• Follow Us on
Latest News

Home စစ်ကိုင်းတိပိဋကဆရာတော်၏ ရဟန်းဖြစ်ခြင်း (၃၄) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သံဃာအပါး (၁၀၀၀) ကျော်ကို အရုဏ်ဆွမ်းကပ်

စစ်ကိုင်းတိပိဋကဆရာတော်၏ ရဟန်းဖြစ်ခြင်း (၃၄) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သံဃာအပါး (၁၀၀၀) ကျော်ကို အရုဏ်ဆွမ်းကပ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၅ (People Media)

 

ထိုင်းနိုင်ငံ၌ ဆေးဝါးကုသမှု ခံယူနေရသည့် စစ်ကိုင်းတိပိဋကဆရာတော်၏ ရဟန်းဖြစ်ခြင်း (၃၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျောင်း(၈)ကျောင်းမှ သံဃာအပါး (၁၀၃၈)ပါးကို ၁၃၈၃ ခု၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီလ ၄ ရက်နေ့က အရုဏ်ဆွမ်းကပ်လှူဒါန်းခဲ့ကြောင်း ဆရာတော်နှင့် နီးစပ်သူများထံမှ သိရသည်။

 

အရုဏ်ဆွမ်းကပ်လှူဒါန်းခဲ့သည့် ကျောင်းများမှာ စစ်ကိုင်း၊ မဟာသုဗောဓာရုံ – ၃၆၇ ပါး၊ မုံရွာ၊ သဒ္ဓမ္မပဇ္ဇော တာရုံ  – ၂၄၀ ပါး၊ လှည်းကူး၊ ဓမ္မဝိနယစင်တာ – ၁၁၄ ပါး၊ ရွှေဘို၊ အောင်မြေ -၁၃၀ ပါး၊ မန္တလေး၊ အဝေရာ ရာမရန်ကင်း – ၆၅ ပါး၊ မုံရွာ၊ သဒ္ဓမ္မဇောတကသုဗောဓာရုံ – ၆၁ ပါး၊ ရန်ကုန်၊ သဒ္ဓမ္မမာနိတာရုံ – ၃၇ ပါးနှင့် ကျောင်းကုန်း၊ ဒက္ခိဏာရာမ – ၃၆ ပါး စုစုပေါင်း သံဃာအပါး ၁၀၃၈ ပါးကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

#PeopleMedia #သာသနာရေး

 

(unicode)


……………………………………………………………

 


 


 


 



Share this post