• Follow Us on

Home စင္္ကာပူျမန္မာသံ႐ံုးတြင္ ျမန္မာႏိုင္ငံသားမ်ား ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္မဲေပး

စင္္ကာပူျမန္မာသံ႐ံုးတြင္ ျမန္မာႏိုင္ငံသားမ်ား ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္မဲေပး

Share this post

စင္ကာပူ၊ ေအာက္တိုဘာ ၁

ၾကာသပေတးေန႔မနက္ခင္းတြင္ စင္ကာပူ႐ွိျမန္မာသံ႐ံုးေ႐ွ႕တြင္ မဲဆႏၵ႐ွင္မ်ားတန္းစီေနၿပီး ႏို၀င္ဘာ ၈ ရက္တြင္ က်င္းပမည့္အေထြေထြေ႐ြးေကာက္ပြဲအတြက္ ႏိုင္ငံျခားတြင္မဲေပးမႈမ်ားစတင္ေနသည္။

တရား၀င္အခ်က္အလက္မ်ားမ႐ွိေသာ္လည္း စင္ကာပူတြင္ ျမန္မာႏိုင္ငံသား ၂ သိန္းခန္႔ေနထိုင္ၾကသည္ဟု ျမန္မာသံ႐ံုးကေျပာသည္။

မဲေပးရန္ ျမန္မာႏိုင္ငံသား ၃၄၀၀၀ ခန္႔စာရင္းေပးထားသည္ဟု ပထမအဆင့္ အတြင္း၀န္ ဦးရဲႏိုင္ခန္႔က ေျပာသည္။

သို႔ေသာ္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မ႐ွင္စာရင္းမ်ားအရ မဲေပးခြင့္႐ွိသူ ၃၂၀၀၀ သာ႐ွိသည္။

စင္ကာပူ႐ွိျမန္မာသံ႐ံုးက မဲေပးရန္ ၁၈ ရက္သတ္မွတ္ေပးထားသည္။

စင္ကာပူႏိုင္ငံ၏ COVID-19 စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ညီညြတ္ေစရန္ မဲေပးမည့္သူမ်ားကို အခ်ိန္အပိုင္းအျခား အလိုက္မဲလာေပးရန္ကတ္ျပားမ်ားထုတ္ေပးထားသည္။

သံ႐ံုးအေနျဖင့္ ၁၈ ရက္ၾကာ လံုၿခံဳေရးအဆင့္ျမွင့္တင္ထားၿပီး မဲပံုးမ်ားကိုေစာင့္ၾကည့္ရန္ လူမ်ားထပ္မံငွား ရမ္းျခင္းလည္းပါ၀င္သည္။

ယခုတစ္ပတ္မွစတင္ၿပီး ေတာင္ကိုရီးယား၊ ထိုင္၊ မေလး႐ွား၊ ၿဗိတိန္၊ အေမရိကန္၊ ၾသစေၾတးလ်၊ ဖိလစ္ပိုင္ႏွင့္ တ႐ုတ္ႏုိင္ငံတို႔အပါအ၀င္ ကမာၻတ၀န္း႐ွိျမန္မာသံ႐ံုးမ်ား၊ မစ္႐ွင္မ်ားႏွင့္ ေကာင္စစ္၀န္႐ံုးမ်ားတြင္ ႏိုင္ငံျခား ေရာက္ႏိုင္ငံသားမ်ားမဲေပးႏိုင္ရန္ ျပင္ဆင္ေနသည္။

ႏိုင္ငံျခားအတြက္ မဲလိပ္ ၁၀၁၅၂၆ ေပးပို႔ထားသည္ဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မ႐ွင္ကေျပာသည္ဟု ႏိုင္ငံပိုင္မီဒီယာကေဖာ္ျပသည္။

Ref : Overseas polling for Myanmar’s November election begins, embassy in Singapore first of 45 missions to conduct voting

#PeopleMedia

(Unicode)
စင််ကာပူမြန်မာသံရုံးတွင် မြန်မာနိုင်ငံသားများ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေး
…………………………………………

စင်ကာပူ၊ အောက်တိုဘာ ၁

ကြာသပတေးနေ့မနက်ခင်းတွင် စင်ကာပူရှိမြန်မာသံရုံးရှေ့တွင် မဲဆန္ဒရှင်များတန်းစီနေပြီး နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံခြားတွင်မဲပေးမှုများစတင်နေသည်။

တရားဝင်အချက်အလက်များမရှိသော်လည်း စင်ကာပူတွင် မြန်မာနိုင်ငံသား ၂ သိန်းခန့်နေထိုင်ကြသည်ဟု မြန်မာသံရုံးကပြောသည်။

မဲပေးရန် မြန်မာနိုင်ငံသား ၃၄၀၀၀ ခန့်စာရင်းပေးထားသည်ဟု ပထမအဆင့် အတွင်းဝန် ဦးရဲနိုင်ခန့်က ပြောသည်။

သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်စာရင်းများအရ မဲပေးခွင့်ရှိသူ ၃၂၀၀၀ သာရှိသည်။

စင်ကာပူရှိမြန်မာသံရုံးက မဲပေးရန် ၁၈ ရက်သတ်မှတ်ပေးထားသည်။

စင်ကာပူနိုင်ငံ၏ COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်ညီညွတ်စေရန် မဲပေးမည့်သူများကို အချိန်အပိုင်းအခြား အလိုက်မဲလာပေးရန်ကတ်ပြားများထုတ်ပေးထားသည်။

သံရုံးအနေဖြင့် ၁၈ ရက်ကြာ လုံခြုံရေးအဆင့်မြှင့်တင်ထားပြီး မဲပုံးများကိုစောင့်ကြည့်ရန် လူများထပ်မံငှား ရမ်းခြင်းလည်းပါဝင်သည်။

ယခုတစ်ပတ်မှစတင်ပြီး တောင်ကိုရီးယား၊ ထိုင်၊ မလေးရှား၊ ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့အပါအဝင် ကမ္ဘာတဝန်းရှိမြန်မာသံရုံးများ၊ မစ်ရှင်များနှင့် ကောင်စစ်ဝန်ရုံးများတွင် နိုင်ငံခြား ရောက်နိုင်ငံသားများမဲပေးနိုင်ရန် ပြင်ဆင်နေသည်။

နိုင်ငံခြားအတွက် မဲလိပ် ၁၀၁၅၂၆ ပေးပို့ထားသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောသည်ဟု နိုင်ငံပိုင်မီဒီယာကဖော်ပြသည်။

Ref : Overseas polling for Myanmar’s November election begins, embassy in Singapore first of 45 missions to conduct voting

#PeopleMedia


Share this post