောင်း NDF ပါတီ ထုတ်ပြန်ထားသည်။

 

ယနေ့ကာလအချိန်သည် ပြည်သူများအနေဖြင့် အဖက်ဖက်မှ အကြမ်အတည်း၊ အခက်အခဲများကို ကြုံတွေ့နေ ရသည့်ကာလဖြစ်ကြောင်း၊ ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်းများ တစ်နေ့တစ်ခြားမြင့်မားလာမှုသည် ပြည်သူများ အပေါ် ဗူးလေးရာဖရုံဆင့် စသကဲ့သို့ ဖြစ်လာပြီး၊ စာဝတ်နေရေးအကြပ်အတည်းများကို ပိုမိုကြုံတွေ့နေရ ကြောင်း NDF ပါတီ ထုတ်ပြန်လိုက်သည်။

 

#PeopleMedia #NDF #စက်သုံးဆီ

 

(unicode)


………………………………………………………………..

 


 


 


 


 



Share this post