• Follow Us on

Home စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုရက်ပိုင်းအတွင်း ဝန်ထမ်းများ CDM ပြုလုပ်မှုနှင့် အုပ်ချုပ်ရေးမှူးများ တာဝန်မှ နှုတ် ထွက်မှုများလာ

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုရက်ပိုင်းအတွင်း ဝန်ထမ်းများ CDM ပြုလုပ်မှုနှင့် အုပ်ချုပ်ရေးမှူးများ တာဝန်မှ နှုတ် ထွက်မှုများလာ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂ (People Media)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုရက်ပိုင်း လုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်စဉ်များ၊ လက်လုပ်မိုင်းဖောက်ခွဲမှုဖြစ်စဉ်များ
များပြားလာသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း
ရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် တာဝန်မှ နှုတ်ထွက်မှုများလာကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဝန်ထမ်းများ CDM ပြုလုပ်မှုနှင့် အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်မှုသည် မြောင်မြို့နယ်တွင် အများဆုံးဖြစ်ပွားနေပြီး အခြားမြို့နယ်များဖြစ်သည့် ကလေး၊ ကနီ၊ ဝက်လက်၊ ယင်းမပင်၊ ချောင်းဦး၊ ထီးချိုင့်၊ မုံရွာ စသည့် မြို့နယ်များတွင် အများဆုံးဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“ရွာတိုင်းနီးပါးလိုလိုက နှုတ်ထွက်နေကျတာ ကျွန်တော် မုံရွာမှာဆိုရင် နေတိုင်းလိုလိုက နှုတ်ထွက်မှုတွေရှိနေတယ်” ဟု မုံရွာမြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါကဲ့သို့ ဝန်ထမ်းများ CDM ပြုလုပ်မှုနှင့် အုပ်ချုပ်ရေးမှူးများ တာဝန်မှ နှုတ်ထွက်မှုများလာခြင်းသည် ၎င်းတို့၏ အသက်အား အာမခံချက်မရှိသည့်အတွက် ဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် နှုတ်ထွက်မှုများလာခြင်းဖြစ်ကြောင်း သိရသည်။

“ဘယ်သူမဆို ကိုယ့်အသက်အာမခံရှိတော့မှ ဒီကျေးရွာအုပ်
ချုပ်ရေးမှူးအလုပ်ကို လုပ်မှာ အခုက ဘယ်သူကမှ အာမခံချက်မပေးဘူး ကိုယ့်အသက်အန္တရာယ် ကိုယ်ကြည့်ရှောင်နေရတယ်” နှုတ်ထွက်စာတင်ထားသည့် ဆတ်ကျကျေးကွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း အကြောင်းအမျိုးမျိုးကြောင့် CDM ပြုလုပ်သူများနှင့် တာဝန်မှ နှုတ်ထွက်သည့် နိုင်ငံဝန်ထမ်းနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်အရေအတွက်သည် ၄၀ နီးပါးအထိရှိလာ
ကြောင်း သိရသည်။

#PeopleMedia #စစ်ကိုင်း

(unicode)
…………………………………………










Share this post