• Follow Us on

Home စကၤာပူႏိုင္ငံအေျခစိုက္ GovInsider Magazine က ေပးအပ္သည့္ Rising Star Award မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီရရွိ

စကၤာပူႏိုင္ငံအေျခစိုက္ GovInsider Magazine က ေပးအပ္သည့္ Rising Star Award မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီရရွိ

Share this post

ေအာင္ေအာင္
 
မႏၲေလး၊ ေအာက္တိုဘာ ၁၆
 
အာဆီယံ ေဒသတြင္းရွိ အစိုးရမ်ား၏ ျပဳျပင္ေျပာင္းလဲ တီထြင္ ဆန္းသစ္မႈမ်ားကို အစီရင္ခံေရးသားသည့္ စကၤာပူႏိုင္ငံအေျခစိုက္ GovInsider Magazine က ၂၀၁၉ခုႏွစ္အတြက္ ေပးအပ္သည့္ Rising Star Award ကို ေအာက္တိုဘာလ ၁၆ ရက္တြင္ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ရရွိေၾကာင္းသိရသည္။
 
အဆိုပါဆုကို International Panel of Judges မ်ား က အကဲျဖတ္ၿပီး ေရြးခ်ယ္ခဲ့ျခင္းျဖစ္ၿပီး ဆုေပးပြဲအခမ္းအနားကို ထိုင္းႏိုင္ငံ UN Conference Centre ၌ က်င္းပခဲ့ေၾကာင္းသိရသည္။
 
“ၿမိဳ႕သူ ၿမိဳ႕သားမ်ားရဲ႕ လူေနထိုင္မႈဘဝ ပိုမိုတိုးတက္ေကာင္းမြန္ေစရန္ ျပဳျပင္ေျပာင္းလဲမႈမ်ားကို မ်က္ဝါးထင္ထင္ ေဆာင္ရြက္ႏိုင္ခဲ့ေသာ အစိုးရ/ဌာနဆိုင္ရာ အဖြဲ႕အစည္းမ်ားကို Rising Star Award ခ်ီးျမႇင့္ျခင္းျဖစ္ပါတယ္။ ဆုရရွိသည့္ အစိုးရအဖြဲ႕အစည္းမ်ားသည္ ဆန္းသစ္တီထြင္မႈမ်ား၊ ျပဳျပင္ေျပာင္းလဲမႈမ်ားကို ျပဳလုပ္ခဲ့ၾကလို႔ ဆုေပးအပ္တာပါ။”ဟု ၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္ကေျပာသည္။
 
ၿမိဳ႕ကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ေဆာင္ရြက္ရာတြင္ သမာ႐ိုးက်မဟုတ္သည့္ လမ္းေၾကာင္းသစ္၊ စနစ္သစ္မ်ားျဖင့္ အေကာင္ အထည္ေဖာ္ႏိုင္ျခင္းႏွင့္ဝန္ထမ္းမ်ား၊ ၿမိဳ႕သူၿမိဳ႕သားမ်ား၏ စိတ္ဓာတ္ရွင္သန္ႏိုးၾကားေစႏိုင္ေအာင္ ေဆာင္ရြက္ခဲ့ျခင္း တို႔ကိုအေျခခံ၍ ေရြးခ်ယ္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။
 
ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားကို ကိုကိုယ္တိုင္တက္ေရာက္ မယူႏိုင္ခဲ့ျခင္းေၾကာင့္ ေက်းဇူးတင္ဝမ္းေျမာက္ေၾကာင္းစကားကို video ဖိုင္ေပးပို႔ ေျပာၾကားခဲ့ရသည္ဟု ေဒါက္တာရဲလြင္ကဆိုသည္။
 
မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ အေနျဖင့္၂၀၁၈ နဲ႔ ၂၀၁၉ ခုႏွစ္အတြက္ Top 10 ASEAN Smart Cities မွာအမွတ္စဉ္ ၅တြင္ ရပ္တည္ေနျခင္း။ASEAN Public Toilet Award 2019-2021 ။၂၀၁၉ ခုႏွစ္ ျပည္သူ့ဂုဏ္ရည္ဆု။ASOCIO Smart City Award 2019 ဆုတို႔ကို ရရွိထားသည္။
 
မႏၲေလးၿမိဳ႕ေတာ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ အစြမ္းကုန္ ဆက္လက္လုပ္ေဆာင္သြားမည္ဟု ေဒါက္တာရဲလြင္ကဆိုသည္။
 
[Unicode]
 
စင်္ကာပူနိုင်ငံအခြေစိုက် GovInsider Magazine က ပေးအပ်သည့် Rising Star Award မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရရှိ
………………………………………………………………………………………………..
 
အောင်အောင်
မန္တလေး အောက်တိုဘာ ၁၆
 
အာဆီယံ ဒေသတွင်းရှိ အစိုးရများ၏ ပြုပြင်ပြောင်းလဲ တီထွင် ဆန်းသစ်မှုများကို အစီရင်ခံရေးသားသည့် စင်္ကာပူနိုင်ငံအခြေစိုက် GovInsider Magazine က ၂၀၁၉ခုနှစ်အတွက် ပေးအပ်သည့် Rising Star Award ကို အောက်တိုဘာလ ၁၆ ရက်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ရရှိကြောင်းသိရသည်။
 
အဆိုပါဆုကို International Panel of Judges များ က အကဲဖြတ်ပြီး ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို ထိုင်းနိုင်ငံ UN Conference Centre ၌ ကျင်းပခဲ့ကြောင်းသိရသည်။
 
“မြို့သူ မြို့သားများရဲ့ လူနေထိုင်မှုဘဝ ပိုမိုတိုးတက်ကောင်းမွန်စေရန် ပြုပြင်ပြောင်းလဲမှုများကို မျက်ဝါးထင်ထင် ဆောင်ရွက်နိုင်ခဲ့သော အစိုးရ/ဌာနဆိုင်ရာ အဖွဲ့အစည်းများကို Rising Star Award ချီးမြှင့်ခြင်းဖြစ်ပါတယ်။ ဆုရရှိသည့် အစိုးရအဖွဲ့အစည်းများသည် ဆန်းသစ်တီထွင်မှုများ၊ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့ကြလို့ ဆုပေးအပ်တာပါ။”ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။
 
မြို့ကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် သမာရိုးကျမဟုတ်သည့် လမ်းကြောင်းသစ်၊ စနစ်သစ်များဖြင့် အကောင် အထည်ဖော်နိုင်ခြင်းနှင့်ဝန်ထမ်းများ၊ မြို့သူမြို့သားများ၏ စိတ်ဓာတ်ရှင်သန်နိုးကြားစေနိုင်အောင် ဆောင်ရွက်ခဲ့ခြင်း တို့ကိုအခြေခံ၍ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
 
ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကိုကိုယ်တိုင်တက်ရောက် မယူနိုင်ခဲ့ခြင်းကြောင့် ကျေးဇူးတင်ဝမ်းမြောက်ကြောင်းစကားကို video ဖိုင်ပေးပို့ ပြောကြားခဲ့ရသည်ဟု ဒေါက်တာရဲလွင်ကဆိုသည်။
 
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့်၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်အတွက် Top 10 ASEAN Smart Cities မှာအမှတ်စဉ် ၅တွင် ရပ်တည်နေခြင်း။ASEAN Public Toilet Award 2019-2021 ။၂၀၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု။ASOCIO Smart City Award 2019 ဆုတို့ကို ရရှိထားသည်။
 
မန္တလေးမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာရေးကော်မတီအနေဖြင့် အစွမ်းကုန် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဒေါက်တာရဲလွင်ကဆိုသည်။

Share this post