• Follow Us on

Home စစ်ကိုင်းတိပိဋကဆရာတော် ဆေးကုသရန် ဒီဇင်ဘာ ၁၆ ရက် တစ်ရက်ထဲ လှူဒါန်းငွေကျပ် ကျပ်သိန်း (၂၃၀၀) ဝန်းကျင်ရရှိခဲ့

စစ်ကိုင်းတိပိဋကဆရာတော် ဆေးကုသရန် ဒီဇင်ဘာ ၁၆ ရက် တစ်ရက်ထဲ လှူဒါန်းငွေကျပ် ကျပ်သိန်း (၂၃၀၀) ဝန်းကျင်ရရှိခဲ့

Share this post

စစ်ကိုင်း၊ ဒီဇင်ဘာ ၁၇ (People Media)

 

ထိုင်းနိုင်ငံ၌ ဆေးကုသမှုခံယူနေရသည့် စစ်ကိုင်းတိပိဋကဆရာတော် ဘဒ္ဒန္တအဘိဇာတာ ဘိဝံသအတွက် ဆရာတော်ကြီးများအပါအဝင် အနယ်နယ်အရပ်ရပ်မှ လှူဒါန်းမှုသည်  ဒီဇင်ဘာလ (၁၆) ရက်နေ့ တစ်ရက် တည်း ငွေကျပ် သိန်း (၂၂၉၇) ရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကိုင်းတိပိဋကဆရာတော် ဆေးကုသရန်အတွက် စုစုပေါင်း သိန်းတစ်သောင်းကျော်ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး၊ စစ်ကိုင်းတိပိဋကဆရာတော် ကျန်းမာရေး လှူဒါန်းငွေ ကောက်ခံရရှိမှုမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း လှူဒါန်းငွေ သိန်း(၅၀၀၀)ကျော် ရရှိခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့တွင် လှူဒါန်းငွေ ကျပ် (၂၂၉၇) သိန်း ရရှိခဲ့ကြောင်း သိရသည်။

 

“အခုဆရာတော်ရဲ့ ကျန်းမာရေးက စိုးရိမ်စရာမရှိတာတော့ မဟုတ်ဘူး။ ကုသမှုအစိတ်အပိုင်း မရောက်သေး ဘူးပေါ့။ အခုလောလောဆယ် ကောင်းနေပါတယ်” ဟု မုံရွာမြို့ သဒ္ဓမ္မဇောကသုဗောဓာရုံ တိုက်အုပ်ဆရာတော် အရှင်စန္ဒာဝရက မိန့်သည်။

 

စစ်ကိုင်းတိပိဋကဆရာတော်သည် ချဉ်ဆီအစားထိုးကုသရန်အတွက် ပြီးခဲ့သည့် နိုဝင်ဘာလ (၂၈) ရက်၌ ဆေးကုသမှုခံယူရန်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ကြွရောက်သွားခဲ့ပြီး ဆေးဝါးကုသခံယူနေ လျက်ရှိကြောင်း သိရသည်။

 

စစ်ကိုင်းတိပိဋကဆရာတော်သည် ဓမ္မာစရိယ (၁၀) ဘွဲ့၊ ပါဠိပါရဂူ (၃) ဘွဲ့၊ ဝိဒူ (၅) ဘွဲ့၊ မဟာဝိဒူ (၅) ဘွဲ့၊ တိပိဋကဓရ၊ တိပိဋကကောဝိဒဘွဲ့နှင့် အခြား အစိုးရတိပိဋကဆိုင်ရာဘွဲ့များအပါအဝင် ဘွဲ့တံဆိပ်တော်(၄၇) ဘွဲ့တိတိကို ဆွတ်ခူးရရှိထားသည့် ဆရာတော်တစ်ပါးဖြစ်သည်။

 

လှူဒါန်းလိုသော ဒါယိကာ/မများအနေဖြင့် အောက်ဖော်ပြပါ ဖုန်းများသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

 

#PeopleMedia #စစ်ကိုင်းဆရာတော် #ကျန်းမာရေးအလှူတော်ငွေ

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 



Share this post