• Follow Us on
Latest News

Home စင်္ကာပူက လော့ဟိမာတင်ကုမ္ပဏီက F-35B ဂျက်တိုက်လေယာဉ် နောက်ထပ် ၈ စင်း ဝယ်ယူဖို့ဆုံးဖြတ်

စင်္ကာပူက လော့ဟိမာတင်ကုမ္ပဏီက F-35B ဂျက်တိုက်လေယာဉ် နောက်ထပ် ၈ စင်း ဝယ်ယူဖို့ဆုံးဖြတ်

Share this post

နိုင်ငံတကာ၊ မတ် ၂

 

စင်္ကာပူကာကွယ်ရေးဝန်ကြီးဌာနဟာ အမေရိကန်လော့ဟိမာတင်ကုမ္ပဏီထံက F-35B Lightning II ဂျက်တိုက် လေယာဉ် နောက်ထပ် ၈ စင်း ဝယ်ယူဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

 

၂၀၂၀ ပြည့်နှစ်တုန်းက ဒေါ်လာ ၂.၇၅ ဘီလျံတန်ကြေးရှိ F-35B ဂျက်တိုက်လေယာဉ် ၁၂ စင်း ဝယ်ယူဖို့ စာ ချုပ်ချုပ်ဆိုလိုက်ပြီးနောက်မှာ အခုလို ၈ စင်း ထပ်မံဝယ်ယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

 

စင်္ကာပူအစိုးရအနေနဲ့ F-35 ဂျက်တိုက်လေယာဉ်တွေကို သီးသန့်ဝယ်ယူခွင့်ရရှိတဲ့အတွက် အခုလို နောက်ထပ် ၈ စင်းဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အဲဒီရရှိနိုင်တဲ့အခွင့်အရေးတွေထဲမှာ F-35B ရဲ့ သတင်းအချက်အလက်တွေနဲ့ လိုအပ်တဲ့ဆက်စပ်ပစ္စည်း အသုံး ပြုခွင့် အကုန်ပါဝင်ပြီး အဲဒီအခွင့်အလမ်းကို စင်္ကာပူတော်ဝင်လေတပ်၊ စင်္ကာပူကာကွယ်ရေးသိပ္ပံနဲ့ နည်းပညာအ ဖွ့ဲ DSTA ကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီသတင်းအချက်အလက်တွေက စင်္ကာပူလေတပ်က လေသူရဲတွေကို သဏ္ဍန်တူ F-35 ဂျက်တိုက်လေယာဉ် တွေကို ကိုင်တွယ်မောင်းနှင်ခွင့်ပြုလိုက်တာဖြစ်သလို အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တွေအပါအဝင် အတွေ့အကြုံ ပိုမိုရင့်ကျက်တဲ့ F-35 လေသူရဲတွေနဲ့လည်း အသိပညာဖလှယ်နိုင်ဖို့ အခွင့်အရေးရရှိမှာဖြစ်ပါတယ်။

 

“နည်းပညာပိုင်းဆိုင်ရာနဲ့ အင်ဂျင်နီယာပညာပိုင်းဆိုင်ရာကိစ္စရပ်တွေကို ဆန်းစစ်အကဲဖြတ်နေတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအစိုးရနဲ့ရော လော့ဟိမာတင်ကုမ္ပဏီနဲ့ပါ အတူလက်တွဲပြီး ဒီလေယာဉ်ရဲ့ စွမ်းဆောင် ရည်တွေကို တိတိကျကျသိရအောင် ကျွန်တော်တို့ လေ့လာစိစစ်နေတာဖြစ်ပါတယ်။” လို့ စင်္ကာပူတော်ဝင်လေ တပ် လေကြောင်းစီမံချက်ဦးစီးဌာနအကြီးအကဲ ဗိုလ်မှူးကြီး ဒက်ဆန်ယပ်က ပြောပါတယ်။

 

၂၀၂၂ ခုနှစ်မှာ သြစတေးလျမှာကျင်းပခဲ့တဲ့ လေကြောင်းတိုက်ခိုက်ရေးစစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်နေစဉ် F-35 ဂျက်တိုက်လေယာဉ်တွေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ ပိုမိုသိရှိခွင့်ရဖို့အတွက် စင်္ကာပူလေ တပ်ဟာ F-35 ဂျက်တိုက်လေယာဉ်တွေနဲ့ ဘေးချင်းကပ်ယှဉ်တွဲပြီး ပျံသန်းလေ့ကျင့်ခဲ့ပါတယ်။

 

“အဲဒီလေ့ကျင့်ပျံသန်းမှုအတွေ့အကြုံတွေကြောင့် စင်္ကာပူလေတပ်နဲ့ စင်္ကာပူကာကွယ်ရေးသိပ္ပံနဲ့ နည်းပညာအ ဖွ့ဲဟာ F-35 ဂျက်တိုက်လေယာဉ်တွေရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာစွမ်းရည်တွေနဲ့ စင်္ကာပူတပ်မတော်ရဲ့တိုက် ခိုက်ရေးစနစ်တွေနဲ့ ပေါင်းစပ်ခွင့်စွမ်းရည်တွေကို လေ့လာသိရှိခွင့်ရခဲ့ပါတယ်။” လို့ DSTA လေကြောင်းစနစ်ညွှန် ကြားရေးမှူး အန်းဂျာမန်က ပြောပါတယ်။

 

“ဒီအတွေ့အကြံအချက်အလက်အားလုံးက F-35B ဂျက်တိုက်လေယာဉ်တွေနဲ့ပတ်သက်ပြီး တန်ဖိုးရှိတဲ့ အသိအ မြင်တွေပေးစွမ်းနိုင်ပါတယ်။ စင်္ကာပူကာကွယ်ရေးဝန်ကြီးဌာနနဲ့ စင်္ကာပူလေတပ်ဟာ လက်ရှိအချိန်မှာရော အနာ ဂတ်ကာလအတွက်ရော ကျွန်တော်တို့ကာကွယ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် F-35 ဂျက် တိုက်လေယာဉ်ဟာ အကောင်းဆုံးရွေးချယ်မှုပဲလို့ ဆုံးဖြတ်ခဲ့ပါတယ်။” လို့ စင်္ကာပူကာကွယ်ရေးဝန်ကြီး အန်ဂျီ အန်ဟန်က ပြောပါတယ်။

 

စင်္ကာပူနိုင်ငံကို F-35B ဂျက်တိုက်လေယာဉ်တွေ ရောက်ရှိလာတာနဲ့ စင်္ကာပူလေတပ်မှာ လက်ရှိအသုံးပြုနေတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေနေရာမှာ အဲဒီ F-35B တွေကို အစားထိုးသွားမှာဖြစ်ပါတယ်။

 

စင်္ကာပူနိုင်ငံက F-16 ဂျက်တိုက်လေယာဉ်တွေဟာ ၁၉၉၈ ခုနှစ်မှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် နှစ်လယ်လောက် မှာ အနားပေးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

 

Ref: Singapore to Purchase Eight Additional F-35B Fighters from Lockheed Martin

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Singapore to Purchase Eight Additional F-35B Fighters from Lockheed Martin

 

#PeopleMedia


Share this post