• Follow Us on

Home စစ်ကိုင်းတိုင်းဒေသကြီး၌ အုပ်ချုပ်ရေးယန္တယား ပြန်လည် လည်ပတ်နိုင်ရန်နှင့် ဒေသတည်ငြိမ်ရေးအတွက် ရဲချုပ်ကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်နေ

စစ်ကိုင်းတိုင်းဒေသကြီး၌ အုပ်ချုပ်ရေးယန္တယား ပြန်လည် လည်ပတ်နိုင်ရန်နှင့် ဒေသတည်ငြိမ်ရေးအတွက် ရဲချုပ်ကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်နေ

Share this post

မုံရွာ၊ အောက်တိုဘာ ၄ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့/ရွာများ၌ အုပ်ချုပ်ရေးယန္တယား ပြန်လည်လည်ပတ်နိုင်ရန်နှင့် ဒေသ တည်ငြိမ်ရေးအတွက် ရဲချုပ်သန်းလှိုင် ဦးဆောင်ပြီး ကြီးကြပ်ဆောင်ရွက်နေတယ်လို့ စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့နှင့် နီးစပ်သူအချို့က People Media သို့ ပြောပါတယ်။

 

ရဲချုပ်သန်းလှိုင်သည် တပ်မတော်၌ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

 

လက်ရှိအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ မြို့နယ်များအပါအဝင် တိုင်းဒေသကြီး ရုံးစိုက်ရာ မုံရွာမြို့ပေါ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများသည် တာဝန်မှ နုတ်ထွက်မှု များပြား လာတယ်လို့ ဝန်ထမ်းအချို့ကလည်း ပြောပါတယ်။

 

အလားတူ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ မြောင်၊ ကန့်ဘလူအပါအဝင် မြို့နယ်များ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ် ကျေးအုပ်ချုပ်ရေးမှူးများသည် စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ တာဝန်မှ နုတ်ထွက်မှု များပြားလာ ခဲ့တာလည်း ဖြစ်ပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီးရှိ သံဃာတော်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ်မတော် သတင်းပေးဟု ယူဆခံရသူများ ရဲဝန်ထမ်းမိသားစုများသည် မကြာခဏ လုပ်ကြံသတ်ဖြတ်မှုခံနေရသော တိုင်း ဒေသကြီးတစ်ခုလည်း ဖြစ်ပါတယ်။

 

လက်ရှိအချိန်၌ န-မ-ခ တိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ် ဖြိုးသန့်ကို တာဝန်မှ ပြောင်းရွေ့ထားတယ်လို့ သတင်းများ ထွက်ပေါ်နေသော်လည်း People Media သတင်းဌာနမှ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

 

#PeopleMedia #နမခ #ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 



Share this post