• Follow Us on

Home စက္႐ံုပိုင္ရွင္ တ႐ုတ္အမ်ဳိးသမီးထြက္ေျပးသျဖင့္ စက္႐ံုအား အစိုးရမွ ခ်ိတ္ပိတ္၊ စက္႐ုံရွိပစၥည္းမ်ားအား ေရာင္း ခ်ကာ အလုပ္သမားမ်ားကို လစာေပးမည္

စက္႐ံုပိုင္ရွင္ တ႐ုတ္အမ်ဳိးသမီးထြက္ေျပးသျဖင့္ စက္႐ံုအား အစိုးရမွ ခ်ိတ္ပိတ္၊ စက္႐ုံရွိပစၥည္းမ်ားအား ေရာင္း ခ်ကာ အလုပ္သမားမ်ားကို လစာေပးမည္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အလုပ္သမားမ်ားကို လုပ္ခလစာ ေပးေခ်ျခင္းမရွိဘဲ ထြက္ေျပးတိမ္းေရွာင္ေနသည့္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသမီး ပိုင္ဆိုင္သည့္ လႈိင္သာယာၿမိဳ႕နယ္၊ အာနန္စက္႐ုံမွ စက္ပစၥည္းမ်ားကို ေရာင္းခ်ကာ အလုပ္သမားမ်ား လစာ ေပးေခ်သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံကုန္ထုတ္ႏွင့္ စက္မႈလက္မႈအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္-IWFM မွ ဒုဥကၠ႒ ေဒၚ၀င္းသိဂီႎစိုးက ေျပာပါတယ္။

အလုပ္သမား ၄၀၀ ေက်ာ္ရွိသည့္ အဆိုပါစက္႐ုံသည္ မူလက ကိုဗစ္စည္းကမ္းခ်က္ေၾကာင့္ စက္႐ုံအား ပိတ္ ထားခဲ့ေသာ္လည္း ၿပီးခဲ့သည့္ရက္ပိုင္းက ယင္းစက္႐ုံအား ျပန္လည္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး လုပ္ခလစာအား ေပးေခ်ရမည့္ရက္တြင္ စက္႐ုံအား ဖြင့္လွစ္မရွိဘဲ စက္႐ုံအား ပိတ္သိမ္းကာ ထြက္ေျပးျခင္းျဖစ္ေၾကာင္း ၎က ဆိုပါတယ္။

“စက္႐ုံကို အစိုးရက ခ်ိတ္ပိတ္လိုက္တယ္၊ လက္တေလာ စက္႐ုံထဲမွာ႐ွိတဲ့ ပစၥည္းစာရင္းေတြကို ေကာက္တယ္၊ ၿပီးရင္ေလလံတင္မယ္ေပါ့၊ ၿပီးရင္ ေရာင္းခ်ၿပီးေတာ့ အလုပ္သမားေတြကို ေပးသင့္တဲ့ဟာကို ေပးေခ်မယ္” လို႔ ေဒၚ၀င္းသိဂီႎစိုးက ေျပာပါတယ္။

ကိုဗစ္ေရာဂါေၾကာင့္ ၿပီးခဲ့သည့္လမ်ားက စက္႐ုံအမ်ားစုသည့္ ပိတ္ထားရေသာ္လည္း လက္ရွိ စက္မႈဇုံမ်ား ျဖစ္သည့္ လႈိင္သာယာ၊ ေရႊျပည္သာ၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္း၊ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္း၊ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းရွိ စက္႐ုံအမ်ားစုသည္ လုပ္ငန္းမ်ား ျပန္လည္ဖြင့္လွစ္မႈမ်ားရွိေနေၾကာင္း ၎က ဆိုပါတယ္။

“ရန္ကုန္မွာဆိုရင္ေတာ့ လႈိင္သာယာစက္မႈဇုန္၊ ေ႐ႊျပည္သာစက္မႈဇုန္၊ စက္မႈဇုန္ေတာ္ေတာ္မ်ားမ်ားေတာ့ ဖြင့္ေနၿပီ၊ ပိတ္ထားတဲ့စက္႐ုံဆိုတာကေတာ့ ေတာ္ေတာ္ေလးနည္းေနပါတယ္၊ ရာခိုင္ႏႈန္းဆိုရင္ေတာင္မွ တစ္ရာဆိုရင္ ပိတ္တဲ့စက္႐ုံက ဆယ္ဂဏန္းေတာင္မရွိေတာ့ဘူး” လို႔ ေဒၚ၀င္းသိဂီႎစိုး ေျပာပါတယ္။
ျမန္မာႏိုင္ငံတြင္ ကိုဗစ္စတင္ျဖစ္ပြားသည့္ အခ်ိန္သည္ (၉) လနီးပါးအထိ႐ွိလာကာ စက္႐ုံမ်ားအေနျဖင့္ လုပ္ ငန္းခြင္အင္အားမ်ား ေလ်ာ့ခ်ျခင္းေၾကာင့္လဲ အလုပ္လက္မဲ့လူဦးေရသည္လည္း ျမင့္တက္လ်က္ရွိေၾကာင္း အလုပ္သမားသမဂၢမ်ားထံက သိရပါတယ္။

