• Follow Us on

Home စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းရပါက အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးစီးပွားများနစ်နာမည်ဖြစ်သကဲ့ သို့ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားပိုင်းဆိုင်ရာထိခိုက်နိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့်အားနည်း စေနိုင်ကြောင်း အလုပ်သမားပြည်ထောင်စုဝန်ကြီးပြော

စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းရပါက အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးစီးပွားများနစ်နာမည်ဖြစ်သကဲ့ သို့ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားပိုင်းဆိုင်ရာထိခိုက်နိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့်အားနည်း စေနိုင်ကြောင်း အလုပ်သမားပြည်ထောင်စုဝန်ကြီးပြော

Share this post

မန္တလေး၊ နိုဝင်ဘာ ၁၁ (People Media)

 

စက်ရုံ၊ အလုပ်ရုံများပိတ်သိမ်းရပါက အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးစီးပွားများ နစ်နာမည်ဖြစ်သကဲ့ သို့ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားပိုင်းဆိုင်ရာ ထိခိုက်နိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့်အားနည်း စေနိုင်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကပြောသည်။

 

စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ အခက်အခဲများနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ညှိနှိုင်းအစည်အဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ Virtual ဖြင့် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အလုပ်ရှင်၊ အလုပ်သမားများ လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအတွက် အပြုသဘောဆောင်၍ ဥပဒေနှင့်အညီ စက်ရုံ အတွင်း ငြိမ်းချမ်းစွာညှိနှိုင်း ဖြေရှင်းခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ပြောကြားသည်။

 

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမားများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး Corona virus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ကျန်းမာရေးဝန်ကြီး ဌာနများသို့ ကာကွယ်ဆေးထိုးနှံ မည့် စီမံချက်ရေးဆွဲတင်ပြခဲ့ပြီး ပထမဦးစားပေးအနေဖြင့် အလုပ်သမား အင်အားအများဆုံးဖြစ်သည့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးများအတွင်းရှိ စက်မှုဇုန်များမှ အလုပ်သမားများအား ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ဩဂုတ် ၁၈ ရက်မှ စတင်၍ နိုဝင်ဘာ ၈ ရက်အထိ ပထမအကြိမ် ၇,၉၃၈ ဌာနမှ အလုပ်သမား ၅၄၂,၅၃၃ ဦး၊ ဒုတိယအကြိမ် ၆,၁၁၂ ဌာနမှ အလုပ်သမား ၃၂၅,၉၅၈ ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ပြီး ဆက်လက်ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျှက်ရှိပါကြောင်းနှင့် ကျန်တိုင်းဒေသကြီး / ပြည်နယ်များရှိ အလုပ်သမားများကိုလည်း ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Online ဖြင့် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ အနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ၏ အမှန်တကယ် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြည့်ဆည်း ပေးရန် လိုအပ်သည့်အချက်များကို ပွင့်ပွင့်လင်းလင်း အကောင်းဆုံးဆွေးနွေးအဖြေရှာပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။

 

#PeopleMedia #စက်ရုံအလုပ်ရုံ #COVID19

 

(unicode)


…………………………………………………………………

 

မန်တလေး၊ နိုဝငျဘာ ၁၁ (People Media)

 


 


 


 


 


 



Share this post