#PeopleMedia #အလုပ္သမားအေရး

(unicode)
စက်ရုံပိုင်ရှင် တရုတ်အမျိုးသမီးထွက်ပြေးသဖြင့် စက်ရုံအား အစိုးရမှ ချိတ်ပိတ်၊ စက်ရုံရှိပစ္စည်းများအား ရောင်း ချကာ အလုပ်သမားများကို လစာပေးမည်
…………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အလုပ်သမားများကို လုပ်ခလစာ ပေးချေခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် တရုတ်နိုင်ငံသား အမျိုးသမီး ပိုင်ဆိုင်သည့် လှိုင်သာယာမြို့နယ်၊ အာနန်စက်ရုံမှ စက်ပစ္စည်းများကို ရောင်းချကာ အလုပ်သမားများ လစာ ပေးချေသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-IWFM မှ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းသိဂီိံစိုးက ပြောပါတယ်။

အလုပ်သမား ၄၀၀ ကျော်ရှိသည့် အဆိုပါစက်ရုံသည် မူလက ကိုဗစ်စည်းကမ်းချက်ကြောင့် စက်ရုံအား ပိတ် ထားခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ယင်းစက်ရုံအား ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လုပ်ခလစာအား ပေးချေရမည့်ရက်တွင် စက်ရုံအား ဖွင့်လှစ်မရှိဘဲ စက်ရုံအား ပိတ်သိမ်းကာ ထွက်ပြေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

“စက်ရုံကို အစိုးရက ချိတ်ပိတ်လိုက်တယ်၊ လက်တလော စက်ရုံထဲမှာရှိတဲ့ ပစ္စည်းစာရင်းတွေကို ကောက်တယ်၊ ပြီးရင်လေလံတင်မယ်ပေါ့၊ ပြီးရင် ရောင်းချပြီးတော့ အလုပ်သမားတွေကို ပေးသင့်တဲ့ဟာကို ပေးချေမယ်” လို့ ဒေါ်ဝင်းသိဂီိံစိုးက ပြောပါတယ်။

ကိုဗစ်ရောဂါကြောင့် ပြီးခဲ့သည့်လများက စက်ရုံအများစုသည့် ပိတ်ထားရသော်လည်း လက်ရှိ စက်မှုဇုံများ ဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ စက်ရုံအများစုသည် လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်မှုများရှိနေကြောင်း ၎င်းက ဆိုပါတယ်။

“ရန်ကုန်မှာဆိုရင်တော့ လှိုင်သာယာစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်၊ စက်မှုဇုန်တော်တော်များများတော့ ဖွင့်နေပြီ၊ ပိတ်ထားတဲ့စက်ရုံဆိုတာကတော့ တော်တော်လေးနည်းနေပါတယ်၊ ရာခိုင်နှုန်းဆိုရင်တောင်မှ တစ်ရာဆိုရင် ပိတ်တဲ့စက်ရုံက ဆယ်ဂဏန်းတောင်မရှိတော့ဘူး” လို့ ဒေါ်ဝင်းသိဂီိံစိုး ပြောပါတယ်။
မြန်မာနိုင်ငံတွင် ကိုဗစ်စတင်ဖြစ်ပွားသည့် အချိန်သည် (၉) လနီးပါးအထိရှိလာကာ စက်ရုံများအနေဖြင့် လုပ် ငန်းခွင်အင်အားများ လျော့ချခြင်းကြောင့်လဲ အလုပ်လက်မဲ့လူဦးရေသည်လည်း မြင့်တက်လျက်ရှိကြောင်း အလုပ်သမားသမဂ္ဂများထံက သိရပါတယ်။

#PeopleMedia #အလုပ်သမားအရေး


Share this post